International Organizations
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ အရေးပေါ် တံခါးပိတ်အစည်းအဝေးခေါ်ယူကျင်းပ၊ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းမည်ဟု ထိုင်း-ကမ္ဘောဒီးယားတို့က အသီးသီး အဆိုပြု

ကုလသမဂ္ဂ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီက ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် အရေးပေါ် တံခါးပိတ်အစည်းအဝေးကျင်းပခဲ့ရာ ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်က ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းမည်ဟု အသီးသီး အဆိုပြုခဲ့သည်။
ထိုင်းနိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်အညီ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရန် အားထားဆောင်ရွက်လျက် လွန်ခဲ့သော နှစ်လတွင် နှစ်ဖက်ယန္တရားများမှတစ်ဆင့် ကမ္ဘောဒီးယားဘက်နှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံခဲ့သော်လည်း ကမ္ဘောဒီးယားဘက်က အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှုများကို ရှောင်ရှားခဲ့ပြီး ၎င်း၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ရန်အတွက် အဆိုပါပြဿနာကို နိုင်ငံတကာ အသွင်ကူးပြောင်းရန် ကြိုးပမ်းခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ရန်လိုမှုနှင့် ကျူးကျော်ထိပါးသော အပြုအမူများကို ချက်ချင်းရပ်တန့်ပြီး သဘောထားအမှန်ထားရှိသော ဆွေးနွေးမှု ပြန်လည်ထူထောင်ရန် ထိုင်းနိုင်ငံက တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ ထိုင်းနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Cherdchai Chaivaivid က အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ချွင်းချက်မရှိ အပစ်အခတ်ရပ်စဲရန်၊ ထိုင်းနိုင်ငံနှင့် နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Chhea Keo က အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ဇူလိုင် ၂၄ ရက်က နယ်စပ်ဒေသတွင် ပဋိပက္ခဖြစ်ပွားခဲ့ရာ နှစ်ဖက်လုံးက တစ်ဖက်အား နိုင်ငံတကာဥပဒေ ချိုးဖောက်ခဲ့သည်ဟု အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရန် တိုက်တွန်းကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က ဇူလိုင် ၂၄ ရက်တွင် ကုလသမဂ္ဂထံ စာပေးပို့ခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
安理会就泰柬边境冲突召开紧急闭门会议 泰柬各自提出通过和平手段解决争端
新华社联合国7月25日电 联合国安理会25日下午就泰柬边境冲突召开紧急闭门会议,泰柬双方各自提出通过和平手段解决争端。
据泰国外交部发布的信息,泰国常驻联合国代表奇猜在会上说,泰方坚决致力于根据联合国宪章通过和平手段解决争议,过去两个月积极通过双边机制与柬方接触,但柬方回避有意义的对话并寻求将问题国际化以实现其政治目的。泰方敦促柬方立即停止所有敌对和侵略行为,并恢复有诚意的对话。
柬埔寨常驻联合国代表谢胶在会后说,柬方呼吁立即无条件停火,以和平方式解决与泰方的边境争端。
泰国和柬埔寨24日在边境地区发生冲突,双方互相指责对方违反国际法。柬埔寨首相洪玛奈24日致信联合国方面,呼吁安理会召开紧急会议。(完)
Caption:Cambodian villagers living near the border in Oddar Meanchey province flee their homes to seek refuge in Siem Reap province, Cambodia, July 25, 2025. (Photo by Sao Khuth/Xinhua)