Africa & Middle East
နေတန်ယာဟု အပေါ် ထရမ့်၏ ထောက်ခံမှုများက ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ အဓိကအဟန့်အတားဖြစ်နေကြောင်း အစ္စရေးမီဒီယာ ဆို

ဂျေရုဆလမ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က နောက်ဆုံးသော အပစ်အခတ်ရပ်စဲရေးနှင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အစီအစဉ်အပေါ် အပြုသဘောဆောင်သော တုံ့ပြန်ချက်ပေးခဲ့ရာ ယင်းမှာ ညှိနှိုင်းဆွေးနွေးမှုများကို တွန်းအားပေးသည့် အရေးကြီးသော အခွင့်အလမ်းဖြစ်သင့်သော်လည်း အမှန်တကယ် ဆုံးဖြတ်ခွင့်အာဏာမှာ အမေရိကန်သမ္မတ ထရမ့်၏ လက်ထဲတွင်ရှိကြောင်း၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအပေါ် ၎င်း၏ ထောက်ခံမှုများသည် ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ အဓိကအဟန့်အတားဖြစ်နေကြောင်း အစ္စရေး “Haaretz” သတင်းစာ၏ မကြာသေးမီက ထုတ်ပြန်သော အယ်ဒီတာအာဘော်တွင် ပြောကြားခဲ့သည်။ ဆောင်းပါးအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
ထရမ့်သည် ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန် ရည်ရွယ်ချက်မရှိဘဲ သဘောတူညီချက်ကို လက်ခံခြင်း ရှိ/မရှိအား ဆုံးဖြတ်ခွင့်အာဏာကို နေတန်ယာဟုအား အပြည့်အဝ ပေးအပ်ခဲ့ရာ ယင်းက နေတန်ယာဟု၏ နိုင်ငံရေး တွက်ချက်မှုများတွင် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အား ကျယ်ပြန့်စွာ ကန့်သတ်ခြင်းခံခဲ့ရကြောင်း၊ နေတန်ယာဟုသည် တိုက်ပွဲကာလကို ရှေ့ဆက်ခြင်းဖြင့် ၎င်းအာဏာရမဟာမိတ်အဖွဲ့များ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းထားပြီး ယင်းမှတစ်ဆင့် ရွေးကောက်ပွဲများကို နှောင့်နှေးစေရန် အစဉ်အမြဲလိုပင် ကြိုးပမ်းခဲ့ကြောင်း၊ ၎င်းသည် စေ့စပ်ညှိနှိုင်းမှုများအတွက် ကြိုတင်သတ်မှတ်ချက်အသစ်များကို အဆက်မပြတ် အဆိုပြုခြင်း၊ အတားအဆီးများ ဖန်တီးခြင်းဖြင့် အဆင့်အလိုက် သဘောတူညီချက်များ မရရှိစေရန် လုပ်ဆောင်ခဲ့ကြောင်း ဝါရှင်တန်ဘက် သတင်းအချက်အလက်အရ သိရသည်။
မကြာသေးမီရက်တွင် ထရမ့်က နေတန်ယာဟု၏ “ဟားမက်စ်ကို မဖြစ်မနေ ချေမှုန်းပစ်မှ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်နိုင်မယ်” ဆိုသည့် ရပ်တည်ချက်ကို လူသိရှင်ကြား ထောက်ခံအားပေးခဲ့ရာ ဤထုတ်ဖော်ပြောဆိုမှုက အစ္စရေးအစိုးရအား စစ်ရေး ဆက်လက်လုပ်ဆောင်သွားရန် ပိုမိုခိုင်မာသော ယုံကြည်မှုပေးခဲ့သည်။ ဤအခြေအနေသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အလားအလာကို ပိုမိုမရေမရာဖြစ်စေရုံသာမက ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များအား အစိုးရ၏ မူဝါဒများအပေါ် တစ်နေ့တစ်ခြား မျှော်လင့်ချက်မဲ့လာစေသည်။ (Xinhua)
…………………………………
(Chinese Version)
全球瞭望|以媒:特朗普对内塔尼亚胡的支持正成为加沙停火协议的主要障碍
新华社耶路撒冷8月24日电(记者王卓伦 路一凡)以色列《国土报》近日发表社论说,巴勒斯坦伊斯兰抵抗运动(哈马斯)对最新停火与被扣押人员获释方案作出了积极回应,这本应成为推动谈判的重要契机,但真正的决定权却掌握在美国总统特朗普手中,他对以总理内塔尼亚胡的支持正成为加沙停火协议的主要障碍。文章摘要如下:
根据华盛顿方面的消息,特朗普并无意叫停以色列在加沙地带的军事行动,而是将是否接受协议的决定权完全交由内塔尼亚胡,这使得停火进程在很大程度上受制于内塔尼亚胡的政治考量。内塔尼亚胡始终通过延宕战事来维系其执政联盟的团结,并以此推迟大选。他不断提出新的谈判前提、制造障碍,避免达成阶段性协议。
特朗普近日公开支持内塔尼亚胡“必须先消灭哈马斯才能释放被扣押人员”的立场,这一表态令以色列政府更加坚定延续战事的底气。这一局面不仅让停火协议的前景更加渺茫,也使被扣押人员家属对政府的政策日益失望。(完)
图说:2025年4月7日,美国总统特朗普在华盛顿白宫迎接到访的以色列总理内塔尼亚胡。新华社记者 胡友松 摄