Africa & Middle East
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ဒေသတွင် တောမီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွား၊ ဒေသနေပြည်သူပေါင်း ၁၈,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ခွာရန် သတိပေးချက် ရရှိခဲ့
လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း လော့စ်အိန်ဂျလိစ်ဒေသတွင် ဇန်နဝါရီ ၂၂ ရက်က တောမီးလောင်ကျွမ်းမှု အသစ်ထပ်မံဖြစ်ပွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် မီးလောင်ကျွမ်းမှုသည် လျင်မြန်စွာကူးစက်သွားကာ ၆ နာရီအတွင်း မီးလောင်ကျွမ်းမှုဧရိယာမှာ ၃၂ စတုရန်းကီလိုမီတာ ကျော်သွားပြီဖြစ်သည်။ မီးလောင်ကျွမ်းမှုအခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ဒေသနေပြည်သူ ၁၈,၀၀၀ ကျော်က ဘေးလွတ်ရာသို့ မဖြစ်မနေ ထွက်ခွာရန် သတိပေးချက် ရရှိခဲ့ကြောင်း သိရသည်။
“Hughes” အမည်ရ တောမီးသည် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး စတင်လောင်ကျွမ်းသည့်နေရာမှာ လော့စ်အိန်ဂျလိစ်ခရိုင် အနောက်မြောက်ပိုင်းရှိ Castic ရေကန်အနီးတစ်ဝိုက်ဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် သစ်တောလုပ်ငန်းနှင့် မီးသတ်ဦးစီးဌာန သတင်းအရ သိရသည်။ မုတ်သုံလေ “Santa Ana” ကြောင့် တောမီးသည် လျင်မြန်စွာ ပျံ့နှံ့သွားရာ မီးလောင်ကျွမ်းမှုအတိုင်းအတာအနေဖြင့် လော့စ်အိန်ဂျလိစ်ခရိုင်မှ ၎င်းကပ်လျက်ရှိ Ventura ခရိုင်အထိ ကူးစက်လောင်ကျွမ်းနေပြီဖြစ်သည်။
“Hughes” တောမီးလောင်ကျွမ်းသည့်ဒေသတွင် ဇန်နဝါရီ ၂၂ ရက်ညပိုင်းမှ ၂၃ ရက်အထိ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ခန့်ရှိနိုင်ကြောင်း အမေရိကန် အမျိုးသားမိုးလေဝသဌာန လော့စ်အိန်ဂျလိစ်ဌာနခွဲ၏ ခန့်မှန်းချက်အရ သိရသည်။ လေပြင်းကြောင့် တောမီးဖြစ်ပွားသည့် မီးခိုးငွေ့နှင့် ပြာများသည် လျင်မြန်ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့သည်။ လော့စ်အိန်ဂျလိစ်ဒေသ၏ “မီးဘေးအန္တရာယ်ရှိ ရာသီဥတု” သည် ဇန်နဝါရီ ၂၄ ရက်အထိ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ၎င်းအနက် ဇန်နဝါရီ ၂၃ ရက်တွင် အခြေအနေ အဆိုးရွားဆုံးဖြစ်သောကြောင့် အသစ်ထပ်မံလောင်ကျွမ်းသည့် မည်သည့်တောမီးမဆို လျင်မြန်စွာကူးစက်လောင်ကျွမ်းပြီး လုံးဝမထိန်းချုပ်နိုင်သည့် အခြေအနေဖြစ်သွားနိုင်သည်။
လက်ရှိတွင် လော့စ်အိန်ဂျလိစ်ဒေသတွင်း၌ ဆက်လက်လောင်ကျွမ်းနေဆဲ တောမီးများစွာ ရှိနေဆဲဖြစ်ပြီး ၎င်းအနက် ပမာဏအကြီးဆုံးဖြစ်သည့် “Palisades” နှင့် “Eaton” တောမီးနှစ်ခုကို ၆၈ ရာခိုင်နှုန်းနှင့် ၉၁ ရာခိုင်နှုန်းစီ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ တောမီးကြောင့် လူပေါင်း ၂၈ ဦး ထက်မနည်း သေဆုံးကာ အဆောက်အအုံ အရေအတွက်ပေါင်း တစ်သောင်းကျော် ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
美洛杉矶地区新山火快速蔓延 超1.8万居民接到撤离通知
新华社洛杉矶1月22日电(记者谭晶晶 黄恒)美国加利福尼亚州南部洛杉矶地区22日发生新的山火。火势在强风助推下快速蔓延,6小时内过火面积已超过32平方公里。火势尚未得到控制,当地有超过1.8万居民接到强制撤离通知。
据加州林业和消防局消息,一处名为“休斯”的山火当天上午11时许爆发,起火点为洛杉矶县西北部的卡斯泰克湖附近。山火在“圣安娜风”推动下迅速蔓延,火势范围已从洛杉矶县扩大至相邻的文图拉县。
美国国家气象局洛杉矶分站预报说,“休斯”山火发生的地区22日晚至23日的最大风速可能达到每小时约100公里。强风将使山火引起的浓厚烟雾和灰烬快速大范围扩散。洛杉矶地区的“危险火灾天气”将持续至24日,其中23日形势最为险峻,任何新发山火都可能迅速蔓延并完全失控。
目前,洛杉矶地区仍有多处山火持续燃烧,其中规模最大的“帕利塞兹”和“伊顿”两处山火控制率分别为68%和91%。山火已造成至少28人死亡,逾万座建筑被毁或受损。(完)
图说:1月11日,一架消防直升机在美国加利福尼亚州洛杉矶曼德维尔峡谷的山丘上洒水,以防止野火进一步蔓延。新华社发(邱晨摄)