Connect with us

Asia

ဆီးရီးယားရှိ အမေရိကန် နှင့် ရုရုားတို့၏ IS စစ်ဆင်ရေးများတွင် နှစ်နှစ်နိုင်ငံ အချင်းချင်း အနှောင့်အယှက် မဖြစ်စေရန် ရှောင်ရှားရေး ကိစ္စများအား ကယ်ရီ နှင့် လဗ်ရော့ဗ်တို့ ဆွေးနွေး

ဆီးရီးယားမြို့ရှိ ရွှေ့ပြောင်း ဒုက္ခသည်များ (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာ့ချ်လဗ်ရော့ဗ်တို့ အောက်တိုဘာလ ၈ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ဆီးရီးယားတွင် အမေရိကန် နှင့် ရုရုားနိုင်ငံ တို့မှ IS တို့အပေါ် လုပ်ဆောင်လျက် ရှိသော စစ်ဆင်ရေးများတွင် နှစ်နှစ်နိုင်ငံ အချင်းချင်း နားလည်မှု မလွဲမှားစေရေးနှင့် အနှောင့်အယှက် မဖြစ်စေရန် ရှောင်ရှားရေး ကိစ္စများအား ဆွေးနွေး ခဲ့ကြသည်။

ကယ်ရီ နှင့် လဗ်ရော့ဗ်တို့သည် စစ်ဆင်ရေးများတွင် နှစ်နှစ်နိုင်ငံ အချင်းချင်း အနှောင့်အယှက် မဖြစ်စေရန် ရှောင်ရှားရေး နှင့် မတော်တဆမှုနှင့် နားလည်မှု လွဲခြင်းများမှ ရှောင်ရှား နိုင်စေရေးတို့အတွက် အရေးပါသော နည်းဗျူဟာပိုင်း ဆိုင်ရာ ဆွေးနွေးမှုများ စသည့် ကိစ္စများ ဆွေနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

သို့သော် မိနစ် ၃၀ ခန့် ဖုန်းပြောဆိုခဲ့သော်လည်း နည်းဗျူဟာမြောက် အဆင့် မည်သည့် ဆုံးဖြတ်ချက်မှ မချမှတ်ခဲ့ကြောင်း ကာဘီက ဖြည့်စွက် ပြောသည်။

အထူးသဖြင့် ရုရှားတို့အနေဖြင့် IS၊ အယ်လ်ကိုင်းဒါး တို့နှင့် ပတ်သက်ခြင်း မရှိသော အခြား ပစ်မှတ်များသို့ တိုက်ခိုက်ခဲ့မှုများ နှင့် ပတ်သက်၍ အလေးအနက် စိုးရိမ်မှု ရှိကြောင်း ကယ်ရီက ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြား ခဲ့သေးသည်။

ရုရှားကမူ ဆီးရီးယား၌ ပြုလုပ်ခဲ့သော စစ်ဆင်ရေးသည် အကြမ်းဖက် ပစ်မှတ်ကိုသာ ဦးတည် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း အခိုင်အမာ ပြောဆို ခဲ့သည်။

၎င်းတို့ နှစ်ဦးသည် ဖုန်းပြောဆိုမှု အတွင်း ယူကရိန်းအရေးကိုလည်း ထည့်သွင်း ဆွေးနွေး ခဲ့သေးသည်။“ Minsk သဘောတူညီမှု တိုးမြှင့်ဖို့နဲ့ Minsk သဘောတူညီမှုကို အပြည့်အဝ အကောင်အထည် ဖော်နိုင်စေဖို့” ကယ်ရီမှ ဆွေးနွေးခဲ့ကြောင်း ကာဘီက ဆိုသည်။

ရုရှားစစ် သင်္ဘောတစ်စီး က ဆီးရီးယား ရှိ ပစ်မှတ်များအား ဦးတည် ပစ်လွှတ်ခဲ့သော ခရုစ်ဒုံးကျည်များ အီရန်တွင် ပျက်ကျခဲ့မှုနှင့် ပတ်သက်၍ ကာဘီက တစ်စုံတစ်ရာ အတည်ပြာကြားခြင်း မရှိခဲ့ပေ။ (Xinhua)