Connect with us

North America

နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း အများအပြားက အမေရိကန်၏ ပြည်ဝင်ခွင့် ကန့်သတ်မိန့်အား ဆန့်ကျင်

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)
အမေရိကန် အိမ်ဖြူတော်က ဇွန် ၄ ရက်တွင် နိုင်ငံအများအပြားအပေါ် ပြည်ဝင်ခွင့် ကန့်သတ်မိန့် ထုတ်ပြန်ပြီးနောက် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း အများအပြားက အဆိုပါလုပ်ရပ်အပေါ် ဝေဖန်မှုနှင့် ဆန့်ကျင်ကန့်ကွက်မှုများ လုပ်ဆောင်ကြပြီး ယင်းအပေါ် တန်းတူအစီအမံများ လုပ်ဆောင်သွားမည်ဟု ဆိုကြသည်။

ချတ်နိုင်ငံ သမ္မတ Mahamat Déby က ဇွန် ၅ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်ရေးသား၍ ၎င်းအနေဖြင့် ချတ်နိုင်ငံအစိုးရအဖွဲ့ကို တန်းတူဆောင်ရွက်သည့် အခြေခံမူအရ အမေရိကန်နိုင်ငံသားများအား ဗီဇာခွင့်ပြုပေးမှု ဆိုင်းငံ့ထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဖရိကသမဂ္ဂ ကော်မတီက ဇွန် ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အမေရိကန်၏ နောက်ဆုံးထုတ်ပြန်သော နိုင်ငံအများအပြားမှ နိုင်ငံသားများကိုရည်ရွယ်သည့် ပြည်ဝင်ခွင့်ကန့်သတ်မိန့်အပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါကန့်သတ်မိန့်သည် အာဖရိကနိုင်ငံများနှင့် အမေရိကန်အကြား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှု၊ ပညာရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံခြားဆက်ဆံရေးအပေါ် အနုတ်လက္ခဏာဆောင်သော အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ကြောင်း ကြေညာချက်တွင် ထောက်ပြထားသည်။ အမေရိကန်အစိုးအရအနေဖြင့် ဆွေးနွေးညှိနှိုင်းသည့်နည်းလမ်းဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးရန် ကြေညာချက်၌ တိုက်တွန်းထားသည်။

ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အမေရိကန်က ဗင်နီဇွဲလားနိုင်ငံသားများ အမေရိကန်သို့ ပြည်ဝင်မှုကို တစ်စိတ်တစ်ပိုင်းကန့်သတ်သည့်လုပ်ရပ်သည် “ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက် လုံးဝမရှိဘဲ သိသာတဲ့ နိုင်ငံရေးနဲ့ ခြိမ်းခြောက်မှု ရည်ရွယ်ချက်ပါဝင်” ကြောင်း၊ “တရားမျှတမှုမရှိတဲ့” တိုက်ခိုက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez Parrilla က ဇွန် ၅ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ အမေရိကန်အနေဖြင့် နိုင်ငံအများအပြားမှ နိုင်ငံသားများအပေါ် ပြည်ဝင်ခွင့် ကန့်သတ်မိန့်အသစ် လုပ်ဆောင်ခြင်းသည် လူမျိုးရေးဝါဒ အရောင်အသွေးပါဝင်ပြီး ခေတ်နောက်ပြန်ဆွဲ နိုင်ငံရေးသမားများ၏ ထောက်ခံအားပေးခြင်းခံရကြောင်း၊ အဆိုပါအမိန့်သည် နှစ်နိုင်ငံ လူပုဂ္ဂိုလ်သွားလာဆက်ဆံရေး၊ ကျွမ်းကျင်ပညာရပ် ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရပ်ကူးလူးဖလှယ်ရေးနှင့် ယဉ်ကျေးမှု အပြန်အလှန်ဆက်ဆံရေးတို့ကို အတားအဆီးဖြစ်စေကြောင်း ပြောကြားခဲ့သည်။

အမေရိကန် အိမ်ဖြူတော်သည် ဇွန် ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ “အမျိုးသားလုံခြုံရေး” စသည်တို့ကို အကြောင်းပြကာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ် ကွန်ဂို (ဘရာဇာဗီးလ်)၊ အီကွေတာ ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီ၊ ဆူဒန်နှင့် ယီမင် စသည့် နိုင်ငံ ၁၂ နိုင်ငံ၏ နိုင်ငံသားများအပေါ် ပြည်ဝင်ခွင့် ဘက်စုံကန့်သတ်လိုက်သည်။ ထို့ပြင် အမေရိကန်က ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာ လီယွန်း၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလား စသည့် နိုင်ငံ ၇ နိုင်ငံ၏ နိုင်ငံသားများ အမေရိကန်သို့ ပြည်ဝင်မှုကိုလည်း တစ်စိတ်တစ်ပိုင်း ကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

#US #Ban #Entry #အမေရိကန် #ပြည်ဝင်ခွင့် #ကန့်သတ်မှု
———————
(Chinese Version)
多国和国际组织反对美国的入境限制令
新华社北京6月6日电 在美国白宫4日发布针对多国的入境限制令后,多个国家和国际组织对这一举措提出批评和反对,并表示将采取对等措施。
乍得总统穆罕默德·代比5日在社交媒体上发文说,他已指示乍得政府按照对等原则,暂停向美国公民发放签证。
非洲联盟(非盟)委员会5日发表声明,对美国最新出台的针对多国公民的入境限制令表示担忧。声明指出,该限制令可能对非洲多国与美国之间的人文交流、教育、商业合作以及外交关系造成负面影响。声明呼吁美国政府采取协商办法,与相关国家进行对话。
委内瑞拉外交部5日发布公报说,美国部分限制委公民入境美国的行为“没有任何正当理由,且带有明显的政治和恐吓目的”,是“不公正”的攻击。
古巴外长罗德里格斯5日在社交媒体上发文说,美国对多个国家公民实施新的入境限制令带有种族主义色彩,并得到反古政客的支持。这项指令妨碍两国的人员往来、专业合作、学术交流和文化互动。
美国白宫4日发布公告,以“国家安全”等为由,对阿富汗、缅甸、乍得、刚果(布)、赤道几内亚、厄立特里亚、海地、伊朗、利比亚、索马里、苏丹和也门等12国的公民实施全面入境限制。美国还将部分限制布隆迪、古巴、老挝、塞拉利昂、多哥、土库曼斯坦和委内瑞拉等7国的公民入境美国。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.