Europe
ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ် အနီးတစ်ဝိုက် အင်အားပြင်းငလျင်ကြောင့် တစ်ကမ္ဘာလုံး ဒေသအများအပြား၌ ဆူနာမီသတိပေးချက်များ ထုတ်ပြန်

ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်အနီးပင်လယ်ပြင်၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်၏ သက်ရောက်မှုကြောင့် ရုရှား၊ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို စသည့် ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းရှိ ဒေသအများအပြားတွင် ဆူနာမီ ကြိုတင်သတိပေးချက် သို့မဟုတ် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရုရှားသိပ္ပံအကယ်ဒမီ ဘူမိရူပဗေဒဆိုင်ရာ ပေါင်းစပ်ဝန်ဆောင်မှုအဖွဲ့ Kamchatka ဌာနခွဲ၏ ဇူလိုင် ၃၀ ရက်တွင် လူမှုမီဒီယာ၌ သတင်းထုတ်ပြန်ချက်အရ Kamchatka ကျွန်းဆွယ် အနီးတစ်ဝိုက် ပင်လယ်ပြင်၌ ဇူလိုင် ၃၀ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ပြင်းအားကို ၈.၇ အဆင့်အဖြစ် ပြင်ဆင်ခဲ့ကြောင်း၊ ယင်းသည် ၁၉၅၂ ခုနှစ်မှစ၍ အဆိုပါဒေသတွင် လှုပ်ခတ်ခဲ့သည့် အင်အားအပြင်းဆုံး ငလျင်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Kamchatka ဒေသ Yelizovsky ခရိုင် ကမ်းရိုးတန်းတွင် ၃ မီတာမှ ၄ မီတာအမြင့်ရှိသည့် ဆူနာမီလှိုင်းလုံးများကို စောင့်ကြည့်တိုင်းတာတွေ့ရှိရကြောင်း ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Kamchatka ဒေသ အရေးပေါ်အခြေအနေဌာန သတင်းအရသိရသည်။ သက်ဆိုင်ရာဒေသမှ လူအားလုံး ရေပြင်နှင့်ဝေးကွာသော မြေပြင်အနေအထား အသင့်အတင့်မြင့်မားသည့်ဒေသသို့ ချက်ချင်းရွှေ့ပြောင်းရန်လည်း အရေးပေါ်အခြေအနေဌာနက သတိပေးထားသည်။
ဂျပန်မိုးလေဝသအေဂျင်စီက ဇူလိုင် ၃၀ ရက်တွင် ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းဒေသအများအပြားအပေါ် ဆူနာမီကြိုတင်သတိပေးချက်နှင့် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ဆူနာမီသည် ဒေသစံတော်ချိန် ဇူလိုင် ၃၀ ရက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးသို့ ရောက်ရှိခဲ့ကြောင်း၊ ဟော့ကိုင်းဒိုး ဒေသအများအပြားတွင် ၀.၃ မီတာမှ ၀.၄ မီတာရှိသည့် ဆူနာမီရေလှိုင်းများ တိုင်းတာတွေ့ရှိရကြောင်း ဂျပန် NHK သတင်းဌာနက ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်သုတေသနဌာနက ယင်းနိုင်ငံ ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းဒေသတွင် ၁ မီတာမပြည့်သည့် ဆူနာမီရေလှိုင်းများ ပေါ်ထွက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ပထမအသုတ် ဆူနာမီရေလှိုင်းများသည် ထိုနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်မှ ၂ နာရီ ၄၀ မိနစ်အတွင်း ရောက်ရှိလာမည်ဟု ခန့်မှန်းရကြောင်း၊ ဆူနာမီရေလှိုင်းများ လှုပ်ရှားသည့်အချိန်သည် နာရီအနည်းငယ် ကြာရှည်နိုင်ကြောင်း ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီကလည်း ကြေညာချက်ထုတ်ပြန်၍ ယခုအကြိမ် အင်အားပြင်းငလျင်ကြောင့် အဝေးဆူနာမီဖြစ်ပွားစေနိုင်သည့် ဖြစ်နိုင်ခြေရှိပြီး အင်ဒိုနီးရှားနိုင်ငံ အချို့သော ကမ်းရိုးတန်းဒေသအပေါ် ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ကြိုတင်သတိပေးချက် အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံ ဒေသအများအပြားတွင် ၀.၅ မီတာအောက်နိမ့်သော ဆူနာမီရေလှိုင်းများ ပေါ်ထွက်နိုင်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့ (USGS) အမျိုးသားဆူနာမီသတိပေးစင်တာက ငလျင်လှုပ်ခတ်ပြီးနောက် အလက်စကာပြည်နယ် အလူးရှင်းကျွန်းစုနှင့် ဟာဝိုင်ယီပြည်နယ်တို့တွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ အိုရီဂွန်ပြည်နယ်နှင့် ဝါရှင်တန်ပြည်နယ်တို့တွင် ဆူနာမီကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ဂူအမ်ကျွန်းနှင့် အမေရိကန် ဆမိုးအားဒေသတို့တွင်လည်း ဆူနာမီ ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ငလျင်ကြောင့်ဖြစ်ပေါ်လာသည့် ပထမအသုတ် ဆူနာမီရေလှိုင်းများသည် ဟာဝိုင်ယီပြည်နယ် ဒေသစံတော်ချိန် ဇူလိုင် ၂၉ ရက် ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် အဆိုပါကျွန်းစုများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပြီး ဖျက်ဆီးနိုင်သော ဆူနာမီများ ဖြစ်ပေါ်နိုင်ခြေရှိကြောင်း၊ ဟာဝိုင်ယီပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဌာနက ၎င်း၏ အရေးပေါ်လှုပ်ရှားမှုစင်တာနှင့် ပူးတွဲသတင်းအချက်အလက်စင်တာများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အမေရိကန်မီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။
ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ်က အဆိုပါပြည်နယ် ကမ်းရိုးတန်းဒေသအား ဆူနာမီကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး အဆိုပါပြည်နယ်ကမ်းရိုးတန်းတွင် “ဆူနာမီရေလှိုင်းများ အကြိမ်များစွာ” ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ သို့သော် လှိုင်းလုံးအမြင့်သည် ၀.၃ မီတာပင် မပြည့်နိုင်ကြောင်း၊ ပထမအသုတ် ဆူနာမီရေလှိုင်းသည် ဒေသစံတော်ချိန် ဇူလိုင် ၂၉ ရက် ည ၁၀ နာရီ ၀၅ မိနစ်တွင် လန်ဂါရာကျွန်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။
မက္ကဆီကိုနိုင်ငံ အစိုးရကလည်း ဒေသခံပြည်သူများ ကမ်းခြေဒေသနှင့် ဝေးရာတွင်နေထိုင်ရန် ဌာနဆိုင်ရာအဆင့်ဆင့်အား တောင်းဆိုထားကြောင်း သိရသည်။ (Xinhua)

ရုရှားနိုင်ငံ Kamchatka ဒေသ Petropavlovsk-Kamchatsky မြို့တွင် ငလျင်ကြောင့် ပျက်စီးသွားသော မူကြိုကျောင်းအား ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Government of the Kamchatka Territory of Russia)
——————
(Chinese Version)
俄堪察加半岛附近海域强震引发全球多地发布海啸预警
新华社北京7月30日电 综合新华社驻外记者报道:受俄罗斯堪察加半岛附近海域发生强烈地震影响,俄罗斯、日本、菲律宾、印度尼西亚、美国、加拿大、墨西哥等太平洋沿岸多地发布海啸预警或警报。
俄罗斯科学院“统一地球物理局”堪察加分部30日在社交媒体上发布消息,将堪察加半岛附近海域30日发生的地震震级修正为8.7级,这是1952年以来该地区发生的最强地震。
据俄远东堪察加边疆区紧急情况部门消息,目前已在该州伊利佐夫区沿岸监测到3至4米高的海啸波。紧急情况部门警告相关地区所有人员立即撤离至远离水域的地势较高地带。
日本气象厅30日对太平洋沿岸多个地区发布海啸预警和警报。据日本广播协会报道,海啸于当地时间30日10时30分左右抵达日本北海道,北海道多地观测到0.3至0.4米的海啸波。
菲律宾火山地震研究所30日上午说,该国太平洋沿海地区预计将出现不到一米的海啸波。第一波海啸波预计当天13时20分至14时40分之间抵达。海啸波活动时间可能持续数小时。
印尼气象、气候和地球物理局发布公告说,此次强震具备引发远距离海啸的可能性,对印尼部分沿海地区构成威胁。预警数据显示,印尼多地可能出现低于0.5米的海啸波。
美国国家气象局国家海啸预警中心在地震发生后,对阿拉斯加阿留申群岛和夏威夷发布海啸警报,对加利福尼亚州、俄勒冈州和华盛顿州发布海啸预警,同时还对关岛和美属萨摩亚发布海啸预警。
据美国媒体报道,地震引发的第一波海啸预计于夏威夷当地时间29日19时10分左右抵达该群岛,可能出现破坏性海啸。夏威夷州应急管理部门已启动其紧急行动中心和联合信息中心。
加拿大不列颠哥伦比亚省对该省沿海地区发布海啸预警,预计该省海岸将出现“多次海啸波”,但浪高不足0.3米。第一波海啸波预计将于当地时间29日22时05分抵达兰加拉岛。
墨西哥政府要求各级部门动员当地民众远离海滩。(完)
图说:这是7月30日拍摄的俄罗斯堪察加彼得罗巴甫洛夫斯克市在地震中受损的幼儿园。新华社发(俄罗斯勘察加边疆区政府供图)