Africa & Middle East
ဂါဇာဒေသ နေရာအများအပြားကို အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၉၃ ဦး သေဆုံး

ဂါဇာ၊ မေ ၁၇ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က မေ ၁၆ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး လူ ၉၃ ဦးသေဆုံးပြီး လူ ၂၀၀ ဦး ကျော် ဒဏ်ရာရခဲ့ကြောင်းပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုပါနေ့ ထုတ်ပြန်သော အချက်အလက်အရ သိရသည်။
အဆိုပါနေ့တွင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း အထူးသဖြင့် မြောက်ပိုင်းမြို့နယ်ဖြစ်သော Beit Lahia ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ အပျက်အစီးများအောက်တွင် လူအများအပြား ပိတ်မိနေဆဲဖြစ်ပြီး ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုနှင့် လိုအပ်သည့် စက်ကိရိယာများ မလုံလောက်မှုကြောင့် ကယ်ဆယ်ရေးသမားများ လက်လှမ်းမမီနိုင်သေးကြောင်း ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mahmoud Basal က ဆင်ဟွာသတင်းထောက်ထံ ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ လက်နက်ကိုင်အဖွဲ့အစည်းများအား တိုက်ခိုက်သည့် လှုပ်ရှားမှုများ ဆက်လက်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က မေ ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် တစ်ရက်အတွင်း အစ္စရေးလေတပ်က ဂါဇာကမ်းမြောင်ဒေသရှိ ပစ်မှတ် ၁၅၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၆ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်အရ မတ် ၁၈ ရက်မှစ၍ အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် လူ ၂,၉၈၅ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူ ၈,၁၇၃ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………..
(Chinese Version)
以军轰炸加沙多地造成至少93人死亡
新华社加沙5月16日电(记者黄泽民)据巴勒斯坦加沙地带卫生部门16日发布的数据,以色列军队当天轰炸加沙地带多地,造成至少93人死亡、超过200人受伤。
巴勒斯坦加沙地带民防部门发言人马哈茂德·巴萨勒16日告诉新华社记者,当天以军袭击主要集中在加沙地带北部,尤其是北部城镇拜特拉希亚。仍有许多受害者埋在废墟之下,由于持续轰炸和缺少必要设备,救援人员无法接近。
以色列国防军16日发表声明说,以军继续开展打击加沙地带武装组织的行动。在过去一天里,以空军打击了加沙地带150多个目标。
根据加沙地带卫生部门16日发布的数据,自3月18日以来,以色列方面对加沙地带多地发动袭击,已造成至少2985人死亡、8173人受伤。(完)
5月16日,在加沙地带北部杰巴利耶难民营,人们查看以军袭击后的建筑废墟。新华社发(里泽克·阿卜杜勒贾瓦德摄)