Connect with us

International Organizations

ပရီးမီးယားလိဂ်၏ နွေရာသီငွေကြေးသုံးစွဲမှု စုစုပေါင်း စံချိန်တင်မြင့်တက်

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်၌ လီဗာပူးလ်အသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၅ ရက်ကယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဂိုးသမား အလီဆွန်ဘက်ကာ (လယ်) ဒဏ်ရာရရှိသွားစဥ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၂၂ (ဆင်ဟွာ)
လိဒ်ယူနိုက်တက်အသင်းက စီးရီးအေအသင်း အေစီမီလန်မှ ဆွစ်ဇာလန်တိုက်စစ်မှူး နိုအာ အိုကာဖိုကို ပေါင် ၁၈ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်သဖြင့် ပရီးမီးယားလိဂ်အသင်းများအားလုံး၏ နွေရာသီငွေကြေးသုံးစွဲမှု စုစုပေါင်းမှာ ပေါင် ၂.၃၇ ဘီလီယံရှိကာ စံချိန်တင်မြင့်တက်ခဲ့သည်။
အသက် ၂၅ နှစ်အရွယ် ကစားသမား အိုကာဖိုက လိဒ်ယူနိုက်တက်အသင်းတွင် လေးနှစ်စာချုပ်ဖြင့် သဘောတူညီမှုရရှိခဲ့ကာ ယင်းက ပရီးမီးယားလိဂ်သို့ ပြန်လည်တက်လှမ်းလာပြီးနောက် လိဒ်ယူနိုက်တက်အသင်း၏ နွေရာသီတွင် ကိုးကြိမ်မြောက် ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့သည်။
အိုကာဖိုမှာ Red Bull Salzburg အသင်းသို့ မပြောင်းမီ ၎င်း၏ ကစားသမားဘဝကို Basel အသင်း၌ စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အေစီမီလန်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းက အေစီမီလန်အသင်းအတွက် ၅၄ ပွဲ ကစားကာ ၇ ဂိုး သွင်းယူခဲ့ပြီး လွန်ခဲ့သည့်ရာသီတွင် နာပိုလီအသင်း၌ အငှားစာချုပ်ဖြင့် ကစားခဲ့သည်။
လိဒ်ယူနိုက်တက်အသင်းသို့ အဆိုပါ အပြောင်းအရွှေ့ပြီးနောက် အိုကာဖိုက ယင်းအပြောင်းအရွှေ့အား ငယ်ဘဝအိပ်မက် အကောင်အထည်ပေါ်မှုအဖြစ် ဖော်ညွှန်းခဲ့သည်။
“ကျွန်တော်ကလေးဘဝတုန်းက ပရီးမီးယားလိဂ်မှာ ကစားဖို့ စိတ်ကူးယဥ်ခဲ့တယ်။ အဲဒါကြောင့် ကျွန်တော့်အတွက် ဆုံးဖြတ်ချက်က တော်တော်ကို လွယ်ကူခဲ့ပါတယ်” ဟု အိုကာဖိုက ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော့်ဘောလုံးက ပရီးမီးယားလိဂ်နဲ့ လိုက်ဖက်တာမို့ ဒါက ကျွန်တော့်အိပ်မက် အမှန်တကယ်ဖြစ်လာသလိုပါပဲ။ ကွင်းထဲကို ခြေချဖို့ အရမ်းကို ရင်ခုန်နေပါပြီ” ဟုလည်း ၎င်းက ဆိုသည်။
လိဒ်ယူနိုက်တက်သို့ အိုကာဖို ရောက်ရှိလာမှုက ပရီးမီးယားလိဂ်၏ ၂၀၂၃ ခုနှစ် နွေရာသီ၌ ငွေကြေးသုံးစွဲမှု စုစုပေါင်းဖြစ်သော စံချိန်တင်ပမာဏ ပေါင် ၂.၃၆ ဘီလီယံကို ကျော်လွန်စေခဲ့ခြင်းဖြစ်သည်။ ယင်းက လက်ရှိအပြောင်းအရွှေ့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏအား မီးမောင်းထိုးပြခဲ့သည်။ (Xinhua)
……………….
(English Version)
Premier League’s total summer spending hits record high

LONDON, Aug. 21 (Xinhua) — Leeds United has completed the signing of Switzerland striker Noah Okafor from Serie A giant AC Milan for 18 million pounds, pushing Premier League clubs’ total summer spending to a record-breaking 2.37 billion pounds.
The 25-year-old has agreed a four-year contract at Elland Road, becoming Leeds’ ninth addition of the summer following its promotion back to the Premier League.
Okafor, who began his career at Basel before moving to Red Bull Salzburg and then Milan in 2023, made 54 appearances for the Italian giants, scoring seven goals. He finished last season on loan at Napoli.
Speaking after the move, Okafor described the transfer as the fulfilment of a childhood dream.
“As a kid, I dreamed of playing in the Premier League. That’s why for me it was quite an easy decision,” he said. “My football suits the Premier League so this is like a dream come true. I can’t wait to step on the field.”
His arrival takes Premier League spending beyond the summer’s record of 2.36 billion pounds in 2023, underlining the scale of investment in the current transfer window. ■

English Caption
Liverpool’s goalkeeper Alisson Becker (C) goes down with an injury during the English Premier League match between Liverpool and Crystal Palace in London, Britain, on Oct. 5, 2024. (Xinhua)