Connect with us

Local

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ ၁၇၆ သန်း ကျော်ခွင့်ပြုခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဆောင်ရွက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇယားအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ၂၀၁၈ ခုနစ် ဇန်နဝါရီလ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၇၆သန်းကျော် ခွင့်ပြုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော သတင်းအရ သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၀၇သန်းကျော် ခွင့်ပြုခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ၂၀၁၇ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၈ခုနှစ် ဇန်နဝါရီလအတွင်း ခွင်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနှင့် လယ်ယာကဏ္ဍ စသည့်တို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117