Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အာဆင်နယ်က မန်စီးတီးကို ဂိုးပြတ်အနိုင်ယူ၊ မန်ချက်စတာယူနိုက်တက် ထပ်မံ ရှုံးပွဲကြုံတွေ့

ဖေဖော်ဝါရီ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်နှင့် မန်ချက်စတာစီးတီးအသင်းတို့၏ ပရီးမီးယားလိဂ် ပွဲစဉ်တွင် အာဆင်နယ်က ၅-၁ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပြီး လီဗာပူးလ်နှင့် ၆ မှတ် အကွာတွင် ဆက်လက်ရပ်တည်လျက်ရှိသည်။

ပက်ပ်ဂွါဒီယိုလာ၏ အသင်းမှာ နောက်တန်းမှ စတင်၍ ကစားကွက်ဖော်ရန် ကြိုးပမ်းရာတွင် ကြီးကြီးမားမား အမှားကျူးလွန်မိသဖြင့် အာဆင်နယ်အသင်းမှ မာတင် အိုဒီဂတ်က ပွဲချိန် ၂ မိနစ်တွင် အဖွင့်ဂိုးသွင်းယူခဲ့သည်။ အာဆင်နယ်က ပထမပိုင်းတွင် ပွဲကိုထိန်းချုပ်ထားသော်လည်း ရရှိလာသော အခွင့်အရေးများကို ဂိုးအဖြစ် ထပ်မံပြောင်းလဲနိုင်ခဲ့ခြင်းမရှိပေ။ ထိုစဉ် ပွဲချိန် ၅၅ မိနစ်တွင် အာလင် ဟာလန်းက ဆယ်ဗင်ညို၏ ‌တိကျသေသပ်သည့် ဖြတ်တင်ဘောမှတစ်ဆင့် မန်စီးတီးအတွက် ခေါင်းတိုက်၍ ချေပဂိုးသွင်းယူခဲ့သည်။ သို့သော် ၃၈ စက္ကန့်အကြာမှာပင် သောမတ်စ် ပါတေး၏ကန်ချက် လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားသဖြင့် အာဆင်နယ်အသင်း ဦးဆောင်ဂိုးပြန်လည်ရရှိခဲ့သည်။

ထို့နောက် အာဆင်နယ် လူငယ်နောက်ခံလူ မီလက်စ် လူးဝစ္စ စကယ်လီက ဘယ်ခြမ်းမှ အတွင်းသို့ချိုးဝင်ကာ ဝေ့ဝိုက်ကန်သွင်း၍လည်းကောင်း၊ ပွဲချိန် ၇၆ မိနစ်တွင် ကိုင်ဟားဗက်ဇ်ကလည်းကောင်း၊ နာကျင်အချိန်ပိုတွင် နောက်ထပ် လူငယ်ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်သူ အီသန် နွမ်နယ်ရီကလည်းကောင်း အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။

…..

— ဘွန်ဒက်စ်လီဂါတွင် လေဗာကူဆင်က ဟော့ဖန်ဟိမ်းကို အနိုင်ရရှိ

ဖေဖော်ဝါရီ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်- ၂၀ တွင် လက်ရှိချန်ပီယံ လေဗာကူဆင်က ဟော့ဖန်ဟိမ်းအား ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ဦးဆောင်သူ ဘိုင်ယန်မြူးနစ်အား ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။

အဆိုပါ ရလဒ်ကြောင့် လေဗာကူဆင်အသင်းက အဆင့်-၁ နေရာမှ ဘိုင်ယန်နှင့် ခြောက်မှတ်အကွာတွင် ရပ်တည်လျက်ရှိပြီး ဟော့ဖန်ဟိမ်းကမူ တန်းဆင်းဇုန် အန္တရာယ်နှင့် လက်တစ်ကမ်း၌ ရှိနေဆဲဖြစ်သည်။

…..

— မားကက်စ် ရက်ရှ်ဖို့ဒ်အား အငှားဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ဟု အက်စတွန်ဗီလာ အတည်ပြု

မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူး မားကက်စ် ရက်ရှ်ဖို့ဒ်အား ရာသီကုန်အထိ အငှားဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း အက်စတွန်ဗီလာအသင်းက ထုတ်ပြန်ကြေညာခဲ့သည်။

“ဒီအငှားသဘောတူညီချက် လက်တွေ့ဖြစ်လာတဲ့အတွက် မန်ချက်စတာ ယူနိုက်တက်ကိုရော အက်စတွန်ဗီလာအသင်းကိုပါ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဟု ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့သည်။ ၎င်းသည် ဘာစီလိုနာအသင်းနှင့်လည်း ချိတ်ဆက်မှုရှိခဲ့သူဖြစ်သည်။

“ကလပ်အသင်းတချို့က ကျွန်တော့်ကို ချဉ်းကပ်ခဲ့တဲ့အတွက် ကံကောင်းခဲ့ပေမဲ့ အက်စတွန်ဗီလာကို ပြောင်းဖို့က လွယ်ကူတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းရဲ့ ကစားပုံနဲ့ နည်းပြရဲ့ ရည်မှန်းချက်တွေကို တကယ့်ကို သဘောကျမိပါတယ်။ ကျွန်တော် ဘောလုံးကစားချင်နေပြီ ဖြစ်သလို စတင်ပွဲထွက်ခွင့်ရဖို့လည်း စိတ်လှုပ်ရှားနေပါတယ်” ဟု ၎င်းက ဆိုသည်။

“မန်ချက်စတာ ယူနိုက်တက်မှာရှိတဲ့သူအားလုံး လက်ကျန်ဘောလုံးရာသီမှာ အကောင်းဆုံးတွေ ရရှိပိုင်ဆိုင်နိုင်ဖို့လည်း ဆန္ဒပြုပါတယ်” ဟု ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့သည်။

…..

— ဝူဗာဟမ်တန် တိုက်စစ်မှူး မာသီးယပ်စ် ကူညာ အသင်းနှင့် စာချုပ်သစ်ချုပ်ဆို

ဝူဗာဟမ်တန်အသင်းမှ ဘရာဇီးတိုက်စစ်မှူး မာသီးယပ်စ် ကူညာမှာ ၂၀၂၉ ခုနှစ်အထိ အသင်းနှင့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး အဆိုပါသတင်းမှာ တန်းဆင်းဇုန် အန္တရာယ်အတွက် တိုက်ပွဲဝင်နေရသည့် အသင်းအတွက် အကြီးအကျယ် အားတက်စရာဖြစ်လာခဲ့သည်။

အဆိုပါ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးအား အာဆင်နယ် အပါအဝင် ကလပ်အသင်းအချို့က စိတ်ဝင်စားနေသော်လည်း ဝုဗ်အသင်းက ၎င်းအား ဆက်လက်ထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။ ကူညာအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်၌ ၂၃ ပွဲ ပါဝင်ကစားထားပြီး ၁၁ ဂိုး သွင်းယူထားသလို အသင်းအား တန်းဆင်းဇုန်အတွင်း မကျရောက်စေရန် ဆွဲတင်ပေးနေသည့် အဓိက ကစားသမားတစ်ဦးလည်းဖြစ်သည်။ (Xinhua)

 

 

………………………………………………………………

(English Version)

Arsenal hammers Man City, Man Utd loses again

Arsenal maintained its title chase with a resounding 5-1 victory over Manchester City at home on Sunday to stay six points behind Liverpool.

Martin Odegaard opened the scoring in the second minute as Pep Guardiola’s side made another costly error trying to play out from the back. Arsenal dominated the first half, but a failure to convert chances nearly proved expensive when Erling Haaland headed City level in the 55th minute following an excellent cross from Savinho. However, Arsenal regained the lead just 38 seconds later when Thomas Partey’s shot deflected into the net.

Young defender Myles Lewis-Skelly made it 3-1 with a curling shot after cutting in from the left, before Kai Havertz added a fourth on the break. Another youngster, Ethan Nwaneri, rounded off a crushing win in injury time.

…..

Leverkusen sees off Hoffenheim in Bundesliga

Defending champion Bayer Leverkusen kept the pressure on leader Bayern Munich after a 3-1 win over Hoffenheim in the 20th round of the Bundesliga on Sunday.

The result leaves Leverkusen six points adrift of leader Bayern, while Hoffenheim remains within touching distance of the relegation zone.

…..

Aston Villa confirms loan deal for Marcus Rashford

Aston Villa announced a deal to take Manchester United forward Marcus Rashford on loan until the end of the season.

“I would like to thank Manchester United and Aston Villa for making this loan deal happen,” wrote Rashford, who had also been linked with Barcelona.

“I was lucky to have a few clubs approach me but Aston Villa was an easy decision – I really admire the way that Aston Villa has been playing this season, and the manager’s ambitions. I just want to play football and am excited to get started.”

“I wish everyone at Manchester United all the best for the rest of the season,” he concluded.

…..

Boost for Wolves as Cunha pens new deal

Wolverhampton Wanderers’ battle to avoid relegation received a major boost with the news that Brazilian striker Matheus Cunha has signed a new contract until 2029.

The news means Wolves has held off interest from several clubs, including Arsenal to keep the 25-year-old striker, who has scored 11 goals in 23 Premier League games for the club this season and is arguably the main factor in keeping it out of the bottom three.