Connect with us

North America

ပိုလန်သို့ အမေရိကန်ဒေါ်လာ ၁.၈၅ ဘီလီယံတန်ကြေးရှိ F-35 ပံ့ပိုးမှုများကို အမေရိကန် အတည်ပြု

ပိုလန်နိုင်ငံ မြို့တော်ဝါစောတွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်၌ ပိုလန်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်း ပိုလန်လေတပ်လေ့ကျင့်ရေးလေယာဥ်များ၏ စုဝေးပျံသန်းမှုတစ်ခုအား တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဝါစော၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံခြားရေးဌာနက F-35 တိုက်လေယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းမှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ပံ့ပိုးမှုတို့ပါဝင်သော အစီအစဥ်တစ်ခုအား ပိုလန်သို့ ရောင်းချရန် အလားအလာရှိမှုကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပိုလန်သတင်းဌာနက သြဂုတ် ၂၆ ရက်၌ ဖော်ပြခဲ့သည်။
ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၈၅ ဘီလီယံခန့် တန်ကြေးရှိသော အဆိုပါအရောင်းအဝယ်သဘောတူစာချုပ် ချုပ်ဆိုရေးကို General Electric Aerospace မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ပင်တဂွန်၏ ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဌာန (DSCA) ကို ကိုးကား၍ အစီရင်ခံစာများက ဖော်ပြခဲ့သည်။
အဆိုပါရောင်းချမှုက “ဥရောပတွင် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုအတွက် အရေးပါသော အင်အားစုအဖြစ် ဆက်လက်ရှိနေသော နေတိုးမဟာမိတ်နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကို မြှင့်တင်ခြင်းဖြင့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေး ရည်မှန်းချက်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း” DSCA က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပိုလန်က ၂၀၂၀ ပြည့်နှစ်တွင် F-35 ဂျက်တိုက်လေယာဉ် ၃၂ စင်းကို မှာယူခဲ့သည်။ ပိုလန်လေတပ်ထံသို့ ပထမဆုံးပေးပို့မှုကို ယမန်နှစ်က ပြုလုပ်ခဲ့သည်။ F-16 နှင့်အတူ F-35 ဂျက်လေယာဉ်များကိုလည်း ပိုလန်လေတပ်၏ ကျောရိုးမဏ္ဍိုင်ဖြစ်ရန် စုဖွဲ့ရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
…………….
(English Version)
U.S. approves 1.85-bln-USD F-35 support package to Poland
WARSAW, Aug. 26 (Xinhua) — The U.S. State Department has approved a potential sale to Poland of a package covering maintenance, logistics, and support for F-35 fighter jets, the Polish Press Agency reported Tuesday.
Citing the Pentagon’s Defense Security Cooperation Agency (DSCA), reports said General Electric Aerospace will be responsible for the operation of the contract, which is estimated at 1.85 billion U.S. dollars.
The DSCA said the sale “will support the foreign policy and national security objectives of the United States by enhancing the security of a NATO ally that continues to be an important force for political and economic stability in Europe.”
Poland ordered 32 F-35 fighter jets in 2020. The first delivery to the Polish Air Force was made last year. The F-35 jets, alongside the F-16, are expected to form the backbone of the Polish Air Force. ■
English Caption
A formation of Polish Air Force trainer aircraft flies over during a military parade of Armed Forces Day in Warsaw, Poland, on Aug. 15, 2025. (Photo by Jaap Arriens/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.