Connect with us

Asia

၃၈ ဦးမြောက် နီပေါ ဝန်ကြီးချုပ်သစ် အဖြစ် CPN-UML ဥက္ကဋ္ဌအား ရွေးချယ်တင်မြှောက်

၃၈ ဦးမြောက် နီပေါ ဝန်ကြီးချုပ်သစ် အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ခတ်ဂါ ပရာရှတ် အိုလီ (ဆင်ဟွာ)

ခတ္တမန္ဒူ ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ ကွန်မြူနစ်ပါတီ (Unified Marxist-Leninist)(CPN-UML) ဥက္ကဋ္ဌ ဖြစ်သူ ကေပီ အိုလီ ဟုလည်း လူသိများ သော ခတ်ဂါ ပရာရှတ် အိုလီအား နီပေါနိုင်ငံ၏ ၃၈ ဦးမြောက် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှှောက်လိုက် ပါသည်။

စက်တင်ဘာ ၂၀ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အား အတည်ပြုပြီးသည့်နောက် တစ်လ နီးပါးအကြာ အောက်တိုဘာလ ၁၁ ရက်၌ နီပေါနိုင်ငံ လွှတ်တော်က အိုလီအား ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ရာထူးအတွက် ရွေးကောက် တင်မြှောက်ရာတွင် ဥပဒေပြု လွှတ်တော်အမတ် ၅၈၇ ဦးအနက် ထောက်ခံမဲပေါင်း ၃၃၀ ဖြင့် အသက် ၆၃ နှစ်အရွယ် အိုလီသည် ဝန်ကြီးချုပ် နေရာအား အခိုင်အမာ ရရှိခဲ့ပြီး အိုလီ၏ ပြိုင်ဘက် နီပေါ ကွန်ဂရက် ပါတီ ဥက္ကဋ္ဌ ကွိုင်ရာလာ က ၂၄၉ မဲသာ ရရှိခဲ့သည်။

အိုလီသည် နီပေါနိုင်ငံ၏ တတိယ အကြီးဆုံး ဖြစ်သော UCPN-Maoist ပါတီ၊ စတုတ္ထ အကြီးဆုံး Rashtriya Prajatantra (Nepal) ပါတီ နှင့် လွှတ်တော် အတွင်းရှိ အခြား ပါတီငယ်လေးများ၏ ထောက်ခံမှုမဲများလည်း ရရှိခဲ့ခြင်း ဖြစ်သည်။

ကွန်မြူနစ်ပါတီ CPN-UML သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် တိုင်းပြု ပြည်ပြုလွှတ်တော်မှ ပေါ်ထွက်လာသော ဒုတိယ အကြီးဆုံး ပါတီလည်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117