Connect with us

Europe

ရုရှား-ယူကရိန်း တတိယအကြိမ် စေ့စပ်ညှိနှိုင်းမှုအတွက် ရုရှား ပြင်ဆင်ပြီးကြောင်း ပူတင် ပြောကြား

၂၈ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် ဖွင့်လှစ်ပွဲတွင် ရုရှားသမ္မတ ပူတင်က ဆင်ဟွာသတင်းဌာန စသည့် ဖိုရမ်သို့တက်ရောက်ကြသော ကမ္ဘာ့ပင်မသတင်းအေဂျင်စီ ၁၄ ခုမှ တာဝန်ခံများနှင့် ဇွန် ၂၈ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ယင်းမတိုင်မီ တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရရှိခဲ့သော ယူကရိန်းနှင့် သဘောတူညီချက် အကြောင်းအရာများ လက်တွေ့ဖော်ဆောင် ပြီးမြောက်ပြီးနောက် ရုရှား-ယူကရိန်း နှစ်ဖက်သည် တတိယအကြိမ် စေ့စပ်ညှိနှိုင်းမှု ကျင်းပမည်ဖြစ်ရာ ယင်းအတွက် ရုရှားအနေဖြင့် ပြင်ဆင်ပြီးဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၂၇ ရက်၌ ပြောကြားခဲ့သည်ဟု ရုရှားမီဒီယာ၏ သတင်းဖော်ပြမှုအရ သိရသည်။

အဆိုပါနေ့တွင် ပူတင်က ဘီလာရုဇ်နိုင်ငံ မြို့တော်မင့်စ်ခ်တွင် ကျင်းပသော ယူရေးရှားစီးပွားရေး ကော်မရှင်၏ ထိပ်တန်းကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့သည်။ ရုရှားနှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းရေးအဖွဲ့ တာဝန်ရှိသူများသည် နီးကပ်စွာ အဆက်အသွယ်ရှိပြီး အပြန်အလှန် ဖုန်းခေါ်ဆိုခဲ့ကြကြောင်း၊ လာမည့် စေ့စပ်ညှိနှိုင်းမှုတွင် နှစ်နိုင်ငံ ပဋိပက္ခဖြေရှင်းရေး အစီအမံဆိုင်ရာ စာချွန်လွှာမူကြမ်းကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက အစည်းအဝေးအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း စစ်သုံ့ပန်းများ လဲလှယ်ခြင်း အနက်အဓိပ္ပာယ်မှာ လေးနက်အရေးပါကြောင်း၊ နှစ်ဖက်က ပြဿနာ၏ ပကတိအကြောင်းရင်းနှင့် စပ်လျဉ်း၍ လက်တွေ့ကျသည့် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အခြေအနေများ ဖန်တီးခဲ့ကြောင်း၊ ရုရှားသည် ယူကရိန်းထံ စစ်သည် ရုပ်အလောင်း ၆,၀၀၀ ကို လွှဲပြောင်းခဲ့ပြီး နောက်ထပ် ယူကရိန်းစစ်သည်ရုပ်အလောင်း ၃,၀၀၀ ကို လွှဲပြောင်းရန် စီစဉ်ထားကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၂ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ဒုတိယအကြိမ် တိုက်ရိုက်စေ့စပ်ညှိနှိုင်းခဲ့ရာ နှစ်ဖက်လုံးက “အားလုံးကို အားလုံးဖြင့် လဲလှယ်ခြင်း” အခြေခံမူဖြင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သော၊ အပြင်းအထန် နာမကျန်းဖြစ်နေသော စစ်သုံ့ပန်းများအားလုံးကို လဲလှယ်ရန် သဘောတူညီခဲ့ပြီး အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများနှင့် ကျဆုံးခဲ့သော စစ်သည်ရုပ်အလောင်းများကို ပမာဏအများအပြား လဲလှယ်ခဲ့ကြသည်။ ယခုအကြိမ် စေ့စပ်ညှိနှိုင်းမှုမှ အတည်ပြုထားသော စစ်သုံ့ပန်းလဲလှယ်ရေး သဘောတူညီချက်အရ ရုရှား-ယူကရိန်းသည် အနည်းဆုံး စစ်သုံ့ပန်း ၁,၀၀၀ ဦးအသီးသီး လဲလှယ်ရန် သဘောတူညီခဲ့ပြီး ရုရှားဘက်က ယူကရိန်းထံ ယူကရိန်းစစ်သည် ၆,၀၀၀ ၏ ရုပ်အလောင်းကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………….
(Chinese Version)
普京:俄罗斯已为俄乌第三轮谈判做好准备
新华社莫斯科6月27日电(记者包诺敏)据俄罗斯媒体报道,俄总统普京27日表示,在落实完成此前与乌克兰在土耳其伊斯坦布尔达成的协议内容后,俄乌双方将举行第三轮谈判,俄罗斯已为此做好准备。
普京当天在白俄罗斯明斯克出席欧亚经济委员会最高理事会会议。他在会后举行的新闻发布会上表示,俄罗斯和乌克兰谈判小组负责人保持密切联系并互相通话。下一轮谈判的主题将是关于两国解决冲突方案的备忘录草案的讨论。
普京说,俄乌交换战俘意义重大,为双方就问题本质进行实质性讨论创造了条件。他表示,俄罗斯已向乌克兰移交6000具士兵遗体,准备再移交3000具乌军士兵遗体。
俄乌两国代表团本月2日在伊斯坦布尔举行第二轮直接谈判,双方同意以“全部换全部”原则交换所有重伤和重病战俘,并大规模交换25岁以下战俘和阵亡军人遗体。依据本轮谈判商定的换俘协议,俄乌同意至少各交换1000名战俘,俄方向乌方移交6000具乌军人员遗体。(完)
图说:6月18日,第28届圣彼得堡国际经济论坛开幕,俄罗斯总统普京会见新华社等14家出席论坛的世界主要通讯社负责人。新华社记者 曹阳 摄