China
တရုတ်နိုင်ငံက ဘက်ပေါင်းစုံနှင့်အတူ သန့်ရှင်း၊ လှပ၍ စဉ်ဆက်မပြတ်ဖြစ်သော ကမ္ဘာကို အတူတကွ တွန်းအားပေး တည်ဆောက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)
ဇွန် ၅ ရက်သည် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဖြစ်သည်။ တရုတ်နိုင်ငံသည် အစဉ်အမြဲအားဖြင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာစွာ ဖော်ဆောင်သူဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်အသွင်ပြောင်းရေး၏ အဓိကအကျိုးဆောင်သူလည်းဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဇွန် ၅ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် “စွမ်းအားပေးသည့် နိုင်ငံကြီး” ၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ပြီး ဘက်အသီးသီးနှင့်အတူ တူညီ၍ ကဏ္ဍကွဲပြားမှုရှိသော တာဝန်များကို ထမ်းဆောင်၍အကောင်အထည်ဖော်ကာ သန့်ရှင်း၊ လှပ၍ စဉ်ဆက်မပြတ်ဖြစ်သောကမ္ဘာ အတူတကွ တည်ဆောက်မှုကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းနေ့၌ ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဇွန် ၅ ရက်သည် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ ဖြစ်ကြောင်း၊ ယခုနှစ်များတွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် အသွင်ပြောင်းမှုကို ဦးဆောင်ခဲ့ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးရေး စသည့်ကဏ္ဍများတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ပြီး အခြားဖွံ့ဖြိုးဆဲနိုင်ငံများ စွမ်းအင်အသွင်ပြောင်းရေး စီမံကိန်းများဖော်ဆောင်မှုကို ကူညီပံ့ပိုးလျက်ရှိကြောင်း သုံးသပ်ချက်များက ဖော်ပြထားကြောင်း၊ ထို့အပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
လျင်ကျန့်က တရုတ်နိုင်ငံသည် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အခိုင်အမာ အကောင်အထည်ဖော်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
“စိမ်းလန်းစိုပြည်သော တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည်” ဟူသော အယူအဆကို အဆိုပြုခဲ့သည့် နှစ်ပေါင်း ၂၀ ကြာကာလတွင် တရုတ်နိုင်ငံသည် ဂေဟစီမံခန့်ခွဲမှုကဏ္ဍ အခက်အခဲများကို ကျော်လွှားခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေး၏ ဆက်စပ်မှုကို သင့်လျော်ကောင်းမွန်စွာ စီမံခဲ့ရာ ကမ္ဘာတွင် GDP စွမ်းအင်သုံးစွဲခြင်း လျှော့ချမှု အမြန်ဆုံး၊ လေထုအရည်အသွေး ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ရာတွင် အထင်ရှားဆုံးသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ခဲ့ကြောင်း၊ ကမ္ဘာအတွက် အစိမ်းရောင်ဧရိယာ လေးပုံတစ်ပုံထပ်တိုးအောင် အကျိုးဆောင်နိုင်ခဲ့ရာ ကမ္ဘာ့အကြီးဆုံး၊ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ်ကို တည်ဆောက်နိုင်ခဲ့သလို ကမ္ဘာ့အကြီးဆုံး၊ အပြည်စုံဆုံးသော စွမ်းအင်သစ်ထုတ်လုပ်မှု လုပ်ငန်းကွင်းဆက် တည်ဆောက်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်အသွင်ပြောင်းရေး၏ အဓိကအကျိုးဆောင်သူလည်း ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်နှင့် အစိမ်းရောင်စွမ်းအင် စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး အရည်အသွေးကောင်းမွန်သော အစိမ်းရောင်နည်းပညာနှင့်ထုတ်ကုန်များ လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် တက်ကြွစွာ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့အတွက် ဆိုလာပစ္စည်းအစုံရေ ၈၀ ရာခိုင်နှုန်းကျော်နှင့် လေအားလျှပ်စစ်စက်ပစ္စည်း ၇၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ လေအားလျှပ်စစ်နှင့် ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စီမံကိန်း၏ ပျမ်းမျှ လျှပ်စစ်တစ်ယူနစ်အရင်းအနှီးကို ၆၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကျော်စီ အသီးသီး လျှော့ချရန် တွန်းအားပေး ဆောင်ရွက်ခဲ့ရာ နိုင်ငံအသီးသီး အထူးသဖြင့် ကျယ်ပြန့်များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများ လျှပ်စစ်ဓာတ်အား အသုံးပြု၍ ရအောင်၊ အသုံးပြုနိုင်အောင်၊ အသုံးပြုမှု ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကမ္ဘာကြီးက အေးအတူပူအမျှ ဖြစ်သလို လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက အတူယှက်နွှယ်တည်ရှိလျက်ရှိတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဂေဟစနစ်ဦးစားပေးရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို အခိုင်အမာ လက်ကိုင်ထားရာ “စွမ်းအားပေးသည့် နိုင်ငံကြီး” ၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ပြီး ဘက်အသီးသီးနှင့်အတူ တူညီ၍ ကဏ္ဍကွဲပြားမှုရှိသော တာဝန်မှုများကို ထမ်းဆောင်အကောင်အထည်ဖော်ကာ သန့်ရှင်း၊ လှပ၍ စဉ်ဆက်မပြတ်ဖြစ်သောကမ္ဘာ အတူတကွ တည်ဆောက်မှုကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————–
(Chinese Version)
外交部:中国愿继续与各方一道推动共建清洁、美丽、可持续的世界
新华社北京6月5日电(记者袁睿)6月5日是世界环境日。外交部发言人林剑5日表示,中国一直是绿色发展的坚定行动派,也是全球绿色转型的重要贡献者。中国愿继续以“赋能型大国”的担当,与各方一道履行共同但有区别的责任,推动共建清洁、美丽、可持续的世界。
当日例行记者会上,有记者问:6月5日是世界环境日,有评论称,近年来中国引领全球绿色转型,在可再生能源开发等领域取得显著成就,并帮助其他发展中国家实施能源转型项目。请问发言人对此有何评论?
林剑说,中国一直是绿色发展的坚定行动派。“绿水青山就是金山银山”理念提出20年来,中国在生态治理领域攻坚克难,妥善处理发展与保护的关系,成为全球能耗强度降低最快、空气质量改善最明显的国家之一,为世界贡献了四分之一的新增绿色面积,构建了全球最大、发展最快的可再生能源体系,建成了全球最大、最完整的新能源产业链。
林剑说,中国也是全球绿色转型的重要贡献者,与100多个国家和地区开展绿色能源项目合作,积极支持优质绿色技术和产品自由流通,为世界提供80%以上的光伏组件和70%的风电装备,推动全球风电和光伏发电项目平均度电成本分别累计下降超过60%和80%,让各国特别是广大发展中国家用得上、用得起、用得好。
“全球同此凉热,人类命运与共。”林剑表示,中国坚持生态优先、绿色发展,愿继续以“赋能型大国”的担当,与各方一道履行共同但有区别的责任,推动共建清洁、美丽、可持续的世界。(完)
1. 6月4日,河北省遵化市堡子店镇志愿者在捡拾河道岸边的垃圾杂物(无人机照片)。新华社发(刘满仓摄)