Connect with us

International Organizations

အမေရိကန်နိုင်ငံ အခြားမြို့တစ်မြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ် မြို့လယ်တွင် ညမထွက်ရအမိန့် အသက်ဝင်ပြီးနောက် ရဲများက လမ်းမပေါ်ရှိလူအုပ်ကို လူစုခွဲရန် ကြိုးပမ်းနေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Spokane မြို့ မြို့တော်ဝန် Lisa Brown က ဇွန် ၁၁ ရက် ညပိုင်းမှစ၍ ၁၂ ရက် နံနက်ပိုင်းအထိ မြို့လယ်တွင် ညမထွက်ရအမိန့် ကျင့်သုံးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဇွန် ၁၁ ရက် ညနေပိုင်းတွင် ဆန္ဒပြသူများက အဆိုပါမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ကြီးကြပ်ရေးဌာန ရုံးခန်းနေရာပြင်ပတွင် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ညမထွက်ရအမိန့်အရ Spokane မြို့လယ်တွင် ဇွန် ၁၁ ရက် ၂၁ နာရီ ၃၀ မိနစ်မှ ၁၂ ရက် နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ကျင့်သုံးမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ မီဒီယာ ဝန်ထမ်းများနှင့် ဒေသတွင်းနေပြည်သူများ၏ လှုပ်ရှားမှုကမူ ညမထွက်ရအမိန့်၏ ကန့်သတ်ခြင်းမခံရပေ။

ဆန္ဒပြသူပေါင်းများစွာမှာ အဆိုပါမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ကြီးကြပ်ရေးဌာန ရုံးခန်းပြင်ပတွင် ဖမ်းဆီးခံရကြောင်း၊ ထို့နောက် Lisa Brown က Spokane မြို့ အရေးပေါ်အခြေအနေ ဝင်ရောက်ကြောင်း ကြေညာခဲ့သည်ဟု အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။

လော့စ်အိန်ဂျလိစ် မြို့တော်ဝန် Karen Bass က ဇွန် ၁၀ ရက် ၂၀ နာရီမှ ၁၁ ရက် ၆ နာရီအထိ မြို့လယ် အချို့ဒေသတွင် ညမထွက်ရအမိန့်ကျင့်သုံးမည်ဖြစ်ကြောင်း ဇွန် ၁၀ ရက် ညနေပိုင်းတွင် ကြေညာခဲ့သည်။ လော့စ်အိန်ဂျလိစ် ရဲဘက်ကလည်း ဇွန် ၁၀ ရက်ညပိုင်းတွင် ညမထွက်ရအမိန့် ကျင့်သုံးသည့်ကာလအတွင်း လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးခဲ့ကြောင်း ဇွန် ၁၁ ရက်က အတည်ပြုခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ် မြို့လယ်တွင် ညမထွက်ရအမိန့် အသက်ဝင်ပြီးနောက် ရဲများက လမ်းမပေါ်ရှိလူအုပ်ကို လူစုခွဲရန် ကြိုးပမ်းနေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့လယ်တွင် ဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားနေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
美国又一城市宣布实施宵禁
新华社旧金山6月11日电 美国华盛顿州第二大城市斯波坎市市长莉萨·布朗宣布,自11日晚至12日凌晨在市中心实施宵禁。11日下午,示威者在该市移民与海关执法局办公地外抗议。
根据宵禁令,斯波坎市市中心自11日21时30分至12日凌晨5时实施宵禁。执法、应急、媒体人员以及区域内居民等活动不受宵禁限制。
据美国媒体报道,数名示威者在当地的移民与海关执法局办公地外被捕,布朗随即宣布斯波坎市进入紧急状态。
洛杉矶市长巴斯10日傍晚宣布,于10日20时至11日6时在市中心部分区域实施宵禁。洛杉矶警方11日证实,前一夜宵禁过程中逮捕200余人。(完)
图说1、2:6月10日,在美国加利福尼亚州洛杉矶市中心,警察在宵禁生效后试图驱散街上的人群。新华社发(邱晨摄)
图说3:6月10日,在美国芝加哥市中心,抗议者与警察对峙。新华社发(文森特·约翰逊摄)