North America
အမေရိကန်နိုင်ငံ တောင်ပိုင်းတွင် မကြုံစဖူး ဆောင်းရာသီမုန်တိုင်း ကျရောက်မှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး
မကြုံစဖူးဖြစ်သည့် ဆောင်းရာသီမုန်တိုင်း အန်ဇိုသည် အမေရိကန်နိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ပင်လယ်ကွေ့ ကမ်းရိုးတန်းတစ်လျှောက်ရှိ ပုံမှန်အားဖြင့် ရာသီဥတုမပြင်းထန်သော ဒေသများတွင် စံချိန်တင် ဆီးနှင်းကျဆင်းမှုနှင့် အလွန်အေးခဲသော ရာသီဥတုတို့ ဖြစ်ပေါ်ခဲ့ရာ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းအထိ လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ကမ်းရိုးတန်းဒေသဖြစ်သော လူဝီစီယားနားပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် နယူးအော်လန်းမြို့တွင် ၁၉၄၈ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး ဆီးနှင်းကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်အတွင်း ဆီးနှင်းထု ၈ လက်မအထိ ကျဆင်းခဲ့ရာ ယခင်စံချိန်ဖြစ်သည့် ၂.၇ လက်မထက် များစွာကျော်လွန်ခဲ့ကြောင်း weather.com ၏ ဇန်နဝါရီ ၂၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အလာဘားမားပြည်နယ် မိုဘီလ်မြို့၊ ဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာမြို့ အပါအဝင် အခြားမြို့ကြီးများတွင်လည်း မကြုံဖူးလောက်သည်အထိ ဆီးနှင်းကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0Gl
…………………
(English Version)
At least 9 dead as rare winter storm hits southern U.S.
A rare winter storm, known as Enzo, has swept through the southern U.S. with record-breaking snow and bitterly cold weather to typically mild regions along the Gulf Coast, claiming at least nine lives as of Wednesday morning.
New Orleans, the biggest city in coastal state Louisiana, on Tuesday experienced its heaviest snowfall since 1948, with 8 inches falling in a single day, far surpassing the previous record of 2.7 inches, according to a report from the weather.com on Wednesday.
Several other major cities, including Mobile, Alabama, and Pensacola, Florida, also reported unprecedented snow totals. xhtxs.cn/0Gl
English Caption
Cars run amid a winter storm in Houston, Texas, the United States, Jan. 21, 2025. (Photo by Chen Chen/Xinhua)