Africa & Middle East
နိုင်ငံအသီးသီးအနေဖြင့် ဆွေးနွေးမှုမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ဖြေရှင်းရန် ယူရေးရှားစီးပွားရေး ထိပ်သီးအစည်းအဝေး တိုက်တွန်း

အစ္စတန်ဘူလ်၊ မေ ၈ ရက် (ဆင်ဟွာ)
၂၈ ကြိမ်မြောက် ယူရေးရှားစီးပွားရေး ထိပ်သီးအစည်းအဝေးကို မေ ၇ ရက်က တူကီယဲနိုင်ငံ အစ္စတန်ဘူလ်တွင် ဖွင့်လှစ်ကျင်းပခဲ့ရာ နိုင်ငံအသီးသီးအနေဖြင့် ဒေသတွင်း ပဋိပက္ခ၊ ရာသီဥတု ပြောင်းလဲမှု၊ စီးပွားရေး မမျှတမှုနှင့် စားနပ်ရိက္ခာဖူလုံမှုစသည့် အရေးတကြီးဖြစ်သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းရန် အစည်းအဝေးသို့တက်ရောက်လာကြသော ဧည့်သည်တော်များက တိုက်တွန်းခဲ့ကြသည်။
ယခုအကြိမ် ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်မှာ “ပိုမိုလူသားဆန်သော ကမ္ဘာတစ်ခု၊ ဆွေးနွေးမှုဖြင့် နေထိုင်ရန် သင့်လျော်ကောင်းမွန်သော ကမ္ဘာတစ်ခုဖန်တီးခြင်း” ဖြစ်သည်။
အစည်းအဝေးသို့တက်ရောက်လာကြသော ဧည့်သည်တော်များအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသော ဆွေးနွေးရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြည့်အဝ ဆွေးနွေးဖလှယ်ကြကာ ကမ္ဘာပေါ်ရှိ ဒေသအသီးသီး၏ သာယာဝပြောမှုနှင့် ပျော်ရွှင်မှုအတွက် ဉာဏ်ပညာများ ပံ့ပိုးကူညီကြရန် မျှော်လင့်ကြောင်း တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က အဆိုပါထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုစာလွှာပေးပို့ခဲ့သည်။
ယနေ့ခေတ် ကမ္ဘာကြီးသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများစွာနှင့် တွေ့ကြုံနေရလျက်ရှိရာ နိုင်ငံအသီးသီးမှာ စုပေါင်းဉာဏ်ပညာနှင့် ဘုံတာဝန်ယူမှုဖြင့် ဆောင်ရွက်ရန် အရေးတကြီး လိုအပ်ကြောင်း တူကီယဲ နာမည်ကျော် တတ်သိပညာရှင်၊ Marmara ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Akkan Suver က ပွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ယခုအကြိမ် ထိပ်သီးအစည်းအဝေးက ကမ္ဘာအနှံ့ နေရာအသီးသီး၏ မတူညီသော အသံများကြားတွင် အားလုံးပါဝင်သော ဆွေးနွေးမှုကို မြှင့်တင်ရန် “ငြိမ်းချမ်းရေးနှင့် ဆွေးနွေးရေး” ဆိုင်ရာ ဆွေးနွေးမှုအပိုင်းကိုလည်း သီးသန့်စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် တစုတစည်း လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဖြေရှင်းရေးနည်းလမ်းသည် အပြန်အလှန်လေးစားမှု၊ စဉ်ဆက်မပြတ် တိုးမြှင့်လာနိုင်သော အတွေးအခေါ်တို့ကို အခြေခံရန် လိုအပ်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် အတူတကွ တာဝန်ထမ်းဆောင်သင့်ကြောင်း မြောက်မက်စီဒိုနီးယားဘဏ္ဍာရေးဝန်ကြီး Gordana Dimitrieska – Kochoska က မိန့်ခွန်းပြောကြားခဲ့သည်။
ယခုအကြိမ် ယူရေးရှားစီးပွားရေး ထိပ်သီးအစည်းအဝေးကို ၂ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး Marmara ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပကာ နိုင်ငံပေါင်း ၅၀ ခန့်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ၃၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။ (Xinhua)
………………………….
(Chinese Version)
欧亚经济峰会呼吁各国通过对话解决全球性挑战
新华社伊斯坦布尔5月7日电(记者王峰 秦彦洋)第28届欧亚经济峰会7日在土耳其伊斯坦布尔开幕,与会嘉宾呼吁各国通过对话解决地区冲突、气候变化、经济不平等和粮食安全等紧迫的全球性挑战。
本次峰会的主题为“一个更人性化的世界——对话创造宜居世界”。土耳其总统埃尔多安向峰会发来贺词,希望与会人士围绕全球性重要议题进行充分交流,为世界各地区的繁荣与幸福贡献智慧。
土耳其知名智库马尔马拉基金会主席苏威尔在开幕式上说,当今世界正在经历一系列全球性挑战,各国亟需以集体智慧和共同责任采取行动。他表示,本次峰会专门设置了“和平与对话”讨论环节,以促进世界各地不同声音之间的包容性对话。
北马其顿财政部长戈尔达娜·迪米特里耶斯卡-科乔斯卡在发言中说,解决全球性挑战需要集体行动,解决方案需植根于相互尊重、可持续增长理念,各国应担负起共同责任。
本届欧亚经济峰会为期两天,由马尔马拉基金会主办,来自约50个国家的300多名政商学等各界人士参加。(完)
Photo: Marmara Group Foundation President Akkan Suver speaks during the 28th Eurasian Economic Summit in Istanbul, Türkiye, on May 7, 2025. (Xinhua/Wang Feng)