Connect with us

North America

TikTok “မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” မည့် ဥပဒေ ဖြေလျှော့ကာလအား ထရမ့်ထပ်မံ သက်တမ်းတိုး

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့တွင် စမတ်ဖုန်းဖန်သားပြင်ရှိ TikTok လိုဂိုအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဇွန် ၁၉ ရက်တွင် အမိန့်ကြေညာချက်အား လက်မှတ်ရေးထိုး၍ TikTok “မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” မည့် ဥပဒေ ဖြေလျှော့ကာလအား ရက် ၉၀ ထပ်မံ သက်တမ်းတိုးခဲ့သည်။ ယင်းသည် ထရမ့်က အဆိုပါဥပဒေအား တတိယအကြိမ်မြောက် ဖြေလျှော့ကာလ ပေးခြင်းဖြစ်သည်။

အဆိုပါအမိန့်ကြေညာချက်အရ TikTok သည် အမေရိကန်ရှိ အသုံးပြုသူများအတွက် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်အထိ ဆက်လက်ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ ထိုမတိုင်မီ ထရမ့်က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်၊ ဧပြီ ၄ ရက်တို့တွင် TikTok “မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” မည့် ဥပဒေအား အကြိမ်တိုင်း ၇၅ ရက်ဖြင့် နှစ်ကြိမ် ဖြေလျှော့ကာလ ပေးခဲ့သည်။

၂၀၂၄ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ကြောင်း ကြေညာပြီးသည့်အချိန်မှစ၍ ထရမ့်သည် TikTok တွင် ပရိသတ်ပေါင်း ၁၅ သန်း ကျော် ရရှိထားပြီးဖြစ်ကြောင်း၊ ၎င်းက ယခုနှစ် ဇန်နဝါရီလတွင် “TikTok ကို အရမ်းသဘောကျတယ်” ဟုပြောကြားခဲ့ကြောင်း အမေရိကန် မီဒီယာများက သတင်းဖော်ပြကြသည်။

ဥပဒေဖြေလျှော့ကာလအား ဆက်လက်သက်တမ်းတိုးလာသည်နှင့်အမျှ TikTok သည် ကာလတိုအတွင်း အမေရိကန်၌ တားမြစ်ခံရမည့် ဖြစ်နိုင်ခြေ ပိုမိုနည်းပါးလာကြောင်း အမေရိကန်မီဒီယာများက ယူဆကြသည်။ သက်တမ်းတိုးသည့် အမိန့်ကြေညာချက်သည် စုံစမ်းစစ်ဆေးချက်အချို့ ခံရသော်ငြားလည်း တရားဥပဒေအရ စိန်ခေါ်မှုနှင့် မည်သည့်အခါမျှ ကြုံတွေ့ရခြင်းမရှိပေ။

၂၀၂၄ ခုနှစ် ဧပြီလတွင် ထိုစဉ်က အမေရိကန် သမ္မတ ဘိုင်ဒန်သည် လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုသည့် “မရောင်းလျှင် အသုံးပြုခွင့်ပိတ်ပင်” သည့် ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး TikTok ၏ မိခင်ကုမ္ပဏီဖြစ်သည့် ByteDance ကို ရက်ပေါင်း ၂၇၀ အတွင်း TikTok အား တရုတ်မဟုတ်သည့် ကုမ္ပဏီလုပ်ငန်းကို ရောင်းချပေးရန် တောင်းဆိုခဲ့ကြောင်း၊ သို့မဟုတ်ပါက ယင်းအက်ပလီကေးရှင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှစ၍ အမေရိကန်၌ အသုံးပြုခွင့် ပိတ်ပင်မည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် Pew သုတေသနစင်တာ၏ နောက်ဆုံးစုံစမ်းစစ်ဆေးချက်အရ အမေရိကန်ပြည်သူပေါင်း သုံးပုံတစ်ပုံခန့်က TikTok အား တားမြစ်ရန် ထောက်ခံကြပြီး ၂၀၂၃ ခုနှစ် မတ်လက ၅၀ ရာခိုင်နှုန်းအောက် ကျဆင်းလာမှုရှိကြောင်း၊ အမေရိကန်ပြည်သူပေါင်း သုံးပုံတစ်ပုံခန့်က TikTok တားမြစ်အမိန့်အား ကန့်ကွက်ကြပြီး ကျန်ရှိသည့် ပြည်သူ အလားတူအချိုးအဆကမူ မသေချာဟု ပြောကြားကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
特朗普延长TikTok“不卖就禁用”法律宽限期
新华社纽约6月19日电(记者徐静 刘亚南)美国总统特朗普19日签署行政令,将TikTok“不卖就禁用”法律执行宽限期延长90天。这是特朗普第三次给予该法律宽限期。
根据行政令,TikTok将继续为在美用户提供服务至2025年9月17日。此前,特朗普分别于2025年1月20日、4月4日两次给予TikTok“不卖就禁用”法律宽限期,每次75天。   据美国媒体报道,自2024年宣布参加总统竞选以来,特朗普在TikTok上积累了超过1500万粉丝。他在今年1月表示,“很喜欢TikTok”。
美国媒体认为,随着延期的继续,TikTok短期内在美国被禁的可能性越来越小。尽管延期行政令受到一些审查,但从未面临法律挑战。
2024年4月,时任美国总统拜登签署一项国会两院通过的“不卖就禁用”法案,要求TikTok母公司字节跳动在270天内将TikTok出售给非中国企业,否则这款应用程序将在2025年1月19日后在美国被禁用。
美国皮尤研究中心最近的一项调查显示,约三分之一美国人支持禁止TikTok,相较于2023年3月的50%有所下降;约三分之一美国人反对TikTok禁令;还有类似比例表示不确定。(完)
The logo of TikTok is seen on the screen of a smartphone in Arlington, Virginia, the United States, Aug. 30, 2020. (Xinhua/Liu Jie)