Connect with us

Asia

ရာထူးမှဆိုင်းငံ့ခံထားရသည့် ထိုင်းဝန်ကြီးချုပ် ကျင့်ဝတ်ချိုးဖောက်မှုစွပ်စွဲချက်များ ကြားနာရန် တရားရုံး တက်ရောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးသို့ တက်ရောက်လာသည့် ပေထုန်တန် ရှင်နာ ဝပ်ထရာကို ၂၀၂၅ ခုနှစ် သြဂုတ် ၂၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဘန်ကောက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

ရာထူးမှဆိုင်းငံ့ခံထားရသည့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာသည် ကျင့်ဝတ်ချိုးဖောက်မှု စွဲချက်များအပေါ် ကြားနာရန် သြဂုတ် ၂၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးသို့ တက်ရောက်လာခဲ့သည်။
ရာထူးမှဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် တက်‌ရောက်ခဲ့သည့် တရားရုံးကြားနာမှုကို ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီတွင် စတင်ခဲ့ပြီး အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် Chatchai Bangchuad က သက်သေထွက်ချက်များ တင်ပြခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး ဥက္ကဋ္ဌ Nakharin Mektrairat က တရားရုံးသက်သေခံချက်များ ထွက်ဆိုနေစဥ်အတွင်း အမျိုးသားလုံခြုံရေးအား ဂယက်ရိုက်ခတ်ဖြစ်ပေါ်ခဲ့သော ရုပ်ပုံများနှင့် အသံဖိုင်များ ထုတ်လွှင့်ခြင်းကို တားမြစ်ကြောင်း ပြောကြားခဲ့သည်။
တက်ရောက်သူများအနေဖြင့် ပြည်သူကိုနားလည်မှု မှားယွင်းစေမည့်အမူအရာများနှင့် မည်သည့်အကြောင်းအရာကိုမဆို ‌အကျိုးအမြတ်အတွက် ဖြန့်ချိခြင်း အချက်အလက်များနှင့် ဥပဒေပြန်ဆိုချက်များအပေါ် မမှန်မကန်လိုရာဆွဲပြောဆိုခြင်းများကို တရားရုံးက တားမြစ်ကြောင်း Nakharin က ပြောကြားခဲ့သည်။
တရားလိုနှင့်တရားခံနှစ်ဖက်စလုံးဘက်မှ ၎င်းတို့၏ အကျဥ်းချုပ်တင်ပြချက်များအား တင်သွင်းရန် နောက်ဆုံးနေ့ကို သြဂုတ် ၂၅ ရက်ဟု သတ်မှတ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
လာမည့်သီတင်းပတ် ဩဂုတ် ၂၁ ရက် ကြားနာမှုအတွက် တရားရုံး ထပ်တိုးသက်သေ နှစ်ဦးကို ထပ်မံဆင့်ခေါ်ရန် ဆုံးဖြတ်ခဲ့ပြီး တရားရုံးဆုံးဖြတ်ချက်ကို သြဂုတ် ၂၉ ရက်တွင် အပြီးသတ်စီရင်ချက်ချမည်ဟု ရက်သတ်မှတ်ခဲ့သည်။
ကမ္ဘောဒီးယား နယ်စပ်ကိစ္စများနှင့်ပတ်သက်၍ဖုန်းပြောဆိုမှု ပေါက်ကြားခဲ့ရာတွင် ဂုဏ်သိက္ခာကင်းမဲ့မှုနှင့် ဆိုးဆိုးရွားရွား ကျင့်ဝတ်ဖောက်ဖျက်ခဲ့သည် ဟူသည့် အထက်လွှတ်တော်အမတ်များ၏ စွပ်စွဲချက်များအပေါ် တရားရုံးက အမှုကို လက်ခံခဲ့ပြီးနောက် ဇူလိုင် ၁ ရက်တွင် ပေထုန်တန်ကို ရာထူးမှ ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………..
(English Version)
Suspended Thai PM attends constitutional court hearing for ethics case
BANGKOK, Aug. 21 (Xinhua) — Suspended Thai Prime Minister Paetongtarn Shinawatra attended a constitutional court hearing on Thursday in a case seeking her dismissal over alleged ethics violations.
The hearing began at 10:30 a.m. local time, with Paetongtarn appearing in court as the defendant and Chatchai Bangchuad, secretary-general of the National Security Council, present for the witness examination.
Constitutional Court President Nakharin Mektrairat said the court would prohibit the broadcasting of images and audio during witness testimony, given the implications for national security.
Nakharin said the court also barred attendees from disseminating any content from the proceedings or distorting facts or legal interpretations in a manner that could mislead the public.
The deadline for both the petitioner and the respondent to submit their closing argument statements has been brought forward to Aug. 25, he added.
Last week, the court decided to summon two additional witnesses for Thursday’s hearing and set a date to hand down its verdict on Aug. 29.
On July 1, the court suspended Paetongtarn after accepting the case petitioned by a group of senators accusing her of lacking integrity and seriously breaching ethical standards over a leaked phone conversation on the border issue with Cambodia.
Photo : Paetongtarn Shinawatra arrives at the Constitutional Court in Bangkok, Thailand, Aug. 21, 2025. (Photo by Rachen Sageamsak/Xinhua)