Africa & Middle East
IS အစွန်းရောက်အဖွဲ့အစည်း၏ ဆီးရီးယားနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်ရန် လိုအပ်သလို ဆောင်ရွက်သွားမည်ဟု အီရတ် ပြော
ဘဂ္ဂဒက်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)
ဆီးရီးယားနိုင်ငံအတွင်းရှိ IS အစွန်းရောက်များ၏ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်ရန် အီရတ်က လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရတ်နိုင်ငံဘက်က ပြောကြားလိုက်သည်။
ဧပြီလ ၁၀ ရက်က ဘဂ္ဂဒက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အီရတ်နိုင်ငံဝန်ကြီးချုပ် Haider Abadi က ISအစွန်းရောက်များက အီရတ်နှင့်ဆက်စပ်နေသည့် ဆီးရီးယားအရှေ့ပိုင်းဒေသများတွင် လှုပ်ရှားသွားလာနေ ကြောင်း ၊ IS တို့၏အန္တရာယ်ကို ကြိုတင်ကာကွယ်ရန် အီရတ်အစိုးရက လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆီးရီးယားအစိုးရ၊ ရုရှားအစိုးရ တို့နှင့်ပူးပေါင်းကာ ၎င်းတို့ကို ချေမှုန်းသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ထို့ပြင် ဆီးရီးယားပြည်တွင်းရေးကို ဝင်စွက်ဖက်ရန် ဆန္ဒမရှိကြောင်း၊ ဆီးရီးယားအရေးကို ဆီးရီးယားနိုင်ငံ၏ပြည်သူများကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အီရတ်၌် IS တို့ ထိန်းချုပ်ထားသောနယ်မြေများကို အစိုးရစစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း အီရတ်နိုင်ငံဝန်ကြီးချုပ် Haider Abadi က လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကြေညာခဲ့သည်။ ၎င်းမှာ IS အစွန်းရောက်များကို တိုက်ခိုက်သည့် အီရတ်တို့၏သမိုင်းဝင် အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။
အီရတ်နိုင်ငံ Al Anbarပြည်နယ်နှင့် Neynewa ပြည်နယ်သည် ဆီးရီးယားနိုင်ငံနှင့်ထိစပ်နေပြီး နှစ်နိုင်ငံအကြား နယ်နိမိတ်မျဉ်းမှာ ၆၀၀ ကီလိုမီတာ ရှည်လျားကြောင်းသိရသည်။ (Xinhua)