Politics, Law & Military
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် -၂၀၂၃ ခုနှစ်အတွက် (၇၅)ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက် (၁/၁၂/၂၀၂၄ -MRTV)
-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို သတ္တမအကြိမ်ထားဝယ်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက် (၁/၁၂/၂၀၂၄ – MOI)
-ပဲခူးမြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနား ကျင်းပ (၁/၁၂/၂၀၂၄ – MOI)
-စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဈေးများအဆင့်မြှင့်တင် နေမှုလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး (၁/၁၂/၂၀၂၄ – MOI)
-ကယားပြည်နယ်ဝန်ကြီးချုပ် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းနှင့် ပြည်နယ် ပြည်သူ့ဆေးရုံကြီးသို့ ကြည့်ရှုစစ်ဆေး (၁/၁၂/၂၀၂၄ – MOI)
-ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ၁၁/၂၀၂၄ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ (၁/၁၂/၂၀၂၄ – MOI)
-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရား၌ စတီးလှေကားတပ်ဆင်ခြင်းနှင့် ထီးဖြူတော်(၂)လက် တပ်ဆင်ရန် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနား တက်ရောက် (၁/၁၂/၂၀၂၄ – MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွံတေးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး(၃၀/၁၁/၂၀၂၄ -MRTV)
-မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ “ချိုချို”စိန်ရွှေရတနာဆိုင်မှ ငွေကျပ် ၇၅၄ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအလေးချိန် ၁၃ ကျပ်သားခန့်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားနှစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ(၃၀/၁၁/၂၀၂၄ -MRTV)
-မဲခေါင်-လျန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကျင်းပ
(၃၀/၁၁/၂၀၂၄ -MRTV)
-(၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ် (၃ )ဦး စတင်ထွက်ခွာ (၃၀/၁၁/၂၀၂၄ -MRTV)