Connect with us

North America

အမေရိကန်- မက္ကဆီကိုတို့က စည်းကြပ်ခွန် တိုးမြှင့်မှု အစီအမံ ဖော်ဆောင်ခြင်းကို တစ်လကြာ ဆိုင်းငံ့ထားရန် သဘောတူညီ

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုတွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြသော မက္ကဆီကို သမ္မတ Sheinbaum Pardo (ဝဲဘက်) နှင့် စီးပွားရေးဝန်ကြီး Marcelo Ebrard ကို ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုမြို့၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်က ၎င်းသည် မက္ကဆီကို သမ္မတ Sheinbaum Pardo နှင့် “ချစ်ကြည်ရင်နှီးသော ဆွေးနွေးမှု” ပြုလုပ်ခဲ့ရာ နှစ်ဖက်အနေဖြင့် စည်းကြပ်ခွန် တိုးမြှင့်မှု အစီအမံဖော်ဆောင်ခြင်းကို ချက်ချင်း တစ်လကြာ ယာယီ ဆိုင်းငံ့ထားပြီး စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်၌ လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
Sheinbaum Pardo က အမေရိကန်အစိုးရ၏ စည်းကြပ်ခွန် အစီအမံနှင့် ပတ်သက်၍ ၎င်းသည် စည်းကြပ်ခွန်နှင့် စည်းကြပ်ခွန်မဟုတ်သည့် တန်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ပြီး မက္ကဆီကို အကျိုးစီးပွားကို ကာကွယ်ရန် မက္ကဆီကို စီးပွားရေးဝန်ကြီးဌာနအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် လူမှုမီဒီယာမှ တစ်ဆင့် ပြောကြားခဲ့သည်။ (Xinhua)


………………………………..
(Chinese Version)
美墨同意暂缓一个月实施加征关税措施
墨西哥城,2025年2月4日
美国总统特朗普3日在社交媒体上说,他已与墨西哥总统辛鲍姆进行“友好对话”,双方同意将加征关税的措施立即暂缓一个月执行,并继续进行谈判。
辛鲍姆1日通过社交媒体表示,针对美国政府的关税措施,她已指示墨经济部采取关税与非关税措施反制,以捍卫墨西哥利益。(完)
图说:2月3日,墨西哥总统辛鲍姆(左)和经济部长马塞洛·埃布拉德在首都墨西哥城出席例行新闻发布会。新华社发(弗朗西斯科·卡涅多摄)