Connect with us

International Organizations

အစ္စရေးက အီရန် နျူကလီးယားအဆောက်အဦအား တိုက်ခိုက်မှု အရေးကိစ္စနှင့်စပ်လျဉ်း၍ IAEA အထူးအစည်းအဝေး ကျင်းပ

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဇွန် ၁၆ ရက်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ အစ္စရေးက အီရန် နျူကလီးယားအဆောက်အဦအား တိုက်ခိုက်မှု အရေးကိစ္စနှင့်စပ်လျဉ်း၍ အထူးအစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ - ဗီယင်နာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့)

ဗီယင်နာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
အစ္စရေးက အီရန် နျူကလီးယားအဆောက်အဦအား တိုက်ခိုက်မှု အရေးကိစ္စနှင့်စပ်လျဉ်းသည့် အထူးအစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဇွန် ၁၆ ရက်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် IAEA ဆိုင်ရာ တရုတ်နိုင်ငံ ကိုယ်စားလှယ် သံအမတ်ကြီး လီဆုန်းက တရုတ်နိုင်ငံ ရပ်တည်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အစ္စရေးက အီရန်အပေါ် လုပ်ဆောင်သည့်စစ်ရေးလှုပ်ရှားမှုကြောင့် အီရန်ဘက်တွင် နျူကလီးယားအဆောက်အဦ ပျက်စီးမှုနှင့် လူထိခိုက်သေဆုံးမှုများ ဖြစ်ပွားစေခဲ့ကာ အီရန်နျူကလီးယားအရေးနှင့်စပ်လျဉ်းသည့် နိုင်ငံရေးနှင့် သံတမန်ရေး လုပ်ငန်းစဉ်ကို ထိခိုက်စေခဲ့ကြောင်း၊ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ် ကာကွယ်ထိန်းသိမ်းရန်အတွက် ကြိုးပမ်းမှုကို အားလျော့စေပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အလွန်အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ဖြစ်စေကြောင်း လီဆုန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အစ္စရေးက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခြင်းအား ပြစ်တင်ရှုတ်ချကြောင်း၊ ငြိမ်းချမ်းစွာ အသုံးပြုသော နျူကလီးယားအဆောက်အဦအပေါ် လက်နက်ကိုင်တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း၊ အီရန်နိုင်ငံ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ချိုးဖောက်မှုကို ကန့်ကွက်ကြောင်း၊ ပဋိပက္ခဖြစ်မှုများ ဆိုးရွားလာစေပြီး ထိပ်တိုက်ရင်ဆိုင်မှုများတိုးချဲ့လာခြင်းအား ဆန့်ကျင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ အခြေအနေ တစ်ဖန်အရှိန်မြင့်တက်လာမှုသည် မည်သည့်ဘက်၏ အကျိုးစီးပွားနှင့်မျှ ကိုက်ညီမှုမရှိကြောင်း၊ အပြစ်မဲ့ပြည်သူများသည် လူသားချင်းစာနာမှု ကပ်ဘေးကို နောက်ထပ်တစ်ကြိမ် ခံနိုင်ရည်မရှိကြောင်း လီဆုန်းက ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် လက်ရှိအခြေအနေတိုးတက်လာမှုနှင့် သံတမန်နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းရေး အနာဂတ်အလားအလာအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုအား များစွာစိုးရိမ်ဂရုပြုကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အီရန်၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး ဘက်အသီးသီးအနေဖြင့် သတိထားဆောင်ရွက်ရန်၊ တင်းမာသောအခြေအနေ အဖန်တလဲလဲ ဆိုးရွားကာ အဆင့်မြင့်တက်လာစေနိုင်သည့် လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဒေသတွင်းအခြေအနေ အရှိန်လျော့လာစေရန်၊ ပဋိပက္ခတိုးချဲ့ပျံ့နှံ့ခြင်းအား လက်တွေ့ကျကျ တားဆီးရန် အတူတကွ ကြိုးပမ်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခြေအနေမည်ကဲ့သို့ တိုးတက်လာစေကာမူ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းဖြင့် အီရန်နျူကလီးယားအရေးအား ငြိမ်းချမ်းစွာဖြေရှင်းခြင်းသည် တစ်ခုတည်းသော မှန်ကန်သည့်လမ်းကြောင်း ဖြစ်သည်ဟု အမြဲတစေကိုင်စွဲထားကာ လက်နက်အင်အားနှင့် တရားမဝင် တစ်ဖက်သတ် ဒဏ်ခတ်အရေးယူမှုများအား ဆန့်ကျင်ကန့်ကွက်ကြောင်း လီဆုန်းက အလေးထား ပြောကြားခဲ့သည်။

အီရန်အနေဖြင့် နျူကလီးယားလက်နက် ဖော်ဆောင်မှုမပြုဘဲ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမည့်ကတိကို များစွာအလေးထားခံရသင့်ကြောင်း၊ “နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်” အဖွဲ့ဝင်နိုင်ငံက ခံစားခွင့်ရသည့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချပိုင်ခွင့်အား အပြည့်အဝ လေးစားသင့်ပြီး IAEA ၏ အာမခံ၍ကြီးကြပ်မှုကို လက်ခံသည့် နျူကလီးယား အဆောက်အဦ ဘေးကင်းလုံခြုံမှုနှင့် လုံခြုံရေးကို လက်တွေ့တကျ အာမခံပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ နျူကလီးယားလက်နက်နှင့် အခြားအများအပြား သေကြေထိခိုက်မှုဖြစ်စေသည့် လက်နက် ကင်းစင်ရေးဇုန်တည်ဆောက်မှုကို ထောက်ခံအားပေးကြောင်း၊ အပြုသဘောဆောင်၍ ဓမ္မဓိဋ္ဌာန်ကျသည့်ရပ်တည်ချက်ကို ဆက်လက်အရင်းခံကာ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ် ကာကွယ်ထိန်းသိမ်းရန်၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုအား တက်ကြွစွာ တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ အီရန်နျူကလီးယားအရေးအား နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်အား တွန်းအားပေးကာ ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်ဂရုပြုမှုများကိုပါ ထည့်သွင်းထားသည့် ဖြေရှင်းရေးနည်းလမ်းဖော်ဆောင်မှုအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ IAEA ၏ အပြုသဘောဆောင်၍ ဓမ္မဓိဋ္ဌာန်ကျစွာ တာဝန်ထမ်းဆောင်မှုကို ထောက်ခံအားပေး၍ ယင်းအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း လီဆုန်းက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် IAEA အဖွဲ့ဝင်နိုင်ငံများက လက်ရှိအခြေအနေ တိုးတက်ဖြစ်ပေါ်လာမှုအပေါ် များစွာစိုးရိမ်ဂရုပြုကြောင်း ပြောကြားခဲ့ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြောကြားချက်များတွင် အစ္စရေးအား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။ သက်ဆိုင်ရာ ဘက်အသီးသီး နိုင်ငံရေးနှင့် သံတမန်နည်းလမ်းကသာလျှင် အီရန်နျူကလီးယားအရေးအား ဖြေရှင်းရန် မှန်ကန်သောရွေးချယ်မှု ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အခြေအနေ အရှိန်ပြေလျော့လာရေးအား အတူတကွကြိုးပမ်းတွန်းအားပေးရန် တိုက်တွန်းခဲ့ကြသည်။ (Xinhua)

———————-
(Chinese Version)
国际原子能机构就以色列袭击伊朗核设施问题举行特别会议
新华社维也纳6月16日电 国际原子能机构16日就以色列袭击伊朗核设施问题举行特别会议。中国常驻国际原子能机构代表李松大使发言阐述中方立场。
李松表示,以色列对伊朗采取的军事行动造成伊方核设施受损和人员伤亡,破坏伊朗核问题政治外交进程,削弱维护国际核不扩散体系的努力,给地区和平安全与稳定带来十分消极的影响。中方谴责以色列对伊朗采取军事行动,反对武装攻击和平核设施,反对侵犯伊朗主权、安全和领土完整,反对激化矛盾、扩大冲突。
李松指出,中东地区局势再度升温不符合任何一方利益,无辜民众无法承受又一次的人道主义灾难。中方严重关切当前事态发展及对外交谈判前景的消极影响,王毅外长已分别同伊朗、以色列外长通话,呼吁各方慎重行事,避免采取导致紧张局势轮番恶化升级的行动。国际社会应共同努力,推动地区局势降温,切实遏制冲突扩大蔓延。
李松强调,无论形势如何发展,中方始终坚持通过政治外交手段和平解决伊朗核问题是唯一正确途径,反对诉诸武力和非法单边制裁。伊朗不寻求发展核武器、致力于同国际原子能机构开展合作的承诺应得到高度重视,《不扩散核武器条约》缔约国享有的和平利用核能权利应得到充分尊重,接受国际原子能机构保障监督的核设施安全与安保应得到切实保障。
李松表示,中方支持建立中东无核武器及其他大规模杀伤性武器区,将继续秉持客观公正立场,从维护国际核不扩散体系、促进中东地区和平与稳定出发,积极劝和促谈,推动伊朗核问题政治外交解决进程,协助达成兼顾各方合理关切的解决方案,支持国际原子能机构客观公正履职并为此发挥建设性作用。
会上,国际原子能机构成员国对当前事态发展表示严重关切,发展中国家纷纷发言对以色列予以严厉谴责。各方强调政治外交途径才是解决伊朗核问题的正确选项,呼吁国际社会共同努力推动局势降温。(完)
图说:这是6月16日在奥地利维也纳拍摄的国际原子能机构就以色列袭击伊朗核设施问题举行的特别会议现场。新华社发(中国常驻维也纳联合国代表团供图)