Europe
ဆွစ်ဇာလန်နိုင်ငံက အီရန်နိုင်ငံတွင် သံရုံး ပြန်လည်ဖွင့်လှစ်

ဂျီနီဗာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံက အီရန်နိုင်ငံအတွင်း မငြိမ်သက်မှုများကြောင့် ဇွန် ၂၀ ရက်ကစ၍ ယာယီပိတ်ထားခဲ့သော တီဟီရန်မြို့ရှိ ၎င်း၏ သံရုံးကို ဇူလိုင် ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး Nadine Olivieri Lozano နှင့် အဖွဲ့သည် ဇူလိုင် ၅ ရက်က တီဟီရန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဖက်ဒရယ်နိုင်ငံခြားရေးရာဌာန (Federal Department of Foreign Affairs) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဌာန၏ အဆိုအရ ဘက်ပေါင်းစုံအန္တရာယ် အကဲဖြတ်မှုအပြီးတွင် သံရုံးလုပ်ငန်းများ ပြန်လည်စတင်ရန် ဆုံးဖြတ်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေများအရ သံရုံးလုပ်ငန်းများကို တဖြည်းဖြည်းချင်း ပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း အဆိုပါ ဌာနက မှတ်ချက်ပြုခဲ့သည်။ သို့သော် ဗီဇာထုတ်ပေးခြင်းအပါအဝင် အခြားကောင်စစ်ဝန်ရုံးလုပ်ငန်းများကိုမူ လောလောဆယ် ဆိုင်းငံ့ထားဆဲဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံသည် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေဆဲဖြစ်ပြီး ၎င်း၏ နိုင်ငံတကာမိတ်ဖက်များနှင့် ပုံမှန်ဆက်သွယ်မှုများ ပြုလုပ်နေကြောင်း ဖက်ဒရယ်နိုင်ငံခြားရေးရာဌာနက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
Switzerland reopens embassy in Iran
GENEVA, July 6 (Xinhua) — The Swiss embassy in Tehran reopened on Sunday after being temporarily closed on June 20 due to instability in Iran.
Ambassador Nadine Olivieri Lozano and a small team returned to Tehran on Saturday, the Federal Department of Foreign Affairs (FDFA) said in a statement.
According to the FDFA, the decision to resume operations followed a comprehensive risk assessment.
The current conditions allow for a gradual resumption of embassy activities on site, the FDFA noted. However, consular services, including the issuing of visas, remain suspended for the time being.
Switzerland continues to closely monitor developments in the region and remains in regular contact with its international partners, the FDFA added.