Connect with us

Environment, Disasters & Accidents

မြိတ်ကျွန်းစုကို အဏ္ဏဝါ ဗေဒဘေးမဲ့ဇုန် သတ်မှတ်နိုင်ရန် နိုင်ငံတကာ တိရစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေး အဖွဲ့က ဆောင်ရွက်လျက်ရှိ

မြိတ်ကျွန်းစု မြင်ကွင်း (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

မြိတ်ကျွန်းစုကို အဏ္ဏဝါ ဗေဒဘေးမဲ့ဇုန် သတ်မှတ်နိုင်ရန် ကမ်းရိုးတန်း တစ်လျှောက်ရှိ သန္တာကျောက်တန်းများ နှင့် ရေသတ္တဝါ မျိုးစိတ်များကို နိုင်ငံတကာ တိရစ္ဆာန်နှင့်အပင် ထိန်းသိမ်းရေး အဖွဲ့မှ ထိန်းသိမ်း စောင့်ရှောက်မှု များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မြိတ်ကျွန်းစု၌ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ငါးမန်းနှင့် ရေအောက် ဇီဝ မျိုးစိတ်များကို သုတေသန လုပ်ငန်းများ ပြုလုပ်ခဲ့ပြီး သုတေသန ပြုရာတွင် ငါးမန်း ငါးမျိုးစိတ်များ ကျန်ရှိမှု အခြေအနေ၊ ရာခိုင်နှုန်းနှင့် နေထိုင် ကျက်စားရာ ဒေသတို့ကို လေ့လာကာ ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ငါးမန်း မျိုးစိတ် ၄၀ ကျော် ရှိပြီး တရားမဝင် ဖမ်းဆီးမှုကြောင့် မျိုးစိတ် တချို့ ပျောက်ကွယ်ခဲ သဖြင့် ငါးမန်းနှင့် ရေအောက် ဇီဝ မျိုးစုံ မျိုးကွဲများ သုတေသန ပြုမှုကို သားငှက် ထိန်းသိမ်းရေး အဖွဲ့နှင့် နိုင်ငံတကာမှ အဏ္ဏဝါ ဗေဒ ပညာရှင်များ၊ ပြည်တွင်း တက္ကသိုလ်များမှ ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြပြီး ရေဝက်၊ ရေနဂါးနှင့် ပင်လယ်မြက် တို့ကိုလည်း ထိန်းသိမ်း စောင့်ရှောက် နိုင်ရန် နိုင်ငံတကာ တိရစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေး အဖွဲ့မှ စီစဉ် နေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117