Asia
အိန္ဒိယအနေဖြင့် မိမိ၏စီးပွားရေး အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်ဟု မိုဒီဆို

နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ကမ္ဘာ့စီးပွားရေးသည် မသေချာမရေရာမှု အကြောင်းအရာများစွာနှင့် ရင်ဆိုင်နေရချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် မိမိ၏ စီးပွားရေး အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်ဟု အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီသည် မကြာသေးမီရက်က ဥတ္တရာပရာဒက်ရှ်ပြည်နယ်၌ ကျင်းပသော လူထုအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။
ဩဂုတ် ၂ ရက်တွင် မိုဒီ၏ ဤပြောဆိုမှုများသည် ယင်းမတိုင်မီက အမေရိကန်သမ္မတ ထရမ့်က အိန္ဒိယကို “သေဆုံးနေသောစီးပွားရေး” ဟုခေါ်ဆိုမှုအပေါ် တုံ့ပြန်ခြင်း ဖြစ်နိုင်သည်ဟု အိန္ဒိယမီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယအစိုးရအနေဖြင့် ဦးစားပေးလုပ်ရမည့်တာဝန်တွင် လယ်သမားများ ဖူလုံရေးနှင့် အသေးစားစက်မှုလုပ်ငန်းများကို ကာကွယ်ရေးတို့ ပါဝင်ကြောင်း မိုဒီက ပြောကြားခဲ့သည်။ အမေရိကန်-အိန္ဒိယ နှစ်ဖက်သည် လတ်တလောတွင် ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲများစွာ ပြုလုပ်ခဲ့သော်လည်း အိန္ဒိယဘက်က အမေရိကန်၏ စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများအပေါ် စည်းကြပ်ခွန်သက်သာခွင့်ပေးရန် အစဉ် ငြင်းဆိုခဲ့ကြောင်း၊ သို့သော် ယင်းမှာ အမေရိကန်က စေ့စပ်ဆွေးနွေးမှုတွင် အဆိုပြုသည့် အဓိကတောင်းဆိုချက်ဖြစ်ကြောင်း သတင်းများအရ သိရသည်။
ထို့အပြင် မိုဒီက အိန္ဒိယ “ပြည်တွင်းထုတ်ကုန်” များ မြှင့်တင်ရေး အဆိုပြုချက်ကိုလည်း အစပြုခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
莫迪称印度必须保护自身经济利益
新华社新德里8月4日电 印度总理莫迪日前在北方邦一场集会上表示,在全球经济面临多重不确定性因素的背景下,印度必须保护自身经济利益。
印度媒体报道,莫迪2日的这番言论可能意在回应此前美国总统特朗普称印度是“死亡经济体”。
莫迪表示,印度政府的首要任务包括保障农民福利、保护小型产业等。据报道,美印双方近期举行多轮贸易谈判,但印度一直拒绝给予美国农业和乳业关税优惠,而这是美国在谈判中提出的关键要求。
此外,莫迪还发起推广印度“国货”的倡议。(完)
图说:印度总理莫迪8月2日在印度北方邦城市瓦拉纳西的一个集会上发表讲话。(图片来自莫迪办公室网站)