Africa & Middle East
၅ ကြိမ်မြောက် အမေရိကန်-အီရန် ကြားခံဆွေးနွေးမှု အကန့်အသတ်ဖြင့် တိုးတက်မှုရရှိခဲ့

ရောမ၊ မေ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်သည် မေ ၂၃ ရက်က အီတလီနိုင်ငံ မြို့တော် ရောမတွင် ၅ ကြိမ်မြောက် ကြားခံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုသည် တိုးတက်မှုအချို့ရရှိခဲ့သော်လည်း အဆုံးအဖြတ်ပေးသည့် ရလဒ် မရရှိသေးကြောင်း ဆွေးနွေးပွဲကို ကြီးမှူးသည့် အိုမန်ဘက်က ဆိုသည်။
ယခုအကြိမ် ဆွေးနွေးပွဲကို အီတလီနိုင်ငံဆိုင်ရာ အိုမန်သံရုံး၌ ၃ နာရီခန့်ကြာ ကျင်းပခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုသည် “တိုးတက်မှု အချို့ရရှိခဲ့ပေမဲ့လည်း အဆုံးအဖြတ်ပေးတဲ့ တိုးတက်မှုတော့မဟုတ်ဘူး” ဟု အိုမန်နိုင်ငံခြားရေးဝန်ကြီး Badr bin Hamad Al Busaidi က လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ ဘက်ပေါင်းစုံက “စဉ်ဆက်မပြတ်ဖြစ်သော၊ သင့်တင့်လျောက်ပတ်သော” သဘောတူညီချက် ရရှိရေးဆီ ဦးတည်၍ ရှေ့ဆက်လျှောက်လှမ်းရေးကို တွန်းအားပေးရန် လာမည့်ရက်ပိုင်းတွင် ကျန်ရှိသည့် ပြဿနာများအား ရှင်းလင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ဆွေးနွေးမှုတွင် အီရန်၏ မူရပ်တည်ချက်ကို နောက်ထပ်တစ်ဖန် ရှင်းလင်းတိကျစွာ ရှင်းပြခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ဖော်ပြခဲ့သည်။ ဆွေးနွေးပွဲသည် အေးချမ်းစွာနှင့် ကျွမ်းကျင်စွာ ကျင်းပခဲ့ကြောင်း၊ Esmaeil Baghaei က ထိုမတိုင်မီ အတားအဆီးများ ကျော်လွှားရန် ဖြေရှင်းရေးနည်းလမ်းနှင့် အမြင်သဘောထားများကို အဆိုပြုခဲ့ကြောင်း၊ ယခုအကြိမ်ဆွေးနွေးပွဲတွင် ယင်းနည်းလမ်းနှင့် အမြင်သဘောထားများကို စိစစ်ခဲ့ကြောင်း၊ နောက်တစ်ကြိမ်ဆွေးနွေးပွဲ၏ အချိန်နှင့် နေရာကို မကြာမီ အတည်ပြု ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်ဆွေးနွေးပွဲသည် နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် “ကျွမ်းကျင်မှုအရှိဆုံး စေ့စပ်ညှိနှိုင်းမှုများအနက် တစ်ခု” ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဆွေးနွေးပွဲအပြီး၌ ပြောကြားခဲ့ကြောင်း အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန (IRIB) ၏ သတင်းဖော်ပြချက်များအရ သိရသည်။
Esmaeil Baghaei က လက်ရှိအတားအဆီးကို ဖယ်ရှားရန်နှင့် စေ့စပ်ညှိနှိုင်းရေး တိုးတက်မှုကို မြှင့်တင်ရန် ဖြေရှင်းရေးနည်းလမ်း အဆိုပြုခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ၅ ကြိမ်မြောက် ဆွေးနွေးပွဲတွင် မတူညီသည့် အမြင်သဘောထားများကို ဆွေးနွေးခဲ့ပြီး ယင်းနည်းလမ်းများကို နှစ်ဖက်ပညာရှင်များက တစ်ဆင့်တိုး စိစစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အကယ်၍ ဖြေရှင်းရေးနည်းလမ်းကို နှစ်ဖက်လက်ခံပါက “အတိုင်းအတာ တစ်ခုအထိ အသေးစိတ်ကိစ္စရပ်များကို ဆွေးနွေးနိုင်မည်” ဖြစ်ကြောင်း သိရသည်။
Abbas Araghchi က စေ့စပ်ညှိနှိုင်းမှု ရှုပ်ထွေးခြင်းကြောင့် “နှစ်ကြိမ်၊ သုံးကြိမ် ဆွေးနွေးခြင်းက ဖြေရှင်းနိုင်မည်မဟုတ်” ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဘက်က အီရန်၏ ရပ်တည်ချက်ကို “ပို၍ နားလည်သိရှိ” လာသည့်အတွက် လာမည့် ဆွေးနွေးပွဲအတွင်း တိုးတက်မှု ရရှိစေသည့် ဖြေရှင်းရေးနည်းလမ်းကို ရေးဆွဲနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်တို့သည် ဧပြီ ၁၂ ရက်တွင် အိုမန်နိုင်ငံ မြို့တော် မတ်စ်ကက်တွင် ပထမအကြိမ် ကြားခံ ဆွေးနွေးပွဲ ကျင်းပခဲ့ရာ ယင်းမှာ ၂၀၁၈ ခုနှစ် မေလက အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန် တစ်ဖက်သတ် နုတ်ထွက်ပြီးနောက် အမေရိကန်-အီရန် နှစ်ဖက် ပထမဆုံးအကြိမ် ဆွေးနွေးမှု တရားဝင် စတင်ခြင်း ဖြစ်သည်။ ထို့နောက် နှစ်နိုင်ငံသည် ဧပြီ ၁၉ ရက်၊ ဧပြီ ၂၆ ရက်နှင့် မေ ၁၁ ရက်တို့တွင် ကြားခံတွေ့ဆုံဆွေးနွေးမှု သုံးကြိမ်လုပ်ဆောင်ခဲ့သည်။ (Xinhua)
——————–
(Chinese Version)
第五轮美伊间接会谈取得有限进展
新华社罗马5月23日电(记者任耀庭)美国与伊朗23日在意大利首都罗马举行第五轮间接会谈。主持会谈的阿曼方面表示,会谈取得一些进展,但未取得决定性成果。
此轮会谈在阿曼驻意大利大使馆举行,持续约3小时。阿曼外交大臣巴德尔在社交媒体上表示,会谈“取得一些进展,但非决定性的进展”。希望未来数日能澄清剩余问题,以推动各方朝着达成一个“可持续、体面的”协议继续前行。
伊朗外交部发言人巴加埃在社交平台上发文说,在本轮会谈中,伊朗的原则立场再次得到清晰明确的解释。会谈在平静和专业的气氛中进行。巴德尔此前提出了克服障碍的解决方案和想法,本轮会谈对这些方案和想法进行了审查。下一轮会谈的时间和地点将在稍后确定和宣布。
另据伊朗伊斯兰共和国广播电视台报道,伊朗外长阿拉格齐在会谈结束后说,此轮会谈为双方和谈过程中“最专业的谈判之一”。巴德尔提出了解决方案,以消除现有障碍,促进谈判取得进展。双方在第五轮会谈中讨论了不同的想法,并决定由双方专家进一步审查这些方案。如果解决方案得到双方接受,“将能在一定程度上进入细节问题”。
阿拉格齐表示,由于谈判的复杂性,“不可能通过两三轮会谈就得到解决”。鉴于美方对伊朗立场“有了更好的了解”,他希望在接下来的会谈中能够制定出取得进展的解决方案。
美伊4月12日在阿曼首都马斯喀特举行了首轮间接会谈,这是自2018年5月美国单方面退出伊核协议后双方首次正式谈判。此后,双方分别于4月19日、4月26日和5月11日举行了三轮间接会谈。(完)
1. 5月5日,伊朗外交部发言人巴加埃在德黑兰出席新闻发布会。新华社记者 沙达提 摄