Africa & Middle East
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကို အီရန် ရပ်ဆိုင်းလိုက်သည့်အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ဆို

ကုလသမဂ္ဂ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂအနေဖြင့် အီရန်က အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်း ဒူဂျာရစ်က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂဘက်က အီရန်၏ ဆုံးဖြတ်ချက်ကို သတိပြုမိကြောင်း၊ ဤဆုံးဖြတ်ချက်က “သိသာထင်ရှားတဲ့ စိုးရိမ်ပူပန်စရာ” ဖြစ်ကြောင်း စတက်ဖန်း ဒူဂျာရစ်က ဇူလိုင် ၂ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဂူတာရက်စ်သည် အီရန်နှင့် အခြားသော နိုင်ငံအားလုံးကို IAEA နှင့် ပူးပေါင်းဆောင်ရွက်ရန် အစဉ်အမြဲတိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီ ဘရုစ်စ်က အီရန်တွင် ငြိမ်းချမ်းသာယာဝပြောသော လမ်းအား ရွေးချယ်ရန်၊ အခြေအနေကို ပြောင်းလဲနိုင်သော အခွင့်အရေး ရှိလျက်သား IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုကို အီရန် ဆိုင်းငံ့ခြင်းသည် “လက်ခံနိုင်ဖွယ်မရှိကြောင်း” ပြောကြားခဲ့သည်။
အီရန်လွှတ်တော်က ဇွန် ၂၅ ရက်တွင် ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုခဲ့ပြီး အီရန်နှင့် IAEA အကြား ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့သည်။ ဤဥပဒေမူကြမ်းသည် IAEA မှ စောင့်ကြည့်လေ့လာသူများ အီရန်နိုင်ငံတွင်းသို့ လာရောက်စစ်ဆေးခြင်းကို တားမြစ်ထားသည်။ အီရန်နျူကလီးယားအဆောက်အအုံ လုံခြုံရေးနှင့် အီရန်၏ ငြိမ်းချမ်းစွာ နျူကလီးယားစွမ်းအင် အသုံးချခွင့်ကို အာမခံချက်ပေးနိုင်ပြီး အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ရရှိမှသာလျှင် ဝင်ခွင့်ရှိမည်ဖြစ်သည်။ အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အီရန်နှင့် IAEA အကြား ပူးပေါင်းဆောင်ရွက်မှု ယာယီရပ်ဆိုင်းရန် ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်ဟု အီရန် Mehr သတင်းဌာန၏ ဇူလိုင် ၂ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။ (Xinhua)
…………………………………
(Chinese Version)
联合国对伊朗暂停与国际原子能机构合作表示担忧
新华社联合国7月2日电(记者尚绪谦)联合国秘书长发言人迪雅里克2日说,联合国方面对伊朗宣布暂停与国际原子能机构合作表示担忧。
迪雅里克在2日的例行记者会上说,联合国方面注意到伊朗的决定,这一决定“显然令人担忧”。他说,古特雷斯一向呼吁伊朗以及其他所有国家与国际原子能机构合作。
同一天,美国国务院发言人塔米·布鲁斯表示,伊朗暂停与国际原子能机构合作“不可接受”,伊朗本有机会扭转局势,选择和平繁荣之路。
伊朗议会6月25日批准了一项法案,暂停伊朗与国际原子能机构的合作。该法案禁止国际原子能机构观察员进入伊朗境内进行核查,除非能够保障伊朗核设施安全以及伊朗和平利用核能的权利,并且需要得到伊朗国家最高安全委员会批准。据伊朗迈赫尔通讯社2日报道,伊朗总统佩泽希齐扬批准了伊朗暂停与国际原子能机构合作的法案。(完)
图说:2024年9月16日,伊朗总统佩泽希齐扬在首都德黑兰举行的首场新闻发布会上讲话。新华社记者 沙达提 摄