Connect with us

Africa & Middle East

ဂျော်ဒန်၊ ဆီးရီးယားနှင့် အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ သြဂုတ် ၁၂ ရက်တွင် ကျင်းပမည်

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့တွင် အဆောင်များ စုပေါင်းတည်ရှိရာနေရာတစ်ခုအား လက်နက်ကိုင်အဖွဲ့များက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်၌ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးရုံတစ်ခုအပြင်ဘက်၌ စောင့်ဆိုင်းနေသူများကို တွေ့ရစဥ် (ဆင်ဟွာ)

အမ်မန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
ဆီးရီးယားအရေး ဆွေးနွေးရန် ဆီးရီးယား၊ အမေရိကန်တို့နှင့် သုံးနိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ဂျော်ဒန်နိုင်ငံက သြဂုတ် ၁၂ ရက်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသည် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အခြေခံအုတ်မြစ်များအား ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေး မြှင့်တင်နိုင်ရန် နည်းလမ်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်အရ ဆီးရီးယား နိုင်ငံခြားရေး အကြီးအကဲ အာဆတ် ဟက်ဆန် အယ်လ်-ရှီဘာနီ၊ တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့် ဆီးရီးယားနိုင်ငံဆိုင်ရာ အထူးသံတမန် သောမတ်စ် ဘာရက်ခ်နှင့် သုံးနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသည် ဆီးရီးယားနိုင်ငံတောင်ပိုင်း ဆွီဒါပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန်နှင့် အကျပ်အတည်း ဖြေရှင်းရေးအတွက် ဇူလိုင် ၁၉ ရက်က အမ်မန်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီက အယ်လ်-ရှီဘာနီ၊ ဘာရက်ခ်တို့နှင့် သီးခြားစီလည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
——————-
(English Version)
Jordan, Syria, U.S. to hold trilateral talks Tuesday

AMMAN, Aug. 10 (Xinhua) — Jordan will host a trilateral meeting with Syria and the United States on Tuesday to discuss the situation in Syria, the Jordanian Foreign Ministry said Sunday.
The meeting will discuss ways to advance Syria’s reconstruction on foundations ensuring security, stability, and sovereignty, said the ministry in a statement.
According to the statement, Syrian foreign affairs chief Asaad Hassan al-Shibani, U.S. Ambassador to Türkiye and Special Envoy for Syria Thomas Barrack, and representatives from relevant institutions in the three countries will attend the meeting.
The talks build on a meeting held in Amman on July 19 that focused on consolidating a ceasefire in Syria’s southern Sweida province and resolving the crisis there.
Jordanian Foreign Minister Ayman Safadi will also hold separate talks with al-Shibani and Barrack, the statement added. ■

English Caption
People wait outside a hospital after armed groups fired shells at a dormitory complex in Aleppo city, northern Syria, on Nov. 29, 2024. (Str/Xinhua)