Connect with us

Local

နိုင်ငံတော်၏ အထူးချေးငွေ အစီအစဉ်များနှင့်ပတ်သက်၍ အသိပေးကြေညာချက်ထုတ်ပြန်

နိုင်ငံတော်၏ အထူးချေးငွေ အစီအစဉ်များနှင့်ပတ်သက်၍ အသိပေးကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အထူးချေးငွေ အစီအစဉ်များနှင့်ပတ်သက်၍ အသိပေးကြေညာချက်အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ခဲ့သည်။

၎င်းအသိပေးကြေညာချက်ထဲတွင် နိုင်ငံတော်၏ အစီအစဉ်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ (SME)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာပြီး နိုင်ငံ့စီးပွားတိုးတက်လာစေရန် ရည်ရွယ်၍ အထူး ချေးငွေ အစီအစဉ်ဖြင့် ချေးငွေများ ထုတ်ချေးရန် စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်းပါရှိသည်။

ထို့ပြင် SMEလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ လည်း ကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ လည်းကောင်း ထုတ်ချေး မည်ဖြစ်ကြောင်း အများပြည်သူသို့ အသိပေးကြေညာထားပြီး ချေးငွေများ ကိုလည်း စတင်ထုတ်ချေးနေပြီ ဖြစ်ကြောင်းသိရသည်။

ချေးငွေရယူလိုသူ လုပ်ငန်းရှင်များသည် မိမိချေးယူလိုသည့် ချေးငွေ အမျိုးအစားအလိုက် မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)နှင့် ဘဏ်ခွဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)နှင့် ဘဏ်ခွဲများ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)နှင့် ဘဏ်ခွဲများသို့ ကိုယ်တိုင် တိုက်ရိုက်ဆက်သွယ် ၍ စုံစမ်းမေးမြန်း ဆောင်ရွက်ကြပါရန်နှင့် တစ်ဆင့်ခံပုဂ္ဂိုလ်များဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်း မပြုကြရန် အသိပေးကြေညာအပ်ပါသည်ဟူ၍ အသိပေးကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.