Africa & Middle East
အီရန်က စေ့စပ်ညှိနှိုင်းရန် ကြိုဆိုသော်လည်း ဗိုလ်ကျအနိုင်ကျင့်မှုကို ငြင်းဆိုကြောင်း အီရန်သမ္မတ ပြောကြား

တီဟီရန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)
အီရန်က စေ့စပ်ညှိနှိုင်းရန် ကြိုဆိုသော်လည်း စေ့စပ်ညှိနှိုင်းမှုက ဗိုလ်ကျအနိုင်ကျင့်မှု သို့မဟုတ် တစ်ဖက်သတ် တောင်းဆိုမှုများကို အခြေခံ၍ မရကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အီရန်နှင့် အမေရိကန်ကြား ကြားခံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။
ကျင်းပလျက်ရှိသော အီရန်-အမေရိကန် ကြားခံဆွေးနွေးမှုနှင့် စပ်လျဉ်းပြီး မည်သည့်နယ်ပယ်တွင်မဆို ဗိုလ်ကျအနိုင်ကျင့်မှုမူဝါဒကို မကျင့်သုံးသင့်ကြောင်း ပါဇက်ရှ်ကီရမ်က အဆိုပါနေ့တွင် အီရန်နိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ်ထံမှ သံအမတ်ခန့်အပ်လွှာကို လက်ခံစဉ်တွင် ပြောကြားခဲ့သည်။
အီရန်အနေဖြင့် နျူကလီးယားလက်နက်ဆိုင်ရာ ကြိုးပမ်းမှု ပြုလုပ်မည်မဟုတ်ကြောင်း အစဉ်တစိုက် အတိအလင်း ပြောကြားခဲ့ပြီး ဤရပ်တည်ချက်ကို ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အစဉ်အမြဲလိုပင် သက်သေပြခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“ဒေသတွင်း အာဏာပိုင်တစ်ခုက အင်အားကြီးနိုင်ငံရဲ့ ထောက်ခံအားပေးမှုအောက်မှ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်၊ ပြီးတော့ သူတို့ကိုယ်တိုင်ရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်ဖို့ သူများကို ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးရဲ့ ခြိမ်းခြောက်မှုအနေနဲ့ ပုံဖော်ဖို့ ကြိုးပမ်းကြပြန်တယ်။ ဒီလိုလုပ်ရပ်က လုံးဝလက်ခံလို့မရဘူး” လို့ ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။
တချို့သော နိုင်ငံများသည် အခြားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တားဆီးပိတ်ပင်ရန် ကြိုးစားနေသည့်အပြင် ၎င်းပင်ကိုယ်ဖွံ့ဖြိုးတိုးတက်မှုကို အသုံးပြုပြီး အခြားနိုင်ငံအပေါ် ဖိနှိပ်ကြရာ “ဒါဟာ တရားမျှတမှုမရှိဘူး၊ ယုတ္တိမရှိသလို လက်ခံနိုင်ဖွယ်လည်း မရှိဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အိုမန်၏ ရင်ကြားစေ့ပေးမှုတွင် အမေရိကန်နှင့် အီရန်တို့သည် ယခုနှစ် ဧပြီလမှစ၍ ကြားခံဆွေးနွေးမှု ၅ ကြိမ်တိုင် ကျင်းပခဲ့ပြီးဖြစ်ရာ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရရှိခဲ့သော်လည်း နှစ်ဖက်သည် ပင်မပြဿနာအများအပြား၌ သဘောထားကွဲလွဲနေမှုမှာ သိသာထင်ရှားလျက်ရှိပေသည်။ အီရန်အနေဖြင့် ယူရေနီယံ သန့်စင်မှု အဆင့်အားလုံးကို ဘက်စုံ ရပ်တန့်သင့်သည်ဟု အမေရိကန်ဘက်က အခိုင်အမာဖြစ်နေပြီး အီရန်ဘက်ကမူ အတန်အသင့် ယူရေနီယံ သန့်စင်မှုပြုလုပ်ခြင်းသည် ၎င်း ငြိမ်းချမ်းစွာ နျူကလီးယားစွမ်းအင်အသုံးပြုခွင့်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ “လုံးဝ သန့်စင်မှု မပြုရ” တောင်းဆိုမှုကို ငြင်းဆိုကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
伊朗总统:伊朗欢迎谈判但拒绝霸凌
新华社德黑兰6月3日电(记者陈霄 沙达提)伊朗总统佩泽希齐扬3日针对伊朗与美国间接会谈表示,伊朗欢迎谈判,但谈判不能基于霸凌或单方面的要求。
据伊朗总统网站发布的消息,佩泽希齐扬当天在接受新西兰驻伊朗大使递交国书时表示,就正在举行的伊美间接会谈而言,任何方面都不应采取霸凌政策。他重申,伊朗一直明确表示不会寻求核武器,并始终通过合作来证明这一立场。
佩泽希齐扬说,“地区某一政权在强国支持下犯下罪行,随后又试图将他人描绘成对地区安全与和平的威胁以实现自身要求,这种行为完全不可接受”。他还表示,某些国家试图阻碍他国的发展道路,同时利用自身发展对他国施压,“这不公平、不合理、不可接受”。
在阿曼斡旋下,美国和伊朗自今年4月以来已举行五轮间接会谈,取得一定进展,但双方在若干核心问题上分歧依然突出。美方坚持伊朗应全面停止所有级别的铀浓缩活动,而伊方强调适度开展铀浓缩活动是其和平利用核能权利的一部分,拒绝“零浓缩”要求。(完)
图说:2024年9月16日,伊朗总统佩泽希齐扬在首都德黑兰举行的首场新闻发布会上讲话。新华社记者 沙达提 摄