Connect with us

China

ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi တို့ ဧပြီ ၂၃ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi နှင့် ဧပြီ ၂၃ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နှစ်ဖက်အနေဖြင့် အီရန် နျူကလီးယားအရေးကိစ္စများ၏ နောက်ဆုံးတိုးတက်မှုအား အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် အီရန် နျူကလီးယားအရေးကို နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ထစ်ခနဲဆိုလျှင် လက်နက်နှင့်ဖြေရှင်းခြင်း၊ တရားမဝင် တစ်ဖက်သတ်ပိတ်ဆို့အရေးယူခြင်းတို့ကို ဆန့်ကျင်ကြောင်း အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အီရန်၏ နျူကလီးယားလက်နက် တိုးတက်အောင်မပြုဟူသော ကတိကဝတ်ကို တန်ဖိုးထား ချီးကျူးသလို အီရန်၏ နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုသည့် အခွင့်အရေးကို လေးစားပြီး အီရန်နှင့် အမေရိကန်အပါအဝင် ဘက်ပေါင်းစုံ၏ တွေ့ဆုံဆွေးနွေးမှုများကို ထောက်ခံအားပေးကြောင်း၊ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Seyed Abbas Araghchi က အီရန် နျူကလီးယားအရေးအား နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းမှုကို တွန်းအားပေးရာတွင် တရုတ်နိုင်ငံက အဓိကအပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် တန်ဖိုးထားချီးကျူးပါကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့်အတူ နီးကပ်သော ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများ ထိန်းသိမ်းထားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi တို့ ဧပြီ ၂၃ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
王毅同伊朗外长阿拉格齐会谈
新华社北京4月23日电(记者温馨)中共中央政治局委员、外交部长王毅23日在北京同伊朗外长阿拉格齐举行会谈。
双方就伊朗核问题的最新进展深入交换了意见。王毅强调,中方始终致力于伊朗核问题的政治外交解决,反对动辄诉诸武力和非法单边制裁。中方赞赏伊朗关于不发展核武器的承诺,尊重伊朗和平利用核能的权利,支持伊朗与包括美国在内各方开展对话,通过协商谈判维护正当合法权益。阿拉格齐赞赏中方在推动伊朗核问题政治外交解决上发挥的重要积极作用,愿同中方就此保持密切沟通协调。(完)
1. 4月23日,中共中央政治局委员、外交部长王毅在北京同伊朗外长阿拉格齐举行会谈。 新华社记者 丁海涛 摄