Culture & Entertainment
၂၀၂၅ ခုနှစ် မယ်စကြဝဠာမြန်မာ သရဖူကို မြတ်ရတနာစိုး ဆွတ်ခူးရရှိ

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် မယ်စကြဝဠာမြန်မာ (Miss Universe Myanmar 2025) ပြိုင်ပွဲ၊ ဖိုင်နယ်ပွဲကို ရန်ကုန်မြို့ Myanmar Expo (Fortune Plaza) တွင် ဇွန် ၂၇ ရက် ညပိုင်းက ကျင်းပခဲ့ရာ အလှမယ် မြတ်ရတနာစိုးက သရဖူဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဖိုင်နယ်ပွဲကို မြန်မာနိုင်ငံရှိ မြို့ကြီးများ ကိုယ်စားပြုအလှမယ် ၃၅ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ကိုယ်စားပြုအလှမယ်ဖြစ်သော ၂၀၂၅ ခုနှစ် မယ်စကြဝဠာမြန်မာဆုရ မြတ်ရတနာစိုးသည် မကြာမီ ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၇၄ ကြိမ်မြောက် Miss Universe ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ Myanmar Expo (Fortune Plaza) တွင် ဇွန် ၂၇ ရက် ညပိုင်းက ကျင်းပသော ၂၀၂၅ ခုနှစ် မယ်စကြဝဠာမြန်မာ ဖိုင်နယ်ပွဲတွင် အနိုင်ရရှိခဲ့သော ပြင်ဦးလွင်ကိုယ်စားပြုအလှမယ် မြတ်ရတနာစိုးအား သရဖူဆောင်းပေးနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ Myanmar Expo (Fortune Plaza) တွင် ဇွန် ၂၇ ရက် ညပိုင်းက ကျင်းပသော ၂၀၂၅ ခုနှစ် မယ်စကြဝဠာမြန်မာ ဖိုင်နယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော အလှမယ်များကို တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ Myanmar Expo (Fortune Plaza) တွင် ဇွန် ၂၇ ရက် ညပိုင်းက ကျင်းပသော ၂၀၂၅ ခုနှစ် မယ်စကြဝဠာမြန်မာ ဖိုင်နယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော အလှမယ်များကို တွေ့ရစဉ် (ဆင်ဟွာ)
……………………….
(English Version)
Myat Yadanar Soe crowned Miss Universe Myanmar 2025
YANGON, June 27 (Xinhua) — Myat Yadanar Soe was crowned the title of “Miss Universe Myanmar 2025” in the Miss Universe Myanmar 2025 finale held in Yangon on Friday night.
A total of 35 beauty contestants representing big cities in Myanmar participated in the competition.
Myat Yadanar Soe, who represented Pyin Oo Lwin in central Myanmar’s Mandalay region, won the crown to be a contestant in the upcoming 74th Miss Universe pageant which will be held in Thailand.