International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— စပိန်စူပါဖလားတွင် ရီးရဲလ်မက်ဒရစ်က မာလော့ကာကို အနိုင်ရရှိ၊ ဗိုလ်လုပွဲတွင် ရီးရဲလ်နှင့် ဘာစီလိုနာ ထိပ်တိုက်တွေ့ဆုံ
ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ဇန်နဝါရီ ၉ ရက် ညပိုင်း၌ ယှဥ်ပြိုင်ကစားခဲ့သည့် စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဥ်တွင် ရီးရဲလ်မက်ဒရစ်က မာလေ့ာကာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ရီးရဲလ်မက်ဒရစ်အနေဖြင့် ဇန်နဝါရီ ၁၂ ရက်၌ ဘာစီလိုနာအသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဂျုဒ်ဘယ်လင်ဟမ်က မာလော့ကာအသင်း၏ ကြံ့ကြံ့ခံ တုံ့ပြန်ကစားမှုကို ချေဖျက်ကာ ပွဲချိန် ၆၃ မိနစ်တွင် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ရိုဒရီဂို၏ ကန်သွင်းချက် တိုင်ထိ၍ထွက်လာစဥ် ဘယ်လင်ဟမ်က ပြိုင်ဘက်နောက်ခံလူများကြားမှ ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။
နာကျင်အချိန်ပို ၉၂ မိနစ်တွင် ရီးရဲလ်တောင်ပံကစားသမား ဘရာဟင် ဒီယက်ဇ်က ကီလီယန် အမ်ဘာပေထံ ထိုးပေးလိုက်သည့်ဘောလုံးကို မာလော့ကာနောက်ခံလူ မာတင် ဗာလီဂျန့် ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းယူမိသဖြင့် ရီးရဲလ်အသင်း ဒုတိယဦးဆောင်ဂိုး ရရှိခဲ့သလို ပွဲပြီးခါနီးတွင် ရိုဒရီဂိုက တတိယအနိုင်ဂိုး သွင်းယူခဲ့ကာ ၎င်း၏မွေးနေ့၌ သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့သည်။
…..
— အဲဗာတန်အသင်းက နည်းပြရှောင်ဒိုက်ချ်အား ရာထူးမှထုတ်ပယ်
ယခုဘောလုံးရာသီတွင် ရလဒ်ကောင်းများ ပြန်လည်ရရှိရန် ရည်မှန်းထားသည့်် အဲဗာတန်အသင်းအနေဖြင့် နည်းပြဖြစ်သူ ရှောင်ဒိုက်ချ်အား ရာထူးမှထုတ်ပယ်လိုက်ကြောင်း ဇန်နဝါရီ ၉ ရက်၌ ကြေညာခဲ့သည်။
“အဲဗာတန်အသင်းအနေနဲ့ ရှောင်ဒိုက်ကို စီနီယာအသင်းမန်နေဂျာအဖြစ်ကနေ ထုတ်ပယ်ကြောင်း အတည်ပြုပါတယ်။ အဲဒီထုတ်ပယ်မှုက ချက်ချင်းအသက်ဝင်မှာဖြစ်ပါတယ်” ဟု ကလပ်အသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၎င်း၏ လက်ထောက်များဖြစ်သည့် အီယန်ဝိုအန်၊ စတိဗ်စတုန်း၊ မာ့ခ်ဟောင်းဝပ်နှင့် ဘီလီမာဆာတို့မှာလည်း အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဲဗာတန်အသင်းမှာ ယခုဘောလုံးရာသီ၌ ခံစစ်ပိုင်းမာကျောသော်လည်း သွင်းဂိုးများရရှိရန် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲစဥ် ၁၉ ပွဲတွင် ၁၅ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
…..
— သရုပ်ပြတင်းနစ်ပွဲတွင် ဂျိုကိုဗစ်နှင့်အတူ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် တွဲဖက်ပါဝင်
တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်မှာ ဩစတြေးလျအိုးပင်းပြိုင်ပွဲမတိုင်မီ ဇန်နဝါရီ ၉ ရက် ညပိုင်းက မဲဘုန်းပါ့ခ်၌ ပြုလုပ်ခဲ့သည့် ရန်ပုံငွေ သရုပ်ပြတင်းနစ်ပွဲတွင် ဆားဘီးယား တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်နှင့်အတူ ပါဝင်ကစားခဲ့ကြောင်း သိရသည်။
အိုလံပစ်ရွှေတံဆိပ်ဆုရှင် လေးဦးပါဝင်သော အဆိုပါ သရုပ်ပြပွဲအား Rod Laver အားကစားကွင်း၌ ယှဥ်ပြိုင်ကစားခဲ့ပြီး ကျိန့်နှင့် ဂျိုကိုဗစ်တို့ အတွဲအဖက်က ဂျိုကိုဗစ်၏ နည်းပြသစ်ဖြစ်လာသည့် အန်ဒီမာရေးနှင့် ဗစ်တိုးရီးယား အဇာရန်ကာတို့ကို ၄-၃ ဖြင့် အနိုင်ရရှိခဲ့သည်။ ဩစတြေးလျအိုးပင်း ချန်ပီယံဆုကို ၁၀ ကြိမ် ဆွတ်ခူးထားသော ထိပ်တန်းတင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်က စီစဥ်ခဲ့သည့် “A Night With Novak” ရန်ပုံငွေရှာဖွေမှု အစီအစဥ်တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းသရုပ်ပြတင်းနစ်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
…..
— တရုတ်တင်းနစ်မယ် ဝေစီးကျား ဩစတြေးလျအိုးပင်း လက်ရည်စစ်ပွဲအောင်မြင်
တရုတ်တင်းနစ်မယ် ဝေစီးကျားမှာ ဩစတြေးလျအိုးပင်းပြိုင်ပွဲအတွက် တတိယမြောက်နှင့် နောက်ဆုံးအဆင့် လက်ရည်စစ်ပွဲ အောင်မြင်ပြီးနောက် ဂရင်းစလင်းပြိုင်ပွဲတစ်ခု၌ ပါဝင်ခွင့်ရရှိသွားပြီဖြစ်သည်။
၎င်းအနေဖြင့် ဇန်နဝါရီ ၉ ရက်၌ မဲဘုန်းပါ့ခ်၌ ၂ နာရီနှင့် ၅၂ မိနစ်ကြာ အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့သည့် အဆိုပါ လက်ရည်စစ်ပွဲတွင် တစ်ပွဲရှုံးနိမ့်နေရာမှ ပြိုင်ဘက်ဖြစ်သူ ဆားဘီးယားတင်းနစ်မယ် နီနာ စတိုဂျန်နိုဗစ်ကို ၄-၆၊ ၆-၄၊ ၇-၆ (၉) ဖြင့် အနိုင်ပြန်ယူခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………….
(English Version)
Real Madrid beats Mallorca to set up ‘Clasico’ Supercup final
Real Madrid will play FC Barcelona in Sunday’s final of the Spanish Supercup after beating Mallorca 3-0 in the second semifinal played in the Saudi Arabian city of Jeddah on Thursday.
Jude Bellingham broke down Mallorca’s rearguard action in the 63rd minute as he slid the ball through a forest of legs after Rodrygo hit the post with a diving header.
Mallorca defender Martin Valjent then deflected Brahim Diaz’s attempted through ball to Mbappe into his own net in the second minute of injury time and in virtually the last action of the game, Rodrygo got a goal to celebrate his birthday and make it 3-0.
…..
Everton sacks coach Dyche
Everton announced on Thursday that it has sacked coach Sean Dyche as it looks to turn its season around.
“Everton football club can confirm that Sean Dyche has been relieved of his duties as senior men’s first team manager with immediate effect,” confirmed the club in a statement, which said Dyche’s assistants, Ian Woan, Steve Stone, Mark Howard and Billy Mercer have also departed.
Although Everton has been solid in defense this campaign, it has struggled to score goals, netting just 15 times in 19 league games.
…..
China’s Zheng teams up with Djokovic for charity exhibition match
China’s Zheng Qinwen joined Novak Djokovic for a charity exhibition match at Melbourne Park on Thursday night ahead of the Australian Open.
Zheng and Djokovic beat Andy Murray, Djokovic’s new coach, and Victoria Azarenka 4-3 in a single set Fast4 format match featuring four Olympic gold medalists at Rod Laver Arena. The match was part of “A Night With Novak” — a charity event organized by the 10-time Australian Open champion.
…..
China’s Wei qualifies for Australian Open with breakthrough win
China’s Wei Sijia has reached the main draw at a grand slam tournament for the first time after winning her third and final qualifying match for the Australian Open.
Wei came back from a set down to beat Serbia’s Nina Stojanovic 4-6, 6-4, 7-6(9) in a two-hour and 52-minute epic at Melbourne Park on Thursday.