Europe
ယူကရိန်းအား ထောက်ခံပံ့ပိုးပေးမည့် အဆင့်လေးဆင့်ကို နိုင်ငံခေါင်းဆောင်များ လန်ဒန်ထိပ်သီးအစည်းအဝေး ထုတ်ပြန်ကြေညာ

လန်ဒန်၊ မတ် ၃ ရက် (ဆင်ဟွာ)
ဥရောပနှင့် ဥရောပသမဂ္ဂနိုင်ငံ ၁၀ နိုင်ငံကျော်၊ ယူကရိန်းနှင့် ကနေဒါနိုင်ငံ ခေါင်းဆောင်များသည် မတ် ၂ ရက်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ထိပ်သီးအစည်းအဝေးကျင်းပ၍ ယူကရိန်း အကျပ်အတည်းနှင့် ဥရောပကာကွယ်ရေးဆိုင်ရာ အရေးကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမာက ထိုနေ့ ထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက် ယူကရိန်းအား ထောက်ခံအားပေးမည့် အဆင့်လေးဆင့်ကိုထုတ်ပြန်ကြေညာခဲ့သည်။
ထိပ်သီးအစည်းအဝေး၏ ဆွေးနွေးမှုရလဒ်အရ ဘက်ပေါင်းစုံက ယူကရိန်းအား ထောက်ခံပံ့ပိုးပေးမည့် အဆင့်လေးဆင့်ကို တစ်ပြေးညီ သဘောတူညီခဲ့ကြသည်။ ယင်းအဆင့်လေးဆင့်မှာ ယူကရိန်းအား စစ်ရေးအကူအညီ ဆက်လက်ထောက်ပံ့ပေး၍ ရုရှားအား စီးပွားရေးအရ ဖိအားပေးခြင်း၊ ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို မဖြစ်မနေ အာမခံရမည်ဖြစ်ပြီး ယူကရိန်းလည်း မဖြစ်မနေ ပါဝင်ရမည်ဖြစ်ခြင်း၊ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီးနောက် အနာဂတ်တွင် ဖြစ်နိုင်ခြေရှိသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုမှန်သမျှကိုတားဆီးရန် ယူကရိန်း၏ ကာကွယ်ရေးစွမ်းရည်ကိုဆက်လက်အားဖြည့်ခြင်း၊ ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်အား ကာကွယ်၍ ငြိမ်းချမ်းရေးကို အာမခံသည့် မဟာမိတ်တစ်ခု ထူထောင်ခြင်း တို့ပင်ဖြစ်ကြောင်း ကီယာစတားမာက အစည်းအဝေးပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးအတွက် ဒုံးကျည်အစင်း ၅,၀၀၀ ကျော် ဝယ်ယူရာ၌ ဗြိတိန်၏ ပို့ကုန်ဘဏ္ဍာငွေ စတာလင်ပေါင် ၁.၆ ဘီလီယံ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ဒုံးကျည်များကို ဗြိတိန်၌ ထုတ်လုပ်မည်ဖြစ်ကြောင်း တစ်ချိန်တည်းတွင် ကီယာစတားမာက ထုတ်ပြန်ကြေညာခဲ့သည်။ ဗြိတိန်သည် အခြားနိုင်ငံများနှင့်အတူ “မြေပြင်တပ်ဖွဲ့နှင့် ဝေဟင်အင်အား” များထောက်ပံ့ပေးခြင်းဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်အား ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဗြိတိန်၊ ပြင်သစ်နှင့် အခြားနိုင်ငံများက ယူကရိန်းနှင့်အတူစစ်ပွဲရပ်တန့်ရေး အစီအစဉ်တစ်ခု ပူးပေါင်းသတ်မှတ်ရန် အစည်းအဝေးတက်ရောက်သော နိုင်ငံများက သဘောတူညီခဲ့ကြပြီး အမေရိကန်နှင့်အတူ အဆိုပါအစီအစဉ်အားဆွေးနွေး၍ တွန်းအားပေး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကီယာစတားမာက ဆိုသည်။ ဥရောပသည် တာဝန်ကြီးကိုထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ သို့သော် ငြိမ်းချမ်းရေးဖော်ဆောင်၍ အောင်မြင်စေရန် အမေရိကန်၏ အင်တိုက်အားတိုက် ထောက်ခံအားပေးမှု ရရှိရန် လိုအပ်ကြောင်း ၎င်းကအလေးထားပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်၏ ရေရှည်ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်လိုသည့် အမြင်အား ဘက်အသီးသီးက သဘောတူညီကြောင်း၊ နိုင်ငံခေါင်းဆောင်များက သိပ်မကြာမီတွင် ထပ်မံတွေ့ဆုံ၍ ယူကရိန်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအစီအစဉ် ဖော်ဆောင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ကီယာစတားမာက ပြောကြားခဲ့သည်။
ယူကရိန်း သမ္မတ ဇယ်လန်းစကီးသည် ထိုနေ့တွင် ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် ဆန်ဒရင်ဂမ်စံအိမ်သို့ သွားရောက်၍ ဗြိတိန်ဘုရင် တတိယချားလ်စ်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပနေသည်ကိုမတ် ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ဗြိတိန်ဝန်ကြီးချုပ်ရုံး)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပနေသည်ကိုမတ် ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ဗြိတိန်ဝန်ကြီးချုပ်ရုံး)
……………………..
(Chinese Version)
多国领导人伦敦峰会宣布支持乌克兰四个步骤
新华社伦敦3月2日电(记者郑博非)十余个欧洲和欧盟国家,以及乌克兰和加拿大的领导人2日在英国伦敦举行峰会,就乌克兰危机和欧洲防务问题进行讨论。英国首相斯塔默当天在峰会结束后宣布了支持乌克兰的四个步骤。
斯塔默在会后的新闻发布会上说,根据峰会讨论结果,各方一致同意支持乌克兰的四个步骤:继续向乌克兰提供军事援助,并对俄罗斯施加经济压力;实现持久和平必须确保乌克兰的主权和安全,乌克兰必须参与其中;达成和平协议后,继续加强乌克兰的防御能力,以阻止任何未来可能的安全威胁;建立一个致力于捍卫乌克兰和平协议并保证和平的联盟。
斯塔默同时宣布,英国将允许乌克兰使用16亿英镑的英国出口融资购买约5000枚防空导弹,这些导弹将在英国制造。英国准备与其他国家一道,通过提供“地面部队和空中力量”来支持和平协议。
斯塔默表示,与会各国同意英国、法国和其他国家与乌克兰合作制订一项停战计划,并将与美国讨论和推进这一计划。他强调,欧洲必须承担重任,但为了实现和平并取得成功,必须得到美国的大力支持。各方同意美国总统特朗普关于迫切需要实现持久和平的看法,各国领导人将很快再次会面,继续朝着实现乌克兰和平计划而努力。
据悉,乌克兰总统泽连斯基当天在参加完峰会后前往桑德灵厄姆宫与英国国王查尔斯三世会面。(完)
图说1:3月2日,在英国首都伦敦,英国首相斯塔默(右二)、法国总统马克龙(左二)和乌克兰总统泽连斯基(右一)出席峰会。新华社发(英国首相府供图)
图说2、3:这是3月2日在英国首都伦敦拍摄的峰会现场。新华社发(英国首相府供图)