Connect with us

Africa & Middle East

အီရန်က အနောက်ပိုင်းနှင့် အလယ်ပိုင်းလေပိုင်နက်ကို ထပ်ပိတ်လိုက်ကြောင်း ကြေညာ

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက် Evin အကျဉ်းထောင်အား ၂၀၂၅ ခုနှစ် ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းလေပိုင်နက်တွင် လေကြောင်းလိုင်းအားလုံးဖြတ်သန်းမှုကို ပိတ်လိုက်ကြောင်း အီရန် လမ်းနှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Majid Akhavan က ဇူလိုင် ၂ ရက်တွင် ကြေညာခဲ့သည်ဟု အီရန် Mehr News Agency က ယင်းနေ့၌ သတင်းဖော်ပြထားသည်။ ယင်းမှာ အီရန်က နိုင်ငံတကာ လေကြောင်းလိုင်းများအား အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသ လေပိုင်နက်ကို အသုံးပြုခွင့်ပေးခဲ့မှုမှာ ၄ ရက်သာ ရှိသေးကြောင်း သိရသည်။

အီရန် မြို့ပြလေကြောင်းအဖွဲ့အစည်း ညှိနှိုင်းရေးကော်မတီတစ်ခုက လုံခြုံရေးအာမခံမှုနှင့် လုံခြုံရေး ကိစ္စရပ်များအား သုံးသပ်ပြီးနောက် ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း Majid Akhavan က ဆိုသည်။

မြို့တော် တီဟီရန်ရှိ Mehrabad လေဆိပ်၊ Imam Khomeini အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် အီရန်နိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ လေဆိပ်များအား ဆက်လက် ပိတ်ထားမည်ဖြစ်ကြောင်း Majid Akhavan က ပြောကြားခဲ့သည်။ ယမန်လ ၂၅ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့သော အီရန် အရှေ့ပိုင်းလေပိုင်နက်ကို သက်ရောက်မှု မရှိကြောင်း၊ နိုင်ငံတကာ လေကြောင်းဖြတ်သန်းသွားလာမှုနှင့် အီရန်အရှေ့ပိုင်းလေဆိပ်မှ ပျံသန်း၊ ဆင်းသက်သည့် ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်သွားလာမှုများကို ဆက်လက်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ လေကြောင်းဖြတ်သန်းသွားလာမှုအတွက် အနောက်ပိုင်းနှင့် အလယ်ပိုင်းလေပိုင်နက်ကို ပြန်လည်ဖွင့်လှစ်ကြောင်း အီရန်က ယမန်လ ၂၈ ရက်တွင် ကြေညာခဲ့သည်။ အီရန် မြို့ပြလေကြောင်းအဖွဲ့အစည်းက ထိုသို့ဆုံးဖြတ်ပြီး ၄ ရက်အကြာတွင် အနောက်ပိုင်းနှင့် အလယ်ပိုင်း လေပိုက်နက်ကို ထပ်ပိတ်ကြောင်း အဘယ်ကြောင့် ကြေညာခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အစ္စရေးက အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး အီရန်အား အသစ်တစ်ကြိမ် လေကြောင်း တိုက်ခိုက်နိုင်သည်ဟု လူအချို့က ခန့်မှန်းကြကြောင်း Mehr News Agency ၏ သတင်းများအရ သိရသည်။

အစ္စရေးသည် ဇွန် ၁၃ ရက် နံနက်ပိုင်းမှစ၍ အီရန်အား လေကြောင်းဖြင့် အကြီးအကျယ်တိုက်ခိုက်ခဲ့ရာ အီရန်က လေပိုင်နက်ကို ပိတ်ပြီး ပဲ့ထိန်းဒုံးကျည်၊ ဒရုန်းများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်။ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဇွန် ၂၁ ရက်တွင် အမေရိကန် သမ္မတ ထရမ့်က အီရန် နျူကလီးယား အဆောက်အဦနေရာ သုံးခုကို အမေရိကန်စစ်တပ် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဇွန် ၂၃ ရက်တွင် အီရန်က ကာတာအခြေစိုက် အမေရိကန် Al Udeid လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်ဖြင့် လက်တုံ့ပြန် တိုက်ခိုက်ခဲ့သည်။ ဇွန် ၂၄ ရက်တွင် အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲခဲ့သည်။ (Xinhua)
——————–
(Chinese Version)
伊朗宣布再度关闭西部和中部领空
新华社德黑兰7月2日电(记者沙达提 陈霄)伊朗迈赫尔通讯社2日报道,伊朗道路和城市发展部发言人马吉德·阿哈万当天宣布,伊朗西部和中部领空将对所有航班关闭。这距离伊朗允许国际过境航班使用西部和中部领空刚过去4天。
阿哈万说,伊朗民用航空组织一个协调委员会在对安保和安全问题进行评估后作出这一决定。
阿哈万表示,包括位于首都德黑兰的梅赫拉巴德机场、伊玛目霍梅尼国际机场在内,伊朗南部和北部的机场将继续关闭。而上月25日重新开放的伊朗东部空域不受影响,将继续允许国际过境航班以及从伊朗东部机场起降的国内外航班通航。
伊朗上月28日宣布向国际过境航班重新开放西部和中部领空。尚不清楚伊朗民航组织为何决定在4天后再度关闭西部和中部领空。据迈赫尔通讯社报道,一些人猜测,以色列可能会违反停火协议,对伊朗发动新一轮空袭。
以色列6月13日凌晨对伊朗发起大规模空袭,伊朗关闭领空,并用弹道导弹和无人机反击。美国东部时间21日,美国总统特朗普宣布美军空袭了伊朗三处核设施。伊朗23日向美国驻卡塔尔乌代德空军基地发起报复性导弹打击。24日,以伊停火。(完)
1. 这是6月29日在伊朗首都德黑兰拍摄的遭以军袭击后的伊温监狱。新华社发