Connect with us

International Organizations

ယခုနှစ်နှင့် လာမည့်နှစ် တစ်ကမ္ဘာလုံး စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်အား OECD ထပ်မံ လျှော့ချ

ပဲရစ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) သည် ဇွန် ၃ ရက်တွင် နောက်ဆုံး စီးပွားရေး မျှော်မှန်းချက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် တစ်ကမ္ဘာလုံး စီးပွားရေးတိုးတက်မှုနှုန်းသည် ၂.၉ ရာခိုင်နှုန်းစီဖြစ်သည်ဟု မျှော်မှန်းထားကာ ယခုနှစ် မတ်လ မျှော်မှန်းချက်ထက် ရာခိုင်နှုန်းပွိုင့် ၀.၂ နှင့် ၀.၁ စီ လျှော့ချခဲ့သည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ကုန်သွယ်ရေးအတားအဆီး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးမူဝါဒများ၏ မသေချာမရေရာမှုများ သိသိသာသာ တိုးပွားလာခြင်းကြောင့် စီးပွားရေးလုပ်ငန်းနှင့် စားသုံးသူများ ယုံကြည်ချက်အပေါ် အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများဖြစ်စေခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အတားအဆီးများဖြစ်ခဲ့ကြောင်း အစီရင်ခံစာ၌ ထောက်ပြထားသည်။ ထိုကဲ့သို့သော စိန်ခေါ်မှုများနှင့် မသေချာ မရေရာမှုများ ပြည့်နှက်နေသော နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စီးပွားရေး ပတ်ဝန်းကျင်ကြောင့် OECD က ယခုနှစ်နှင့် လာမည့်နှစ် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်အား ထပ်မံလျှော့ချခဲ့ခြင်းဖြစ်ပေသည်။

နောက်ဆုံးမျှော်မှန်းချက်မှာ ယခုနှစ် မေလ လလယ်ပိုင်းအထိ စည်းကြပ်ခွန်အဆင့်ဖြင့် ထိန်းသိမ်းထားမည့် နည်းပညာအရ မျှော်မှန်းတွက်ချက်ထားခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို စသည့် စီးပွားရေးအစုအဖွဲ့များမှာ တိုးတက်မှုနှေးကွေးလာမှု အတန်အသင့် သိသာလာခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် အမေရိကန်စီးပွားရေးသည် ၁.၆ ရာခိုင်နှုန်းနှင့် ၁.၅ ရာခိုင်နှုန်းစီ တိုးတက်လာမည်ဖြစ်ပြီး ယခုနှစ် မတ်လမျှော်မှန်းချက်ထက် ရာခိုင်နှုန်းပွိုင့် ၀.၆ နှင့် ၀.၁ စီ လျှော့ချခဲ့ကြောင်း၊ ယူရိုဇုန်စီးပွားရေးဇုန်ကမူ ၁.၀ ရာခိုင်နှုန်းနှင့် ၁.၂ ရာခိုင်နှုန်းစီ တိုးတက်လာမည်ဖြစ်ကာ မတ်လမျှော်မှန်းချက်နှင့် တူညီကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

G20 နိုင်ငံများ၏ အထွေထွေ ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀၂၄ ခုနှစ်တွင် ၆.၂ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်တွင် ၃.၆ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု အစီရင်ခံစာက မျှော်မှန်းထားသည်။ သို့သော် အမေရိကန်မှာမူ “ခြွင်းချက်” တစ်ခုဖြစ်ပြီး ၎င်း၏ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် အထွေထွေ ငွေကြေးဖောင်းပွနှုန်းသည် ၃.၂ ရာခိုင်နှုန်းနှင့် ၂.၈ ရာခိုင်နှုန်းစီအဖြစ် မျှော်မှန်းရကာ ယခုနှစ်မတ်လ မျှော်မှန်းချက်ထက် ရာခိုင်နှုန်းပွိုင့် ၀.၄ နှင့် ၀.၂ စီ တိုးမြှင့်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

လက်ရှိတွင် တစ်ကမ္ဘာလုံး စီးပွားရေး အန္တရာယ်များ သိသိသာသာတိုးတက်လာပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ၊ ကုန်သွယ်ရေးမူဝါဒများ မသေချာမရေရာမှုနှင့် ကုန်သွယ်ရေး အတားအဆီးများက ဆိုးရွားလာနိုင်ကြောင်း၊ ထပ်တိုးစည်းကြပ်ခွန်သည် တစ်ကမ္ဘာလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာကို တစ်ဆင့်တိုး အတားအဆီးဖြစ်စေပြီး ငွေကြေးဖောင်းပွမှုကို ဆိုးရွားစေမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

နိုင်ငံများက မသေချာမရေရာမှုများကို အတူကြိုးပမ်းရင်ဆိုင်ရမည်ဖြစ်ပြီး ရှေးဦးစွာ ကုန်သွယ်ရေး တစ်ဆင့်တိုးပြိုကွဲမှုနှင့် ကုန်သွယ်ရေးအတားအဆီးများကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း အစီရင်ခံစာက အကြံပြုထားသည်။ ကုန်သွယ်ရေးတင်းမာမှုအခြေအနေ ဖြေလျှော့ခြင်း၊ စည်းကြပ်ခွန်နှင့် အခြားကုန်သွယ်ရေး အတားအဆီးများကို လျှော့ချခြင်းသည် တိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်တိုးမြှင့်ရန် အထောက်အကူပြုကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံအသီးသီးက ငွေကြေးမူဝါဒတွင် သတိထားရမည်ဖြစ်ပြီး အစိုးရကြွေးမြီ စဉ်ဆက်မပြတ်ဖြစ်မှုကို အာမခံပေးကာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်မှုအား မြှင့်တင်ရန် အစီအမံများ တက်ကြွစွာ ထုတ်ပြန်ရမည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုထားသည်။

OECD က ယခုနှစ် မတ်လတွင် ကာလလတ် စီးပွားရေးမျှော်မှန်းချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ ထိုစဉ်က ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် တစ်ကမ္ဘာလုံးစီးပွားရေးသည် ၃.၁ ရာခိုင်နှုန်းနှင့် ၃.၀ ရာခိုင်နှုန်းစီ တိုးတက်လာမည်ဟု မျှော်မှန်းထားပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ မျှော်မှန်းချက်ထက် ရာခိုင်နှုန်းပွိုင့် ၀.၂ နှင့် ၀.၃ စီ လျှော့ချခဲ့သည်။ (Xinhua)

——————–
(Chinese Version)
经合组织再次下调今明两年全球经济增长预期
新华社巴黎6月3日电(记者李文昕)经济合作与发展组织(经合组织)3日发布最新一期经济展望报告,预计2025年和2026年全球经济增速均为2.9%,较今年3月预测值分别下调0.2和0.1个百分点。
报告指出,过去几个月,贸易壁垒以及经济和贸易政策的不确定性显著增加,对商业和消费者信心产生负面影响并阻碍贸易和投资。这种充满挑战性和不确定性的国际经贸环境促使经合组织再次下调今明两年全球经济增长预期。
报告说,最新预测是基于截至今年5月中旬的关税水平将维持的技术假设。增长放缓较为显著的包括美国、加拿大和墨西哥等经济体。2025年和2026年,美国经济预计将增长1.6%和1.5%,较今年3月预测值分别下调0.6和0.1个百分点;欧元区经济预计将增长1.0%和1.2%,与3月预测值相同。
报告预计,二十国集团国家总体通胀率将从2024年的6.2%降至2025年的3.6%和2026年的3.2%。但美国是一个“例外”,其2025年和2026年总体通胀率预计为3.2%和2.8%,较今年3月预测值分别上调0.4和0.2个百分点。
报告指出,当前全球经济风险显著上升,保护主义、贸易政策不确定性和贸易壁垒可能加剧。额外关税将进一步拖累全球经济增长前景并加剧通胀。
报告建议,各国应共同努力应对不确定性,首要的是避免进一步贸易分化和贸易壁垒。缓解贸易紧张局势、降低关税及其他贸易壁垒将有助于恢复增长和投资。同时,各国还应在货币政策上保持警惕,确保公共债务可持续性,并积极出台措施促进国内投资与增长。
经合组织今年3月发布中期经济展望报告,当时预计2025年和2026年全球经济将增长3.1%和3.0%,较2024年12月预测值分别下调0.2和0.3个百分点。(完)