China
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် လျင်ရှန်းမြို့တွင် ငါးမျှားဖော့လုပ်ငန်းက ကုန်ထုတ်လုပ်ငန်းကို တိုးတက်မှုရှိစေ

ချန်ရှား၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ယွဲ့ယန်မြို့ လျင်ရှန်းခရိုင်အဆင့်မြို့လေးသည် ဟူနန်ပြည်နယ်နှင့် ဟူပေပြည်နယ် စပ်ကြား၊ ယန်ဇီမြစ် တောင်ဘက်ကမ်း၊ တုန့်ထျင်ရေကန် အရှေ့ဘက်ခြမ်းတွင် တည်ရှိရာ မြစ်ချောင်းအင်းအိုင် စနစ်အားကောင်းခြင်းကြောင့် ငါးဖမ်းယဉ်ကျေးမှု သမိုင်းကြောင်းရှည်ကြာပေသည်။
ယင်းဒေသတွင် တစ်မူထူးခြားသည့် နေရာအနေအထား အားသာချက်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းအခြေခံကို အားထားကာ ငါးမျှားကိရိယာ၊ ငါးမျှားဖော့လုပ်ငန်းများ တိုးတက်အောင် အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ရာ ကုန်ကြမ်းပံ့ပိုးခြင်း၊ စက်ပစ္စည်းထုတ်လုပ်ခြင်း၊ ငါးမျှားဖော့ထုတ်လုပ်ခြင်း၊ ပုံနှိပ်ခြင်းနှင့် ထုပ်ပိုးခြင်း၊ E-commerce ထောက်ပံ့ပို့ဆောင်ခြင်း၊ ကုန်ထုတ်လုပ်ရေးဝန်ဆောင်မှုတို့အပါအဝင် တစ်သားတည်းဖြစ်သော ပြည့်စုံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက် ဖြစ်ပေါ်လာခဲ့သည်။
လက်ရှိတွင် လျင်ရှန်းမြို့ တွင် ငါးမျှားကိရိယာ၊ ငါးမျှားဖော့ဈေးကွက်ကို အဓိကထားသည့် လုပ်ငန်းပေါင်း ၃,၁၃၀ ရှိရာ သတ်မှတ်ပမာဏထက်ပို၍ ကြီးမားသော လုပ်ငန်းပေါင်း ၇၆ ခု၊ ယင်းလုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူ ၆၀,၀၀၀ အထိရှိပေသည်။ ၂၀၂၄ ခုနှစ်က လျင်ရှန်း ငါးမျှားကိရိယာ၊ ငါးမျှားဖော့လုပ်ငန်း၏ ကုန်ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးမှာ ယွမ် ၈.၅ ဘီလီယံကျော် ရှိပြီဖြစ်ရာ ထုတ်ကုန်ပစ္စည်းများကို နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်ထံ တင်ပို့ရောင်းချလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ယွဲ့ယန်မြို့ လျင်ရှန်းခရိုင် ငါးမျှားဖော့မြို့နယ်လေးတွင် E-commerce ထောက်ပံ့ပို့ဆောင်ရေးဥယျာဉ်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ယွဲ့ယန်မြို့ လျင်ရှန်းခရိုင် ငါးမျှားဖော့မြို့နယ်လေးရှိ လျင်ရှန်း အရပ်ဖက် လက်မှုအနုပညာသည် ငါးမျှားကိရိယာထုတ်လုပ်ရေးကုမ္ပဏီ ထုတ်လုပ်ရေးစက်ခန်းတွင် ငါးမျှားဖော့ ထုတ်လုပ်နေသော အလုပ်သမားများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————-
(Chinese Version)
湖南临湘:小浮标“钓”出大产业
新华社照片,长沙,2025年7月1日
湖南省岳阳市临湘市地处湘鄂边界、长江南岸、洞庭湖东侧,河湖水系发达,渔猎文化源远流长。当地依托独特的区位优势和产业基础,大力发展钓具浮标产业,逐步形成包含原材料供应、机械制造、浮标生产、印刷包装、电商物流、生产服务于一体的完整产业链。目前,临湘市共有钓具浮标市场主体3130多家、规模以上企业74家、行业从业人员达6万人。2024年,临湘钓具浮标产业总产值突破85亿元,产品远销30多个国家和地区。
1. 这是7月1日在湖南省岳阳市临湘市浮标小镇拍摄的浮标产品。 新华社记者 陈思汗 摄
2. 这是7月1日在湖南省岳阳市临湘市浮标小镇拍摄的电商物流园(无人机照片)。新华社记者 陈思汗 摄
3. 7月1日,在位于临湘市浮标小镇的临湘民间艺人钓具有限公司生产车间,工人在生产浮标。新华社记者 余春生 摄