Connect with us

Africa & Middle East

တရုတ်နိုင်ငံက အာဖရိက၏ ယုံကြည်အားထားရသော မိတ်ဖက်နိုင်ငံဖြစ်တယ်ဟု ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ အာဖရိက စီးပွားရေးကော်မရှင် အမှုဆောင်အတွင်းရေးမှူး ဆို

အဒစ်အဘာဘာ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အာဖရိက၏ ယုံကြည်အားထားရသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ အာဖရိက စီးပွားရေးကော်မရှင် အမှုဆောင်အတွင်းရေးမှူး Claver Gatete က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။Gatete က အဆိုပါနေ့တွင် အီသီယိုးပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာရှိ ကုလသမဂ္ဂဆိုင်ရာ အာဖရိက စီးပွားရေးကော်မရှင်၌ ကုလသမဂ္ဂဆိုင်ရာ အာဖရိက စီးပွားရေးကော်မရှင် တရုတ်ကိုယ်စားလှယ်အသစ်၊ အာဖရိကသမဂ္ဂအဖွဲ့ဆိုင်ရာ တရုတ်နိုင်ငံအဖွဲ့အကြီးအကဲ ကျန်ဖုန်း၏ အပြည့်အဝတာဝန်ခံအပ်ခြင်းဆိုင်ရာ သဝဏ်လွှာပေးအပ်ခြင်းကို လက်ခံခဲ့သည်။ Gatete က ကျန်ဖုန်း တာဝန်အသစ်ထမ်းဆောင်ခြင်းကို ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံဘက်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေကာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ကူညီသွားလိုကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက အာဖရိကနိုင်ငံများအပေါ် စည်းကြပ်ခွန်ကင်းလွတ်ခွင့်ပေးခြင်းအပေါ် အထူးချီးကျူးပြောကြားခဲ့သည်။

အာဖရိက စီးပွားရေးကော်မရှင်က အာဖရိက စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းအပေါ် ကျန်ဖုန်းက တန်ဖိုးထားချီးကျူးခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အာဖရိက စီးပွားရေးကော်မရှင်နှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေး၏ အောင်မြင်မှုရလဒ်များကို လက်တွေ့ဖော်ဆောင်ကာ ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
联合国副秘书长兼非经委执秘:中国是非洲值得信赖的合作伙伴
新华社亚的斯亚贝巴7月9日电(记者刘方强)联合国副秘书长兼非洲经济委员会执行秘书克拉韦尔·加泰特8日表示,中国是非洲值得信赖的合作伙伴。
加泰特当天在位于埃塞俄比亚首都亚的斯亚贝巴的联合国非洲经济委员会,接受中国新任驻联合国非洲经济委员会代表、驻非盟使团团长蒋烽递交全权证书。加泰特欢迎蒋烽履新,并表示愿同中方加强合作,助力中非合作高质量发展。他高度评价中方给予非洲国家的零关税待遇。
蒋烽赞赏非经委在推动非洲经济社会发展中发挥的重要作用,并表示中方愿同非经委携手落实中非合作论坛北京峰会成果,共筑新时代全天候中非命运共同体。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.