Connect with us

Social

ပြန်ကြားရေးဝန်ကြီးဌာနနှင့် Facebook မှ ဒုတိယ ဥက္ကဋ္ဌတို့ တွေ့ဆုံနှင့် ပတ်သက်မှုအား သတင်းထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာနနှင့် Facebook မှ ဒုတိယ ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သောအဖွဲ့နှင့် Facebook မှ Vice President Mr. Simon Milner နှင့် အဖွဲ့တို့သည် ဇွန်လ (၅)ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအား ယနေ့ ပြည်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်မှု ပြုလုပ်လိုက်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးရခြင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဖိတ်ခေါ်ခြင်းမဟုတ်ဘဲ Facebook ၏ မေတ္တာရပ်ခံချက်အရ Facebook မှ Vice President နှင့် အဖွဲ့က တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း ၂၀၁၈ ခုနှစ်၊ မေလ (၁၇) ရက်နေ့က တင်ပြလာသဖြင့် လက်ခံတွေ့ဆုံခဲ့ခြင်းကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက Facebook သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ယက် ဖြစ်သည့်အတွက် တစ်ဦးနှင့် တစ်ဦး ကြမ်းတမ်းရိုင်းပျစွာ ရေးသားပြောဆိုမှုများ၊အမုန်းစကားရေးသားဖြန့်ဝေမှုများနှင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် လှုံ့ဆော်ရေးသားမှုအပေါ် ထိန်းကျောင်း ဆောင်ရွက် ပေးရေး နှင့် ထိုသို့ မြန်မာနိုင်ငံနှင့် ပတ်သက်၍ စောင့်ကြည့်ထိန်းကြောင်းရာတွင် အခြေအနေမှန်များ သိရှိနိုင်စေရေးနှင့်

ရေးသားပြောဆိုသည့် အကြောင်း အရာများကို အကောင်း၊ အဆိုး မှန်ကန်စွာ ခွဲခြားဆောင်ရွက်နိုင်စေရေး မြန်မာစကားကောင်းစွာတတ်ကျွမ်း သူများကို ခန့်ထား၍ ဆောင်ရွက်ပေးသင့်ကြောင်းကိုသာ အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနနှင့် Facebook မှ Vice President အဖွဲ့တို့ တွေ့ဆုံမှု သတင်းကို မဟုတ်မမှန် ချဲ့ကားပြီး လုပ်ကြံသတင်းဖြန့်ချိမှုအဖြစ် Excellent news agency Facebook က ရေးသားထားသည်ကို တွေ့ရှိ ရသည့်အတွက် ယင်းတို့ လွှင့်တင် ထားသည့် သတင်းမှားယွင်းကြောင်း ရှင်းလင်းရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေကြားခြင်းနှင့် တုန့်ပြန်ဖြေရှင်းမှု တစုံတရာ ပြုလုပ်ခဲ့ခြင်းမရှိခဲ့ကြောင်း၊

ပြန်ကြားရေးဝန်ကြီးဌာန၏ မူလတာဝန်များတွင် လူမှုကွန်ယက်ပေါ်တွင် ဖော်ပြသည်များကို စောင့်ကြည့်လေ့လာခြင်း၊ ထိန်းသိမ်းကြပ်မတ်ခြင်း၊ တားဆီးပိတ်ပင်ခြင်းတို့ မပါဝင်ကြောင်းနှင့် ဆောင်ရွက် နေမှုလည်း မရှိပါကြောင်း သိရသည်။မြန်မာနိုင်ငံမှ Facebook Account အချို့ ပိတ်သိမ်း ခံရမှုသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြောဆိုတိုက်တွန်းမှုကြောင့် မဟုတ်ပါကြောင်း သိရှိနိုင်ပါရန် ဖြေရှင်းအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117