Connect with us

Europe

ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပယ်ဖျက်ကြောင်း ဥရောပသမဂ္ဂ ကြေညာ

ဆီးရီးယားနိုင်ငံ Daraa ပြည်နယ် အနောက်ပိုင်းတွင် နေရပ်စွန့်ခွာ စစ်ရှောင်ရသည့် ပြည်သူလူထုအား ၂၀၂၅ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပယ်ဖျက်ကြောင်း ဥရောပသမဂ္ဂကောင်စီက မေ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုသည် ဆီးရီးယားပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် “အားလုံးပါဝင်သော၊ ကဏ္ဍစုံလင်သော၊ ငြိမ်းချမ်းပြီး ပြင်ပ၏စွက်ဖက်မှု မခံရသော ဆီးရီးယားနိုင်ငံသစ်ကို ပြန်လည်တည်ဆောက်ရမည့် အချိန်အခါ” ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဥရောပသမဂ္ဂက ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပယ်ဖျက်ပေးသည့် တစ်ချိန်တည်းတွင်ပင် အာဆတ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုကို ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ပြီး လုံခြုံရေးကို ထည့်သွင်းစဉ်းစားသည့် ပိတ်ဆို့အရေးယူမှုကို ဆက်လက်ထားရှိမည် ဖြစ်ကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်သူနှင့် ဆီးရီးယား ပို၍ မတည်ငြိမ်အောင် လုပ်ဆောင်သူများအပေါ် ဦးတည်ချက်ရှိသော ကန့်သတ်ချက်အစီအမံများ ထပ်တိုးဖော်ဆောင်သွားမည်လည်း ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအနေဖြင့် ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်ထားရှိမည် ဖြစ်ပြီး ဆီးရီးယားအခြေအနေ အပြောင်းအလဲနှင့် ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှု ပယ်ဖျက်လိုက်သော ဆုံးဖြတ်ချက်၏ သက်ရောက်မှုကို အနီးကပ် စောင့်ကြည့်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဥရောပသမဂ္ဂ ပယ်ဖျက်လိုက်ခြင်းနှင့်စပ်လျဉ်း၍ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Asaad al-Shaibani က ဥရောပသမဂ္ဂ၏ ဤဆုံးဖြတ်ချက်သည် “ဆီးရီးယား၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို အားဖြည့်ပေးမည်” ဖြစ်ကြောင်း မေ ၂၀ ရက်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ဥရောပသမဂ္ဂက ဆီးရီးယား စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ လုပ်ငန်းပိုင်းဆိုင်ရာကန့်သတ်ချက်များကို ယာယီရပ်ဆိုင်းခြင်းအပါအဝင် ဆီးရီးယား၏ အဓိက စီးပွားရေးကဏ္ဍများအပေါ် ဦးတည်သည့် ကန့်သတ်ချက် အစီအမံများအား ယာယီရပ်ဆိုင်းကြောင်း၊ ဆီးရီယား၏ ဘဏ္ဍာရေးနှင့် စီးပွားရေးအရင်းအမြစ် ၅ ခုအား ပိတ်ဆို့ထားမှုကို ပယ်ဖျက်ပြီး ဆီးရီးယားဗဟိုဘဏ်အား ဘဏ္ဍာရေးနှင့် စီးပွားရေးအရင်းအမြစ်များပံ့ပိုးသည့် လမ်းကြောင်း စသည်တို့အား ဖွင့်လှစ်ပေးကြောင်း ကြေညာခဲ့သည်။

မေ ၁၃ ရက်တွင် ဆော်ဒီအာရေဗျသို့ ခရီးစဉ်ရောက်ရှိနေသည့် အမေရိကန် သမ္မတ ထရမ့်ကလည်း ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများကို ပယ်ဖျက်ရန် အမိန့်ချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua

———————–
(Chinese Version)
欧盟宣布解除对叙利亚的经济制裁
新华社布鲁塞尔5月20日电(记者张兆卿)欧盟理事会20日发表声明,宣布解除对叙利亚的经济制裁。
声明说,现在是叙利亚人民团结起来,重建一个“包容、多元、和平且不受有害外部干预的新叙利亚的时刻”。欧盟在解除对叙经济制裁的同时,将继续保留针对阿萨德政权的制裁,保留基于安全考量的制裁,还将针对侵犯人权者和加剧叙利亚不稳定者实施额外的定向限制措施。
声明说,欧盟将继续与叙利亚过渡政府保持接触,密切关注叙局势变化,以及取消对叙经济制裁这一决定的影响。
就欧盟解除对叙经济制裁,叙利亚外交部门负责人希巴尼20日在社交媒体上发文说,欧盟这一决定将“增强叙利亚的安全、稳定与繁荣”。
今年2月,欧盟宣布暂停针对叙利亚关键经济领域的限制措施,包括暂停对叙能源及交通运输领域的行业性限制;解除对叙5个实体的资金和经济资源冻结,并开放向叙利亚中央银行提供资金和经济资源的渠道等。5月13日,正在沙特阿拉伯访问的美国总统特朗普宣布,将下令解除对叙利亚的制裁。(完)
1.  3月25日,在叙利亚德拉省西部,民众躲避袭击逃离家园。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.