Africa & Middle East
ဆောင်းရာသီကာလ ဂါဇာကမ်းမြောင်ဒေသ ပင်လယ်ကမ်းစပ်၌ မိုးကာတဲလေးဖြင့် ခက်ခဲစွာရှင်သန်နေရသော ဘဝ
ဂါဇာ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
အသက် ၃၅ နှစ်အရွယ် ပါလက်စတိုင်းသား Odai Olaiwa သည် ကလေး ၃ ယောက် ဖခင်ဖြစ်သည်။ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ် ထပ်မံဖြစ်ပွားပြီးနောက် ၎င်းနှင့် ၎င်း၏မိသားစုသည် ဂါဇာမြို့မှ စွန့်ခွာခဲ့ရပြီး နောက်ပိုင်းတွင် အကြိမ်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လွန်ခဲ့သောခြောက်လက ၎င်းတို့သည် Deir al Balah မြို့ သို့ပြောင်းရွေ့လာခဲ့ပြီး ပင်လယ်ကမ်းစပ်တွင် မိုးကာတဲထိုး၍ နေထိုင်ခဲ့ကြသည်။ ဤနေရာသည် နွေရာသီတွင် ပူပြင်းလှပြီး ဆောင်းရာသီမှာမူ အေးခဲလွန်းသလို အစာရေစာနှင့် အဝတ်အထည်များလည်း ပြတ်လပ်လျက်ရှိသည်။
လွန်ခဲ့သည့် သုံးရက်က ၎င်း၏ မိုးကာတဲထဲသို့ ပင်လယ်ရေများဝင်လာပြီး ၎င်းတို့ သယ်ဆောင်လာသောပစ္စည်းများ စိုရွှဲသွားခဲ့ရသည်။ ပြီးနောက် လေပြင်းတိုက်ခတ်မှုကြောင့် မိုးကာတဲမှာလည်း ပျက်စီးခဲ့ရသည်။ နေထိုင်ရန်နေရာသစ်ရှာမတွေ့မီ Olaiwa နှင့် ၎င်း၏မိသားစုသည် ဆွေမျိုးတစ်ဦး၏ မိုးကားတဲမှာပင် ခေတ္တ ငှားရမ်းနေထိုင်ခဲ့ရသည်။ Olaiwa သည် ပရဟိတမီးဖိုချောင်မှ ထောက်ပံ့သော အခမဲ့ အစားအစာဖြင့် ရှင်သန်နေထိုင်ရပေသည်။ ၎င်းအနေဖြင့် စစ်ပွဲ၏ နှိပ်စက်မှုဒဏ်ကို အပြည့်အဝခံစားခဲ့ရရာ စစ်ပွဲများအဆုံးသတ်ပြီး ဂါဇာမြို့သို့ ပြန်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
加沙地带:冬季海边帐篷里的苦难生活
加沙,2024年11月29日
巴勒斯坦人乌代·奥莱瓦今年35岁,是三个孩子的父亲。新一轮巴以冲突爆发后,他和家人被迫离开加沙城,之后多次流离失所。六个月前,他们流落到代尔拜拉赫,住在海边帐篷里。在这里,夏天酷热、冬天寒冷,缺衣少食。
三天前,海水涌入他的帐篷,打湿了随身物品,随后,狂风吹毁了帐篷。在找到新的栖身之所前,奥莱瓦和家人只能暂时借住在亲戚家的帐篷里。奥莱瓦依靠慈善厨房提供的免费食物生活。他说,战争让他饱受折磨,他希望战争结束后,他能再次回到加沙城。
图说:11月28日,在加沙地带中部城市代尔拜拉赫的海边,乌代·奥莱瓦(右一)和他的家人在临时帐篷里生活。新华社发(里泽克·阿卜杜勒贾瓦德摄)