Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၁၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မတိုင်မီ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ
မေ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်က နယူးကာဆယ် ယူနိုက်တက်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားပြီဖြစ်ကာ တစ်လုံးတည်းသော အနိုင်ဂိုးကို ဒက်ကလန်ရိုက်စ်က ဂိုးဧရိယာအပြင်ဘက်မှ လှလှပပ ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ယခုအနိုင်ရလဒ်ကြောင့် အာဆင်နယ်က ရမှတ် ၇၁ မှတ် ရရှိထားပြီး ရမှတ် ၆၆ မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နေသည့် နယူးကာဆယ်ထက် ငါးမှတ်အသာရရှိထားသည်။ နယူးကာဆယ်မှာ ချဲလ်ဆီး၊ အက်စတွန်ဗီလာတို့နှင့် ရမှတ်တူအနေအထားတွင် ရှိနေသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန်ပွဲစဉ်ဖြစ်သည့် အဲဗာတန်အသင်းနှင့် အိမ်ကွင်းပွဲစဉ်၌ မဖြစ်မနေအနိုင်ကစားရန် လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာ စိတ်လှုပ်ရှားဖွယ် ရသများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
နော့တင်ဟမ်ဖောရက်စ်ကလည်း ဝက်စ်ဟမ်းအား အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ကစားခဲ့ပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်များကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်သည်။ နော့တင်ဟမ်ဖောရက်စ်မှာ နယူးကာဆယ်၊ ချဲလ်ဆီး၊ ဗီလာတို့၏နောက် တစ်မှတ်အကွာတွင် ရှိနေသည်။
ဖောရက်စ်အတွက် ဦးဆောင်ဂိုးများကို ပွဲချိန်ပထမပိုင်းတွင် မော်ဂန် ဂစ်ဘ်-ဝှိုက်ကလည်းကောင်း၊ ဒုတိယပိုင်းတွင် နစ်ကိုလာ မီလန်ကိုဗစ်ကလည်းကောင်း အသီးသီးသွင်းယူခဲ့ပြီး ပွဲကစားချိန် ၈၆ မိနစ်တွင် ဂျာရော့ဒ် ဘိုဝင်က ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သည်။
ဖောရက်စ်အနေဖြင့် နာကျင်အချိန်‌ပို ၁၃ မိနစ်တွင် အနိုင်ရလဒ်ကို ထိန်းထားနိုင်ရန် တောင့်ခံခဲ့ရသော်လည်း နူနို အက်စ်ပရီတို ဆန်းတို့စ်၏အသင်းမှာ ရာသီပြီးဆုံးရန် တစ်ပွဲအလိုတွင် ၆၅ မှတ် ရရှိထားပြီး မန်ချက်စတာစီးတီးနှင့် အမှတ်တူအနေအထားတွင် ရှိနေကာ မန်စီးတီးအနေဖြင့် မေ ၂၀ ရက်တွင် အဆင့်-၆ မှ ဘုန်းမောက်နှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
…..
— သောမတ်စ်မူလာ ဘိုင်ယန်မြူးနစ်မှ ထွက်ခွာပြီးနောက် ပြည်ပတွင် သွားရောက်ကစားဖွယ်ရှိ
ဘိုင်ယန်မြူးနစ်အသင်း၏ ဂန္ထဝင် ကစားသမား သောမတ်စ်မူလာက ဟော့ဖန်ဟိမ်းအား ၄ ဂိုးပြတ် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် စိန်ခေါ်မှုအသစ်များကို ရှာဖွေလိုကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ အဆိုပါပွဲစဉ်မှာ ၎င်းအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းဂျာစီ ဝတ်ဆင်၍ နောက်ဆုံးပါဝင်ကစားခဲ့သည့်ပွဲစဉ် ဖြစ်ဖွယ်ရှိသည်။
“ကျွန်တော် စိတ်ဖိစီးမှုမဖြစ်ပါဘူး။ ကျွန်တော် ဘောလုံးဆက်ကစားချင်ပါသေးတယ်” ဟု ဂျာမန်အမှတ်ပေး ချန်ပီယံဆုကို ၁၃ ကြိမ် ရရှိထားသည့် မူလာက ဖွင့်ဟခဲ့သည်။ “ကျွန်တော့်အတွက် အရေးပါပြီး အစစအရာရာ အဆင်ပြေနိုင်မယ့် အရာကို ရှာဖွေရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၄ ဖီဖာကမ္ဘာ့ဖလားချန်ပီယံဖြစ်သူ မူလာမှာ ဘိုင်ယန်အသင်းဂျာစီကို ၁၇ နှစ်နီးပါး ဝတ်ဆင်ကာ ပွဲပေါင်း ၇၀၀ ကျော် ပါဝင်ကစားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်၏ နာမည်ကျော် မာရီယန်ပလက်ဇ်ရင်ပြင်ကို အုပ်မိုးထားသော လသာဆောင်ပေါ်တွင် ပရိသတ်များနှင့်အတူ အောင်ပွဲခံနှုတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။
မူလာအနေဖြင့် လော့စ်အိန်ဂျလိစ်အက်ဖ်စီနှင့် ချိတ်ဆက်မှုများရှိနေသလို အခြား မေဂျာလိဂ်ကလပ်များကလည်း ၎င်းအားခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု မီဒီယာများက ဖော်ပြလျက်ရှိသည်။ မူလာမှာ အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားသို့လည်း ပြောင်းရွှေ့ဖွယ်ရှိကြောင်း ကောလာဟလထွက်ပေါ်လျက်ရှိသည်။ အသက် ၃၆ နှစ် ပြည့်တော့မည့် မူလာက ၎င်းအနေဖြင့် ဆုံးဖြတ်ချက်တိုင်းကို လေးလေးနက်နက် သုံးသပ်ရမည်ဟု ပြောကြားခဲ့သည်။
…..
— ပီအက်စ်ဗီက အိုင်းယက်စ်အား တစ်မှတ်အသာဖြင့် Eredivisie အမှတ်ပေးချန်ပီယံဆုကို ၂၆ ကြိမ်မြောက် ဆွတ်ခူး
နယ်သာလန် ထိပ်တန်းလိဂ်ပြိုင်ပွဲ Eredivisie ရာသီပိတ်ပွဲစဉ်တွင် ပီအက်စ်ဗီက အမ်စတာဒမ်အခြေစိုက် အိုင်းယက်စ်၏ အပြင်းအထန် ဖိအားပေးမှုကို ကျော်ဖြတ်ကာ ရမှတ်တစ်မှတ်အသာဖြင့် ၂၆ ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
ပီအက်စ်ဗီက စပါတာ ရော့တာဒမ်အား အဝေးကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို အိုင်းယက်စ်ကလည်း အက်ဖ်စီ တွမ်တီးအား အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ပီအက်စ်ဗီက ရမှတ် ၇၉ မှတ်ဖြင့် ၇၈ မှတ် ရရှိထားသော အိုင်းယက်စ်အား နှာတစ်ဖျားအသာဖြင့် ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပီအက်စ်ဗီနှင့် အိုင်းယက်စ်တို့ နှစ်သင်းစလုံးမှာ လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားပြီဖြစ်သည်။
…..
— ၂၀၂၅ ခုနှစ် ထိုင်းအိုးပင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တရုတ်ကစားသမားများက ချန်ပီယံဆုနှစ်ဆု ဆွတ်ခူး
မေ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ထိုင်းအိုးပင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တရုတ်ကစားသမားများက အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲနှင့် ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး အမျိုးသားနှစ်ယောက်တွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများတွင်မူ မလေးရှား ကစားသမားများက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် တရုတ်ကြက်တောင်အားကစားမယ် Chen Yufei က ထိုင်းနိုင်ငံမှ Pornpawee Chochuwong အား ၄၈ မိနစ်အတွင်း ၂၁-၁၆၊ ၂၁-၁၂ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲတွင် Feng Yanzhe နှင့် Huang Dongping တို့က တစ်နိုင်ငံတည်းသား ကစားသမားများဖြစ်သည့် Gao Jiaxuan နှင့် Wu Mengying တို့အား ၂၄-၂၂၊ ၂၁-၁၆ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်၌ ပထမပွဲမှာ အကြိတ်အနယ်ရှိခဲ့သော်လည်း အတွေ့အကြုံရင့် ကစားသမားနှစ်ဦးဖြစ်သည့် Feng နှင့် Huang တို့က ဖိအားဒဏ်ကို ကျော်လွှားကာ ဒုတိယပွဲတွင် ပွဲသိမ်းအနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်အပြီးတွင် Huang လူငယ်ကစားသမားများ၏ စွမ်းဆောင်ရည်ကောင်းများအပေါ် ချီးကျူးပြောဆိုခဲ့သည်။ (Xinhua)


………………………
(English Version)
Arsenal ensures Champions League ahead of last round in Premier League
Declan Rice scored an excellent goal from outside the area to ensure that Arsenal qualifies for next season’s Champions League with a 1-0 win over Newcastle United on Sunday afternoon.
The win leaves Arsenal with 71 points – five more than Newcastle which remains third in the table with 66 points, level with Chelsea and Aston Villa and needing to win at home to Everton to qualify for the Champions League in what promises to be a thrilling final weekend of the season.
Nottingham Forest is a point behind Newcastle, Chelsea and Villa after keeping its hopes of playing in next season’s Champions League alive with a 2-1 win away to West Ham United.
A first half goal from Morgan Gibbs-White and a second half finish from Nikola Milenkovic put Forest 2-0 up before Jarrod Bowen pulled a goal back in the 86th minute.
Forest had to survive 13 minutes of injury time, but with one match left to play Nuno Espirito Santo’s side is level on 65 points with Manchester City, who will go into Tuesday’s game at home to Bournemouth in sixth place.
…..
Muller likely to head for new shores outside Munich
Bayern icon Thomas Muller expressed his desire to seek new challenges after what appeared to be his final league match in a Bayern shirt, a 4-0 win over Hoffenheim.
“I don’t feel stressed, but I feel the desire to play football,” the 13-time German champion revealed.
“I have to find out what is important to me and see that the entire package fits,” he said.
After more than 700 games and nearly 17 years in a Bayern jersey, the 2014 FIFA World Cup winner’s farewell continued with a public celebration on the balcony above Munich’s famous Marienplatz.
Media reports have linked him with Los Angeles FC, with several other MLS clubs also expressing interest. Italian side Fiorentina is also rumored as a possible destination.
Muller noted that, at nearly 36, he must evaluate each decision carefully.
…..
PSV edges Ajax to clinch 26th Eredivisie title
PSV Eindhoven held off a fierce challenge from Ajax to win its 26th Eredivisie title on Sunday, edging the Amsterdam side by a single point on the final day of the Dutch season.
PSV defeated Sparta Rotterdam 3-1 away, while Ajax beat FC Twente 2-0 at home. The results left PSV atop the table with 79 points, narrowly ahead of Ajax on 78. Both clubs secured qualification for next season’s Champions League.
…..
China clinches two titles at 2025 badminton Thailand Open
China claimed titles in the women’s singles and mixed doubles at the 2025 Thailand Open on Sunday, while Malaysian shuttlers swept both the men’s and women’s doubles events.
In the women’s singles final, Chen Yufei of China won the gold medal with a convincing straight-set victory over Thailand’s Pornpawee Chochuwong, 21-16, 21-12, in just 48 minutes.
In the mixed doubles final, Feng Yanzhe and Huang Dongping defeated teammates Gao Jiaxuan and Wu Mengying 24-22, 21-16. The first set was tightly contested, but the experienced pair of Feng and Huang prevailed under pressure and went on to close out the match in the second set. After the match, Huang praised their younger teammates for their strong performance.