Asia
ထိုင်း-တရုတ် နှစ်နိုင်ငံက ယဉ်ကျေးမှုချင်း နီးစပ်သလို အပြန်အလှန် အားပေးပံ့ပိုးခဲ့ကြသည်ဟု ထိုင်းဝန်ကြီးချုပ် ပေထုံတန် ပြောကြား
![](https://xinhuamyanmar.com/wp-content/uploads/2025/02/8p01.jpg)
ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာသည် ဖေဖော်ဝါရီ ၆ ရက်က ပေကျင်းမြို့တွင် သတင်းထောက်၏တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားခဲ့သည်။ ယခုနှစ်မှာ တရုတ်-ထိုင်း သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် ဖြစ်ပေသည်။ ပေထုံတန်အနေဖြင့် “ထိုင်း-တရုတ် မိသားစုပမာ ချစ်ကြည်ရင်းနှီးမှု” ကို အကြိမ်ပေါင်းများစွာ ပြောကြားခဲ့သလို ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ် အထူးအလေးထားကြောင်း ကြိမ်ဖန်များစွာ အထူးပြုပြောကြားခဲ့ပြီး နှစ်ဖက်ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်မှု၏ သမိုင်းအရင်းအမြစ်ကိုလည်း အကြိမ်ပေါင်းများစွာ ထည့်သွင်း ပြောကြားခဲ့ပေသည်။
ထိုင်း-တရုတ် ပြည်သူများ ကူးလူးဖလှယ်ကြသည့် သမိုင်းမှာ ရှည်လျားရာ ရွှေရောင် နှစ်ပေါင်း ၅၀ ကို နှစ်နိုင်ငံ လက်တွဲအတူ လျှောက်လှမ်းခဲ့ကြကြောင်း၊ ယခုကာလများတွင် အထိမ်းအမှတ်ဂုဏ်ပြုအစီအစဉ်များကို နှစ်ဖက် ပူးပေါင်းကျင်းပကြရာတွင် ထိုင်းနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံကြွရောက်လာရာ ထိုင်းနိုင်ငံ ပြည်သူလူထုက ဖူးမြော်ကြိုဆိုမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖူးမြော်ကြိုဆိုခဲ့ကြကြောင်း၊ ဂုဏ်ပြုပွဲအစီအစဉ်အမျိုးမျိုးကို စည်စည်ကားကား ကျင်းပလျက်ရှိပြီး နှစ်နိုင်ငံကြား အစဉ်အလာ ရင်းနှီးချစ်ကြည်မှု ကဏ္ဍသစ်ကို ဆက်လက်ရေးခြယ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
泰国总理佩通坦:泰中两国文化相近 彼此支持
正在中国进行正式访问的泰国总理佩通坦·钦那瓦6日在北京接受记者采访。今年是中泰建交50周年。佩通坦多次提及“泰中一家亲”,多次强调泰国高度重视对华关系,多次提及双方友好交往的历史渊源。她说,泰中人民交往源远流长,两国携手走过金色50年。近期,双方合作举办一系列庆祝活动,佛牙舍利赴泰供奉在泰国民众间广受欢迎,各种庆祝活动高潮迭起,续写着两国间的传统亲密友好篇章。
1. 2024年8月18日,新任泰国总理佩通坦·钦那瓦在曼谷出席新闻发布会。新华社发(拉亨摄)