Connect with us

International Organizations

ဘိုတာဖိုဂို ဂိုးသမား ဂျွန်ဗစ်တာအား ဝက်စ်ဟမ်းအသင်း ကမ်းလှမ်း

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ဘရာဇီးကလပ် ပါလ်မီးရက်စ်အသင်းနှင့် ဘိုတာဖိုဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်၌ ဘိုတာဖိုဂိုအသင်း ဂိုးသမား ဂျွန် (အပေါ် ) ဂိုးကာကွယ်ရန် ကြိုးပမ်းနေပုံကို ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းယူနိုက်တက်အသင်းက ဘိုတာဖိုဂိုအသင်း ဂိုးသမား ဂျွန်ဗစ်တာအား ခေါ်ယူရန် တရားဝင်ကမ်းလှမ်းခဲ့ကြောင်း ဘရာဇီးမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ရီယိုဒီဂျနေးရိုးအခြေစိုက် ဘိုတာဖိုဂိုအသင်းက ယူရို ၈ သန်း (ဒေါ်လာ ၉.၃ သန်း) ဖြင့် ကနဦး ကမ်းလှမ်းမှုအား ပယ်ချခဲ့သော်လည်း ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းလာပါက စဉ်းစားသွားမည်ဖြစ်ကြောင်း Globo Esporte သတင်းစာက ဩဂုတ် ၂ ရက်၌ ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ဘရာဇီးကလပ် ပါလ်မီးရက်စ်အသင်းနှင့် ဘိုတာဖိုဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်၌ ဘိုတာဖိုဂိုအသင်း ဂိုးသမားဂျွန် လက်ဟန်ခြေဟန်ဖြင့် ညွှန်ပြနေပုံကို ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မန်ချက်စတာယူနိုက်တက်နှင့် အဲဗာတန်အသင်းတို့ကလည်း အဆိုပါ အသက် ၂၉ နှစ်အရွယ် ကစားသမားအား စိတ်ဝင်စားလျက်ရှိကြောင်း Globo Esporte က ဆိုသည်။ ဂျွန်မှာ ယမန်နှစ် ဇန်နဝါရီလတွင် ဆန်းတို့စ်အသင်းမှ ဘိုတာဖိုဂိုအသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်း၌ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးကြောင်း သိရသည်။

ဗစ်တာမှာ ယမန်နှစ်က ဘိုတာဖိုဂိုအသင်း ချန်ပီယံဖြစ်ခဲ့သည့် ဘရာဇီး စီးရီးအေပြိုင်ပွဲနှင့် ကိုပါလစ်ဘာတာဒိုးရက်စ် ပြိုင်ပွဲနှစ်ခုစလုံး၏ အကောင်းဆုံးဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ဝက်စ်ဟမ်းအသင်း၏ လက်ရှိလူစာရင်းတွင် ဘရာဇီးကစားသမားနှစ်ဦး ပါဝင်နေပြီး ၎င်းတို့မှာ ကွင်းလယ်လူ လူးကက်စ် ပါကေတာနှင့် တောင်ပံကစားသမား လူးဝစ်စ် ဂီလ်ဟာမီတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………………………
(English Version)
Botafogo goalkeeper John on West Ham radar
RIO DE JANEIRO, Aug. 2 (Xinhua) — West Ham United has made a formal offer to sign Botafogo goalkeeper John Victor, according to media reports in Brazil.
The Rio de Janeiro club rejected an initial bid of eight million euros (9.3 million U.S. dollars) but is now considering a counteroffer, Globo Esporte reported on Saturday.
It added that Manchester United and Everton had also shown interest in the 29-year-old. John is currently contracted to Botafogo until 2028, having joined the club from Santos in January last year.
He was named the best goalkeeper in last year’s Brazilian Serie A and Copa Libertadores, competitions that were both won by Botafogo.
West Ham currently has two Brazilians in its squad: midfielder Lucas Paqueta and winger Luis Guilherme. ■
English Caption 1
Botafogo’s goalkeeper John (Up) saves the ball during the round of 16 football match between Brazil’s Palmeiras and Brazil’s Botafogo at the FIFA Club World Cup 2025 in Philadelphia, the United States, June 28, 2025. (Xinhua/Wu Xiaoling)
English Caption 2
Botafogo’s goalkeeper John gestures during the round of 16 football match between Brazil’s Palmeiras and Brazil’s Botafogo at the FIFA Club World Cup 2025 in Philadelphia, the United States, June 28, 2025. (Xinhua/Wu Xiaoling)