Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် တစ်ယောက်လျော့ လီဗာပူးလ်က ဖူဟမ်နှင့် သရေကျခဲ့ပြီး အာဆင်နယ်နှင့် အဲဗာတန်တို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်
ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့သည့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်- ၁၆ တွင် လီဗာပူးလ်အသင်းက ဖူဟမ်အသင်းအား အိမ်ကွင်း၌ ၂ ဂိုးစီ သရေကျခဲ့သော်လည်း ပွဲချိန် မိနစ် ၇၀ ကျော်တိုင်အောင် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရပြီးနောက် ပြသခဲ့သည့် ခြေစွမ်းကြောင့် နည်းပြအာနဲဆလော့အဖို့ စိတ်ကျေနပ်စရာ ဖြစ်ဖွယ်ရှိသည်။
ဖူဟမ်အသင်းမှ အန်ဒရေစ် ပါရဲယားက မြေမကျကန်ချက်ဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၆ မိနစ်အကြာတွင် နောက်ခံလူ အန်ဒီရောဘတ်ဆန် ထုတ်ပယ်ခံခဲ့ရသဖြင့် လီဗာပူးလ်အသင်း အခက်ကြုံခဲ့ရသည်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၂ မိနစ်အကြာတွင် ကိုဒီဂတ်ပိုက လီဗာပူးလ်အတွက် ချေပဂိုးသွင်းယူခဲ့သော်လည်း ဖူဟမ်အသင်းမှ ရိုဒရီဂို မူနစ်ဇ်က အန်တိုနီ ရော်ဘင်ဆန်၏ ဖန်တီးမှုမှတစ်ဆင့် ပွဲချိန် ၇၆ မိနစ်တွင် ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့သည်။
လီဗာပူးလ်အသင်းအတွက် ချေပဂိုးကိုမူ ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ဒီယိုဂို ဂျိုတာက ပွဲချိန် ၈၆ မိနစ်တွင် ဒါဝင်နူနက်ဇ် ခင်းပေးသည့် ဘောလုံးအား တည်တည်ငြိမ်ငြိမ်ဖြင့် ကန်သွင်းယူခဲ့သည်။
အာဆင်နယ်နှင့် အဲဗာတန်အသင်းတို့၏ ပွဲစဉ်တွင်လည်း အဲဗာတန်က အလွန်ကောင်းမွန်သော ခံစစ်ပိုင်း စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး အာဆင်နယ်ထံမှ သရေတစ်မှတ် ခွဲယူနိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အာဆင်နယ်က ဂိုးပေါက်ကန်သွင်းမှု ၁၃ ကြိမ်ရှိခဲ့ပြီး အဲဗာတန်က ၁ ကြိမ်သာ ရှိခဲ့သော်လည်း အဲဗာတန်၏ ခံစစ်ပိုင်းက အလွန်မာကျောခဲ့သလို ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ကလည်း လက်စွမ်းပြခဲ့သည့်အတွက် အာဆင်နယ်အသင်းအနေဖြင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပေ။
…..
— လာလီဂါတွင် ရီးရဲလ်အသင်း သရေရလဒ်သာ ရရှိခဲ့သဖြင့် အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရ
ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့သည့် လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က ရာယို ဗယ်လက်ကာနိုနှင့် ၃ ဂိုးစီ သရေကျခဲ့သည့်အတွက် အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။
အိမ်ရှင် ဗယ်လက်ကာနိုအသင်းမှ အူနိုင်းလိုပက်ဇ်နှင့် အဗ္ဗဒူ မူမင်တို့က ပွဲချိန် ၄ မိနစ်နှင့် ပွဲချိန် ၃၅ မိနစ်တို့တွင် ဦးဆောင်ဂိုးများ သွင်းယူခဲ့ပြီး ဖယ်ဒီ ဗယ်လ်ဗာဒီက အဝေးမှ အပြင်းကန်သွင်းကာ ရီးရဲလ်အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သလို ဂျုဒ်ဘယ်လင်ဟမ်ကလည်း ရိုဒရီဂို၏ ပေးပို့မှုမှတစ်ဆင့် ပထမပိုင်းမပြီးဆုံးမီတွင် ဒုတိယချေပဂိုး သွင်းယူခဲ့သည်။ ဘယ်လင်ဟမ်အနေဖြင့် ၈ ပွဲ၌ ၇ ဂိုး သွင်းယူထားနိုင်ခြင်းဖြစ်သည်။
ဒုတိယပိုင်း ပွဲစပြီး ၁၀ မိနစ်အကြာတွင် ရီးရဲလ်တိုက်စစ်ကစားသမား ရိုဒရီဂိုက ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း အီစီ ပါလာဇွန်က ပွဲချိန် ၆၃ မိနစ်တွင် ချေပဂိုးသွင်းယူခဲ့သဖြင့် ၃ ဂိုးစီ သရေကျခဲ့သည်။
…..
— ဘွန်ဒက်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်အသင်း ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့
ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်-၁၄ တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းအား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ၌ ဘွန်ဒက်စ်လီဂါတွင် ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့သည်။ (Xinhua)

………………………………………

(English Version)
10-man Liverpool settles with draw as Everton stands firm at Arsenal in Premier League
English Premier League leader Liverpool was held to a 2-2 draw at home to Fulham on Saturday, but coach Arne Slot could well be satisfied with a point after the personality his side showed after playing for over 70 minutes with a player less.
Andy Robertson was sent off just six minutes after Andreas Pereira had rifled a volley into the Liverpool net to leave his side with an uphill struggle.
Cody Gakpo pulled Liverpool back into the game two minutes after halftime, but Fulham retook the lead just 14 minutes from time when Rodrigo Muniz finished from Antonee Robinson’s second assist of the game.
Diogo Jota then celebrated his return from injury with Liverpool’s equalizer just four minutes from time with a cool finish after Darwin Nunez had set him up.
Everton produced an excellent defensive display to hang on for a point away to Arsenal, who had 13 shots to Everton’s one, but failed to find its way past a solid defense and an excellent Jordan Pickford.
…..
Real Madrid misses chance to go top of La Liga after Rayo thriller
Real Madrid missed the chance to go top of La Liga on Saturday night when they were held to a 3-3 draw in a thrilling match away to Rayo Vallecano.
The home side stunned Madrid in the fourth minute when Unai Lopez steered home a smartly placed shot and doubled their lead 10 minutes from halftime when Abdul Mumin outjumped the visiting defense to make it 2-0.
Fede Valverde pulled a goal back for Madrid three minutes later with a powerful shot from distance and Jude Bellingham leveled with his seventh goal in eight games before halftime following a pass from Rodrygo.
It looked to be over when Rodrygo then fired Madrid ahead 10 minutes after the break, but Isi Palazon made it 3-3 in the 63rd minute when he stuck out a foot to direct Florian Lejeune’s shot past Thibaut Courtois.
…..
Mainz upsets leader Bayern in Bundesliga
Bayern Munich dropped points in the title race and suffered their first defeat of the season as Lee Jae-Sung’s brace helped Mainz to a 2-1 win in the 14th round on Saturday.