Asia
တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး
![](https://xinhuamyanmar.com/wp-content/uploads/2025/02/8g01.jpg)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာတို့သည် ပေကျင်းမြို့တွင် ဖေဖော်ဝါရီ ၆ ရက်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယခုနှစ်သည် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ဖြစ်သလို တရုတ်-ထိုင်း ချစ်ကြည်ရေး ရွှေရတုကာလလည်းဖြစ်ကြောင်း လီက အလေးအနက်ပြောကြားလျက် တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးအား အိမ်နီးချင်း သံတမန်ဆက်ဆံရေး၌ ဦးစားပေးအဖြစ် အမြဲတစေ ရှုမြင်ကြောင်း လီက ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအတိုင်း ဆက်လက်ဖော်ဆောင်ရေး၊ နီးကပ်သော အဆင့်မြင့် ကူးလူးဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းရေး၊ တရုတ်-ထိုင်း ဆက်ဆံရေးအား အဆင့်သစ်တစ်ခုဆီသို့ တွန်းပို့နိုင်ရန် အပြန်အလှန်ယုံကြည်မှုကို မဟာဗျူဟာကျကျ တိုးမြှင့်၍ ခိုင်ခိုင်မာမာ တည်ဆောက်ရေး၊ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံနှင့် အတူလက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း လီက ဆိုသည်။
ထို့အတူ အရည်အသွေးမြင့်မားသော ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများအကြား ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များကို ပိုမိုကျယ်ပြန့်စွာ မြှင့်တင်ရေး၊ လာမည့် ငါးနှစ်တာအတွက် တရုတ်-ထိုင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၌ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ရေးနှင့် ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ မီဒီယာနှင့် လူငယ်ရေးရာ နယ်ပယ်များတွင် ကူးလူးဆက်ဆံမှုများ ခိုင်မာအားကောင်းစေရေးအတွက် ထိုင်းနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0Z4
…………………..
(English Version)
Chinese premier holds talks with Thai PM
Chinese Premier Li Qiang held talks with Prime Minister of Thailand Paetongtarn Shinawatra in Beijing on Thursday.
Noting that this year marks the 50th anniversary of China-Thailand diplomatic relations, as well as the Golden Jubilee of China-Thailand Friendship, Li said that China always sees its relations with Thailand as a priority in the neighborhood diplomacy.
China stands ready to work with Thailand to follow the strategic guidance of the leaders of the two countries, maintain close high-level exchange, and consolidate and enhance strategic mutual trust to push China-Thailand relations to a new level and bring more benefits to the two peoples, Li said.
He added that China is ready to work with Thailand to promote greater synergy between the high-quality Belt and Road cooperation and Thailand’s development strategies, implement the Joint Action Plan on China-Thailand Strategic Cooperation for the next five years, continuously upgrade cooperation on the economy, trade, investment, connectivity, scientific and technological innovation, and strengthen exchange in the fields of culture, tourism, youth, health and media. xhtxs.cn/0Z4
English Caption
Chinese Premier Li Qiang holds talks with Prime Minister of Thailand Paetongtarn Shinawatra in Beijing, capital of China, Feb. 6, 2025. (Xinhua/Rao Aimin)