Connect with us

Africa & Middle East

အမေရိကန်စစ်တပ်က ဆန်နားကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိဟု ယီမင် ဟူသီလက်နက်ကိုင်များ ဆို

အမေရိကန်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံကို ယီမင်နိုင်ငံ ဆန်နားမြို့တွင် ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်က ဧပြီ ၆ ရက်ညပိုင်းတွင် ယီမင်နိုင်ငံ ဆန်နားမြို့ ပစ်မှတ်တစ်နေရာအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လူ ၄ ဦး သေဆုံး၍ ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ အမေရိကန်စစ်တပ်သည် ဧပြီ ၆ ရက် ညပိုင်းတွင် ဆန်နားမြို့ အရှေ့ပိုင်းဒေသသို့ လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ်နေရာအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် ကယ်ဆယ်ရေးဝန်ထမ်းများက အချင်းဖြစ်ရာနေရာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

အမေရိကန်စစ်တပ် တိုက်လေယာဉ်သည် ဧပြီ ၆ ရက် ညနေပိုင်းတွင် ဆန်နားမြို့အထက် ဝေဟင်၌ ခပ်စိတ်စိတ် ပျံသန်းသွားကြောင်း၊ ထို့နောက် ကြီးမားသောပေါက်ကွဲသံကြားရပြီး ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာတွင် မီးတောက်များ တောက်လောင်နေကာ မီးခိုးလိပ်ကြီးများ ပေါ်ထွက်လာကြောင်း ဒေသခံများက ဆင်ဟွာသတင်းထောက်အား ပြောပြခဲ့သည်။

အမေရိကန်ဘက်က လက်ရှိ ထိုကိစ္စနှင့်စပ်လျဉ်း၍ တုံ့ပြန်မှုမရှိသေးပေ။

ဟူသီလက်နက်ကိုင်အဖွဲ့သည် လက်ရှိတွင် ယီမင်နိုင်ငံ၏ ပိုင်နက်နယ်မြေ သုံးပုံတစ်ပုံနှင့် လူဦးရေ ၇၀၊ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကာ ဆန်နားနှင့် ပင်လယ်နီ၏ အရေးပါဆိပ်ကမ်းမြို့ ဟိုဒေးဒါမြို့ကို သိမ်းပိုက်ထားသည်။ ဟူသီလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသည့်ဒေသတွင် ယီမင်နိုင်ငံ၏ ပင်လယ်နီကမ်းရိုးတန်း သုံးပုံနှစ်ပုံလည်း ပါဝင်ကာ ၎င်း၏ထိန်းချုပ်မှုအင်အားသည် တစ်ကမ္ဘာလုံး ရေကြောင်းပို့ဆောင်ရေးတွင် မဟာဗျူဟာမြောက်အဆင့်ရှိသည့် Bab al-Mandab ရေလက်ကြားအထိ ရောက်ရှိကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
也门胡塞武装:美军空袭萨那致4死16伤
新华社开罗4月6日电(记者吕迎旭 尹炣)萨那消息:也门胡塞武装卫生部门6日发布消息说,美军当晚对也门首都萨那一处目标实施空袭,造成4人死亡、16人受伤。
消息说,美军6日晚空袭萨那东部区域,造成多处住房受损。目前,救援人员正在现场实施救援。
当地居民告诉新华社记者,6日傍晚,美战机在萨那上空密集飞过,之后传来剧烈爆炸声,爆炸现场火光冲天、浓烟滚滚。
美方目前尚未对此作出回应。
胡塞武装目前控制也门约三分之一领土和七八成人口,并占据萨那和红海重要港口城市荷台达。胡塞武装控制区还涵盖也门约三分之二的红海沿岸,其控制力辐射至在全球航运中具有重要战略地位的曼德海峡。(完)
图说:这是3月20日在也门首都萨那拍摄的被美军空袭摧毁的建筑。新华社发(穆罕默德·穆罕默德摄)