Connect with us

Africa & Middle East

ပြင်သစ်နိုင်ငံ သမ္မတက လက်ဘနွန်စစ်တပ်ကို ပံ့ပိုးကူညီပေးမည်ဟု ပြောကြား

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့အနီးရှိ Baabda နန်းတော်တွင် ဇန်နဝါရီ ၁၇ ရက်က လက်ဘနွန်နိုင်ငံ သမ္မတ Joseph Aoun (အနောက်၊ ယာဘက်)နှင့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် (အနောက်၊ ဝဲဘက်) တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံအနေဖြင့် လက်ဘနွန်စစ်တပ်ကို ပံ့ပိုးကူညီပေးမည်ဟု လက်ဘနွန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
လေ့ကျင့်ရေးစင်တာအသစ်တစ်ခု တည်ဆောက်ပြီး လက်ဘနွန်စစ်သည် အယောက် ၅၀၀ ကို နှစ်စဉ် လေ့ကျင့်ပေးမည်ဖြစ်ကြောင်း မက်ခရွန်က လက်ဘနွန်နိုင်ငံ သမ္မတ Joseph Aoun နှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ လက်ဘနွန်နိုင်ငံအနေဖြင့် တစ်နိုင်ငံလုံး ထိရောက်စွာ ထိန်းချုပ်နိုင်ရေးကို အကောင်အထည်ဖော်ရာတွင် ပြင်သစ်နိုင်ငံက ကြိုးပမ်းကူညီပေးမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း လက်ဘနွန်၏ ကဏ္ဍအများအပြား၌ ပံ့ပိုးကူညီရန် စည်းရုံးကာ လက်ဘနွန်နိုင်ငံ ဘက်စုံ ပြန်လည်ရှင်သန်ရေးနှင့် ရေရှည်တည်ငြိမ်ရေးရရှိရန် ကူညီမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Joseph Aoun က မက်ခရွန်၏ လာရောက်လည်ပတ်မှုနှင့် လက်ဘနွန်စစ်တပ်အတွက် ပံ့ပိုးကူညီမှုအပေါ် ကြိုဆိုကြောင်းနှင့် “စစ်မှန်သော လက်ဘနွန် ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး” နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လက်ဘနွန်နိုင်ငံအပေါ် ပြန်လည် ယုံကြည်မှု ရှိသင့်ကြောင်း ပြောကြားခဲ့သည်။
ယခုလ ၉ ရက် လက်ဘနွန်လွှတ်တော်ရွေးကောက်ပွဲတွင် Joseph Aoun ကို ၁၄ ကြိမ်မြောက် သမ္မတ အဖြစ် ခန့်အပ်ခဲ့ကြောင်း၊ ယခုအကြိမ် ရွေးကောက်ပွဲက လက်ဘနွန် သမ္မတ ရာထူး လစ်လပ်နေသော ၂နှစ်ကျော် နိုင်ငံရေး လေဟာနယ် အခြေအနေကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………….
(Chinese Version)
法国总统表示将对黎巴嫩军队提供支持
新华社贝鲁特1月17日电(记者谢昊)正在黎巴嫩访问的法国总统马克龙17日表示,法国将对黎巴嫩军队提供支持。
马克龙当天在与黎巴嫩总统奥恩的联合新闻发布会上宣布,计划建立一个新的训练中心,每年为500名黎巴嫩士兵提供培训。他表示,法国将致力于帮助黎巴嫩实现对全境的有效控制,并动员国际社会在多个领域为黎巴嫩提供援助,帮助黎巴嫩实现全面复苏和长期稳定。
奥恩对马克龙的到访及其对黎巴嫩军队的支持表示欢迎,并表示国际社会应恢复对黎巴嫩的信心,“真正的黎巴嫩已经回归”。
本月9日,黎巴嫩议会投票选举奥恩为第14任总统。此次选举结束了黎巴嫩总统职位空缺两年多的政治真空局面。(完)
图说1:1月17日,在黎巴嫩贝鲁特附近的巴卜达宫,黎巴嫩总统奥恩(后右)与法国总统马克龙(后左)出席联合新闻发布会。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.