Connect with us

Asia

ထိုင်းနိုင်ငံ အစိုးရအဖွဲ့ဝင်အသစ်များ ကျမ်းသစ္စာကျိန်ဆို၍ စတင်တာဝန်ထမ်းဆောင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Dusit နန်းတော်တွင် ဝန်ကြီးချုပ်တာဝန် ယာယီထမ်းဆောင်လျက်ရှိသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးဝန်ကြီး Suriya Juangroongruangkit သည် ဇူလိုင် ၃ ရက်တွင် ပြန်လည်ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ဝင်အသစ်များအား ဦးဆောင်၍ ထိုင်းနိုင်ငံ ဘုရင် Maha Vajiralongkorn ထံတွင် ကျမ်းသစ္စာကျိန်ဆိုစဉ် (ဓာတ်ပုံ - ထိုင်းနိုင်ငံ နန်းတွင်းရေးရာဌာန)

ဘန်ကောက်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ဝန်ကြီးချုပ်တာဝန် ယာယီထမ်းဆောင်လျက်ရှိသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးဝန်ကြီး Suriya Juangroongruangkit သည် ဇူလိုင် ၃ ရက်တွင် ပြန်လည်ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ဝင်အသစ်များအား ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘုရင် Maha Vajiralongkorn ထံတွင် ကျမ်းသစ္စာကျိန်ဆို၍ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုင်းနိုင်ငံ PBS ရုပ်သံလိုင်းတွင် အစိုးရအဖွဲ့ဝင်အသစ်များ ကျမ်းသစ္စာကျိန်ဆို၍ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ရုပ်သံမြင်ကွင်းများကို ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းအနက် ရာထူးမှရပ်နားခံထားသည့် ဝန်ကြီးချုပ် ပေထုံတန်က ယဉ်ကျေးမှုဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပေထုံတန်သည် အခြေခံဥပဒေ ချိုးဖောက်သည့် လုပ်ဆောင်ချက် ရှိ၊ မရှိအား စုံစမ်းစစ်ဆေးရန် လျှောက်ထားလွှာအား လက်ခံစီရင်မည်ဖြစ်ပြီး ဇူလိုင် ၁ ရက်မှ စ၍ ပေထုံတန်အား ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ခြင်းမှ ယာယီဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်ကြောင်း ထိုနေ့တွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံအစိုးရ Gazette ဝက်ဘ်ဆိုက်၌ ဇူလိုင် ၁ ရက် အစောပိုင်းတွင် ထုတ်ပြန်သော အစိုးရအဖွဲ့အား ပြန်လည်ဖွဲ့စည်းသည့် ကြေညာချက်အရ ပေထုံတန်သည် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး မူလ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ထမ်းဆောင်မည်ဖြစ်သည်။ အဆင့်မြင့်ပညာရေး၊ သိပ္ပံသုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနမှ ဝန်ကြီးများ သို့မဟုတ် ဒုတိယဝန်ကြီးများကိုလည်း ပြင်ဆင်မှုများလုပ်ဆောင်ခဲ့သည်။

ဇွန်လ လလယ်ပိုင်းတွင် ပေထုံတန်နှင့် ထိုင်းနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့၏ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသအခြေအနေနှင့် စပ်လျဉ်း၍ ဖုန်းခေါ်ဆိုသည့်အသံဖိုင် ပေါက်ကြားခဲ့ရာ ထိုင်းနိုင်ငံ၌ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့၏ ဒုတိယအကြီးဆုံးပါတီဖြစ်သည့် Bhumjaithai ပါတီက ထိုညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ကြောင်း၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Anutin Charnvirakul စသည့် Bhumjaithai ပါတီမှ အစိုးရအဖွဲ့ဝင်အားလုံးလည်း နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

ပြန်လည်ဖွဲ့စည်းထားသည့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့ဝင်အသစ်များ ဇူလိုင် ၃ ရက်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနေစဉ် (ဓာတ်ပုံ – ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး)

 

———————–
(Chinese Version)
泰国新内阁成员宣誓就职
新华社曼谷7月3日电(记者高博 任芊)代理行使总理职权的泰国副总理兼交通部长素里亚·庄龙琅集3日率领改组后的新内阁成员向泰国国王玛哈·哇集拉隆功宣誓就职。
泰国公共广播电视台当天播放了新内阁成员宣誓就职的电视画面。其中,被停职的总理佩通坦宣誓就任文化部长。
泰国宪法法院1日宣布,受理有关调查总理佩通坦是否存在违宪行为的请愿书,并决定即日起暂停佩通坦行使总理职权。根据泰国政府宪报网站1日早些时候发布的内阁改组公报,佩通坦兼任文化部长,原副总理兼国防部长普坦改任副总理兼内政部长。高等教育、科研和创新部,农业与合作部,商务部,教育部等部门的部长或副部长也进行了调整。
6月中旬,佩通坦同柬埔寨参议院主席洪森关于泰柬边境局势的一段通话录音流出,在泰国引发争议。执政联盟第二大党自豪泰党宣布退出执政联盟,副总理兼内政部长阿努廷等所有自豪泰党内阁成员辞职。(完)
1、7月3日,在泰国曼谷律实宫,代理行使总理职权的泰国副总理兼交通部长素里亚·庄龙琅集率领改组后的新内阁成员向泰国国王玛哈·哇集拉隆功宣誓就职。新华社发(泰国王室宫务处供图)
2、7月3日,改组后的泰国新内阁成员在曼谷总理府合影。新华社发(泰国总理府供图)